က်ိဳင္းတံုတကၠသိုလ္မွ ေက်ာင္းသား ၇၀ ပါဝင္သည့္ လူငယ္မူဝါဒေဆြးေႏြးပြဲ က်င္းပ

က်ိဳင္းတံုတကၠသိုလ္မွ ေက်ာင္းသား ၇၀ ပါဝင္သည့္ လူငယ္မူဝါဒေဆြးေႏြးပြဲ က်င္းပ
ဇန်နဝါရီ 21, 2017
By Tachileik News Agency

လူငယ္မူ၀ါဒေရးဆြဲေရးလုပ္ငန္းေကာ္မတီႏွင့္ မူၾကမ္းေရးဆြဲေရးအဖြဲ႔တို ့မွ ရွမ္းျပည္နယ္(အေရွ႕ပို္င္း) လူငယ္ကို္ယ္စားလွယ္မ်ားသည္ ဇန္န၀ါရီလ(၂၁)ရက္ စေနေန ့ ေန႔လယ္(၁)နာရီက ရွမ္းျပည္နယ္(အေရွ ့ ပိုင္း) က်ိဳင္းတုံတကၠသိုလ္မွ ေက်ာင္းသား ၇၀ ပါဝင္ၿပီး လူငယ္ေရးရာမူဝါဒေဆြးေႏြးပြဲ က်င္းပေၾကာင္း သိရသည္။

"အဓိက ရည္ရြယ္ခ်က္ကေတာ့ ကိုယ္တို ့ျမန္မာတစ္ႏိုင္ငံလုံးမွာ လူငယ္မူ၀ါဒေတြက ေရးဆြဲေနတယ္။ ဒါေတြကို ဒီကလူငယ္ေတြ ပိုသိလာေစဖို ့အတြက္ပါ။ ဟိုတစ္ေခါက္ တာခ်ီလိတ္မွာ လုပ္ခဲ့တဲ့ လူငယ္ဖိုရမ္မွာတုန္းက က်ေတာ့ တကၠသိုလ္ေတြမွာက စာေမးပြဲေျဖေနတဲ့ အခ်ိန္ျဖစ္တဲ့အတြက္ လူငယ္ေတြ သိပ္မပါ၀င္ျဖစ္ လိုက္ၾကဘူး။ ဒါေၾကာင့္ ပြဲေလးတစ္ပြဲျပန္လုပ္ေပးတာပါ"ဟု ျမန္မာႏိုင္ငံ လူငယ္မူ၀ါဒေရးဆြဲေရး လုပ္ငန္းေကာ္မတီမွ ရွမ္း(အေရွ ့) လူငယ္ကိုယ္စားလွယ္ ကိုေအာင္ဘုိဘိုက ေျပာသည္။

က်ိဳင္းတုံၿမိဳ႕တြင္ က်န္ရိွေနေသးသည့္ တကၠသိုလ္ႏွစ္ခုျဖစ္သည့္ ကြန္ပ်ဴတာတကၠသိုလ္ႏွင့္ နည္းပညာတကၠသိုလ္မ်ားတြင္ ဆက္လက္က်င္းပႏိုင္ရန္အတြက္ သက္ဆိုင္ရာ ေက်ာင္းအုပ္ႀကီးမ်ားႏွင့္ ညွိႏိႈင္းကာ ေဖေဖာ္၀ါရီလအတြင္း က်င္းပႏိုင္ရန္ စီစဥ္သြားမည္ျဖစ္ေၾကာင္း ၎ကဆိုသည္။

