ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်အတွင်း၌ (၁၄)ကြိမ်မြောက် လားဟူတိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်ကို တာလေမြို့၊ နားယောင်းကျေးရွာရှိ နားယောင်းကွင်းတွင် (၃)ရက်တိုင်တိုင် ကျင်းပနေလျှက်ရှိပြီး ပွဲတော်ဖွင့်ပွဲအဖြစ် ဇန်န၀ါရီလ(၂၇)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြသည်။
ဓာတ်ပုံ - ဇောင်းညီ
နားယောင်းကွင်း၌ ကျင်းပပြုလုပ်သည့် အဆိုပါ ပွဲတော်တွင် လားဟူတိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှုဓလေ့ဖြစ်သည့် ဂျင်ပေါက်ပြိုင်ပွဲကို ထည့်သွင်းကျင်းပပြုလုပ်ပြီး မြေဝိုင်းအကများ၊ အိုးစည် ဗုံမောင်းအကများဖြင့် ပျော်ရွှင်စွာ ဆင်နွှဲကြရာ ပွဲတော်သို့ ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်းရှိ ရပ်နီး၊ ရပေ်ဝးမှ လားဟူတိုင်းရင်းသားများ လာရောက် ဆင်နွှဲကြသည့်အပြင် အခြားတိုင်းရင်းသားများလည်း လာရောက်ကြောင်း သိရသည်။
ပွဲတော်ကာလအတွင်း ညပိုင်းများတွင် ပြည်တွင်းအဆိုတော်များနှင့် လားဟူတိုင်းရင်းသား တေးသံရှင်များဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ရိုးရာအဝတ်အထည်များနှင့် အသုံးအဆောင်များကိုလည်း ရောင်းချနေလျှက်ရှိသည်။
တာလမြေို့၊ နားယောင်းကျေးရွာရှိ နားယောင်းကွင်းတွင် (၁၄)ကြိမ်မြောက် လားဟူတိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီလ(၂၆)ရက်နေ့မှ ဇန်နဝါရီလ(၂၈)ရက်နေ့အထိ (၃)ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ - ဇောင်းညီ