"လူငယ္ေတြ တကယ္ကို တက္တက္ၾကြၾကြ ေဆြးေႏြးၾကတာေတြ ့ရလုိ ့ အားရပါတယ္။ ဒါေပမဲ့ တစ္ခုရိွတာက တခ်ိဳ႕လူငယ္ေတြကက်ေတာ့ လက္ရိွ သူတို ့ခံစားေနရတာေတြကို ပြင့္ပြင့္လင္းလင္း ေဆြးေႏြးသြားႏိုင္တယ္။ တခ်ိဳ႕က်ေတာ့ ဒီလို ပြဲေတြနဲ ့အရမ္းေ၀းကြာေနတဲ့အတြက္ ကိုယ္တို ့ဘက္က ေခါင္းစဥ္တစ္ခုကို ျပလိုက္ရင္လည္း သူတို႔ဘက္က လက္ေတြ ့ခံစားေနရတာမွန္ေပမဲ့ ထုတ္ၿပီး မေျပာျပတတ္ၾကဘူးေပါ့။ ဒီလို အခက္အခဲေလးေတြေတာ့ ေတြ ့ရတယ္"ဟု ၎က ဆက္ေျပာသည္။

ျမန္မာႏိုင္ငံလူငယ္မူ၀ါဒ ေရးဆြဲေရးအတြက္ တိုင္းႏွင့္ျပည္နယ္မ်ားမွ လူငယ္ကိုယ္စားလွယ္မ်ားနွင့္ လူမႈ၀န္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး၀န္ႀကီးဌာန၊ အားကစားႏွင့္ က်န္းမာေရး၀န္ႀကီးဌာနႏွင့္ ပညာေရး၀န္ႀကီးဌာနတို ့မွ ျပည္ေထာင္စု၀န္ႀကီးမ်ားႏွင့္ ေတြ႕ဆုံခဲ့စဥ္က ၿမိဳ႕နယ္မ်ားတြင္ လူငယ္မ်ားအား လူငယ္မူ၀ါဒကို ပိုမိုသိရိွေစရန္အတြက္ ေဆာင္ရြက္ေပးရန္ ေတာင္းဆိုခဲ့သည့္အတြက္ ၿမိဳ႕နယ္အလိုက္ ေဆြးေႏြးပြဲမ်ား လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္ (အေရွ ့ပိုင္း)ရိွ ၿမိဳ႕နယ္ (၅)ၿမိဳ႕နယ္တြင္ အလားတူ ေဆြးေႏြးပြဲမ်ားကို ၿပီးခဲ့သည့္ႏွစ္ ဒီဇင္ဘာလက က်င္းပခဲ့ျခင္းျဖစ္ၿပီး ေဆြးေႏြးပြဲမ်ားအတြင္း လူငယ္ႏွင့္သဘာ၀ပတ္၀န္းက်င္၊ လူငယ္ႏွင့္ ၿငိမ္းခ်မ္းေရး၊ လူငယ္ႏွင့္ လူ ့အခြင့္အေရးဒီမိုကေရစီ၊ လူငယ္ႏွင့္ မူးယစ္ေဆး၀ါး၊ လူငယ္ႏွင့္ ပညာေရး၊ က်န္းမာေရး စသည့္အေၾကာင္းအရာမ်ား ပါ၀င္ေၾကာင္း သိရသည္။

"လူငယ္မူ၀ါဒဆိုတာကေတာ့ လူငယ္တိုင္းအတြက္ ရိွကိုရွိသင့္ပါတယ္။ တခ်ိဳ႕ လူငယ္ေတြမွာက ဖြင့္ေျပာလို႔ မရႏို္င္တဲ့ အရာေတြရိွတယ္ေလ။ ဒါေတြကို ဒီလိုမ်ိဳးပြဲေတြမွာက သူတို ့ေျပာေနတာေတြကိုပဲ နားေထာင္ေနတာ မဟုတ္ဘဲနဲ ့ တစ္ေယာက္နဲ ့တစ္ေယာက္အျမင္မတူတာေတြကိုစုၿပီးေတာ့ အခုလို ေဆြးေႏြးလိုက္ေတာ့ ဗဟုသုတေတြ ပိုရသြားတာေပါ့"ဟု ဓာတုေဗဒ မဟာတန္း ဒုတိယႏွစ္မွ ကိုေအာင္ေက်ာ္ဟိန္းကေျပာသည္။

က်ိဳင္းတုံတကၠသိုလ္တြင္ လူငယ္မူ၀ါဒဆိုင္ရာ ေဆြးေႏြးပြဲကို တက္ေရာက္ႏိုင္ရန္အတြက္ ေက်ာင္းသားမ်ားအား ႀကိဳတင္စာရင္းေကာက္ခံခဲ့ရာတြင္ (၁၂၀)ဦး လာေရာက္ စာရင္း ေပးသြင္းခဲ့ေသာ္လည္း (၇၀)ခန္ ့သာ လာေရာက္ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

 အဆိုပါ ေဆြးေႏြးပြဲတြင္ လူငယ္မူ၀ါဒေရးဆြဲေရး လုပ္ငန္းေကာ္မတီမွ ကိုေအာင္ဘိုဘို၊ လူငယ္မူ၀ါဒ ေရးဆြဲေရးမူၾကမ္းေကာ္မတီမွ မရိုစီေထြးႏွင့္ တာခ်ီလိတ္လူငယ္ကြန္ရက္ႏွင့္ က်ိဳင္းတုံလူငယ္ကြန္ရက္တို ့မွ လူငယ္မ်ားက ဦးေဆာင္၍ ေဆြးေႏြးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ဇြဲျမတ္

~~~~~~~~⊰❂ unicode ~~~~~~~~
လူငယ်မူဝါဒရေးဆွဲရေးလုပ်ငန်းကော်မတီနှင့် မူကြမ်းရေးဆွဲရေးအဖွဲ့တို့မှ ရှမ်းပြည်နယ်(အရှေ့ပို်င်း) လူငယ်ကို်ယ်စားလှယ်များသည် ဇန်နဝါရီလ(၂၁)ရက် စနေနေ့ နေ့လယ်(၁)နာရီက ရှမ်းပြည်နယ်(အရှေ့ ပိုင်း) ကျိုင်းတုံတက္ကသိုလ်မှ ကျောင်းသား ၇၀ ပါဝင်ပြီး လူငယ်ရေးရာမူဝါဒဆွေးနွေးပွဲ ကျင်းပကြောင်း သိရသည်။

"အဓိက ရည်ရွယ်ချက်ကတော့ ကိုယ်တို့မြန်မာတစ်နိုင်ငံလုံးမှာ လူငယ်မူဝါဒတွေက ရေးဆွဲနေတယ်။ ဒါတွေကို ဒီကလူငယ်တွေ ပိုသိလာစေဖို့အတွက်ပါ။ ဟိုတစ်ခေါက် တာချီလိတ်မှာ လုပ်ခဲ့တဲ့ လူငယ်ဖိုရမ်မှာတုန်းက ကျတော့ တက္ကသိုလ်တွေမှာက စာမေးပွဲဖြေနေတဲ့ အချိန်ဖြစ်တဲ့အတွက် လူငယ်တွေ သိပ်မပါဝင်ဖြစ် လိုက်ကြဘူး။ ဒါကြောင့် ပွဲလေးတစ်ပွဲပြန်လုပ်ပေးတာပါ"ဟု မြန်မာနိုင်ငံ လူငယ်မူဝါဒရေးဆွဲရေး လုပ်ငန်းကော်မတီမှ ရှမ်း(အရှေ့) လူငယ်ကိုယ်စားလှယ် ကိုအောင်ဘိုဘိုက ပြောသည်။

ကျိုင်းတုံမြို့တွင် ကျန်ရှိနေသေးသည့် တက္ကသိုလ်နှစ်ခုဖြစ်သည့် ကွန်ပျူတာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်များတွင် ဆက်လက်ကျင်းပနိုင်ရန်အတွက် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများနှင့် ညှိနှိုင်းကာ ဖေဖော်ဝါရီလအတွင်း ကျင်းပနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း၎င်းကဆိုသည်။

"လူငယ်တွေ တကယ်ကို တက်တက်ကြွကြွ ဆွေးနွေးကြတာတွေ့ရလို့ အားရပါတယ်။ ဒါပေမဲ့ တစ်ခုရှိတာက တချို့လူငယ်တွေကကျတော့ လက်ရှိ သူတို့ခံစားနေရတာတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးသွားနိုင်တယ်။ တချို့ကျတော့ ဒီလို ပွဲတွေနဲ့အရမ်းေဝးကွာနေတဲ့အတွက် ကိုယ်တို့ဘက်က ခေါင်းစဉ်တစ်ခုကို ပြလိုက်ရင်လည်း သူတို့ဘက်က လက်တွေ့ခံစားနေရတာမှန်ပေမဲ့ ထုတ်ပြီး မပြောပြတတ်ကြဘူးပေါ့။ ဒီလို အခက်အခဲလေးတွေတော့ တွေ့ရတယ်"ဟု၎င်းက ဆက်ပြောသည်။

မြန်မာနိုင်ငံလူငယ်မူဝါဒ ရေးဆွဲရေးအတွက် တိုင်းနှင့်ပြည်နယ်များမှ လူငယ်ကိုယ်စားလှယ်များနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများနှင့် တွေ့ဆုံခဲ့စဉ်က မြို့နယ်များတွင် လူငယ်များအား လူငယ်မူဝါဒကို ပိုမိုသိရှိစေရန်အတွက် ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သည့်အတွက် မြို့နယ်အလိုက် ဆွေးနွေးပွဲများ လုပ်ဆောင်နခြေင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း)ရှိ မြို့နယ် (၅)မြို့နယ်တွင် အလားတူ ဆွေးနွေးပွဲများကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ကျင်းပခဲ့ခြင်းဖြစ်ပြီး ဆွေးနွေးပွဲများအတွင်း လူငယ်နှင့်သဘာဝပတ်ဝန်းကျင်၊ လူငယ်နှင့် ငြိမ်းချမ်းရေး၊ လူငယ်နှင့် လူ့အခွင့်အရေးဒီမိုကရေစီ၊ လူငယ်နှင့် မူးယစ်ဆေးဝါး၊ လူငယ်နှင့် ပညာရေး၊ ကျန်းမာရေး စသည့်အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။

"လူငယ်မူဝါဒဆိုတာကတော့ လူငယ်တိုင်းအတွက် ရှိကိုရှိသင့်ပါတယ်။ တချို့ လူငယ်တွေမှာက ဖွင့်ပြောလို့ မရနို်င်တဲ့ အရာတွေရှိတယ်လေ။ ဒါတွေကို ဒီလိုမျိုးပွဲတွေမှာက သူတို့ပြောနေတာတွေကိုပဲ နားထောင်နေတာ မဟုတ်ဘဲနဲ့ တစ်ယောက်နဲ့တစ်ယောက်အမြင်မတူတာတွေကိုစုပြီးတော့ အခုလို ဆွေးနွေးလိုက်တော့ ဗဟုသုတတွေ ပိုရသွားတာပေါ့"ဟု ဓာတုဗေဒ မဟာတန်း ဒုတိယနှစ်မှ ကိုအောင်ကျော်ဟိန်းကပြောသည်။

ကျိုင်းတုံတက္ကသိုလ်တွင် လူငယ်မူဝါဒဆိုင်ရာ ဆွေးနွေးပွဲကို တက်ရောက်နိုင်ရန်အတွက် ကျောင်းသားများအား ကြိုတင်စာရင်းကောက်ခံခဲ့ရာတွင် (၁၂၀)ဦး လာရောက် စာရင်း ပေးသွင်းခဲ့သော်လည်း (၇၀)ခန့်သာ လာရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

 အဆိုပါ ဆွေးနွေးပွဲတွင် လူငယ်မူဝါဒရေးဆွဲရေး လုပ်ငန်းကော်မတီမှ ကိုအောင်ဘိုဘို၊ လူငယ်မူဝါဒ ရေးဆွဲရေးမူကြမ်းကော်မတီမှ မရိုစီထွေးနှင့် တာချီလိတ်လူငယ်ကွန်ရက်နှင့် ကျိုင်းတုံလူငယ်ကွန်ရက်တို့မှ လူငယ်များက ဦးဆောင်၍ ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~