ရွမ္းျပည္နယ္အေရွ ့ပိုင္း က်ိဳင္းတုံၿမိဳ႕တြင္ (၃)ႏွစ္ေက်ာ္အၾကာ က်င္းပျပဳလုပ္ႏိုင္ခဲ့ျခင္း မရွိသည့္ စာေပေဟာေျပာပြဲ တစ္ခုကို အရပ္ဘက္ အဖြဲ ့အစည္းမ်ား၏ အဓိကကူညီ ပံ့ပိုးမႈျဖင့္ ၿမိဳ ့နယ္ စာေရးဆရာအသင္းႏွင့္ ၿမိဳ႕နယ္သတင္းစာ ဆရာအသင္းတို ့ ပူးေပါင္းကာ ေဖေဖၚဝါရီလ (၁)ရက္တြင္ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။
"က်ဳိင္းတုံမွာက စာေပေဟာေျပာပြဲေတြ မလုပ္တာ ေတာ္ေတာ္ၾကာေနၿပီဆိုေတာ့ ဒီပြဲျဖစ္ဖို႔အတြက္ ကၽြန္ေတာ္ လိုက္စည္းရုံးေနတာၾကာၿပီ။ တာခ်ီလိတ္မွာ ေဟာေျပာပြဲလုပ္ရင္ေတာင္ ကၽြန္ေတာ္တို႔ဘက္က ေငြေရးေၾကးေရး အခက္အခဲေၾကာင့္ မေခၚႏိုင္ဘူး။ ဒီတစ္ႀကိမ္မွာေတာ့ အရပ္ဘက္လူမႈအဖြဲ ့အစည္းက အဓိက ကူညီပံ့ပိုးေပးလို ့ လုပ္ျဖစ္သြားတာပါ"ဟု က်ိဳင္းတုံခရိုင္ျပန္ၾကားေရးႏွင့္ ျပည္သူ ့ဆက္ဆံေရး ဦးစီးဌာနမွ ခရိုင္ဦးစီးမွဴး ဦးအားေဗ် ့က ေျပာသည္။
အဆိုပါ စာေပေဟာေျပာပြဲအား ေဖေဖာ္၀ါရီလ(၁)ရက္ေန႔ ညေန(၆)နာရီတြင္ က်င္းပမည္ျဖစ္ၿပီး စာေရးဆရာမ်ားျဖစ္ၾကသည့္ ခ်စ္ႏိုင္(စိတ္ပညာ)၊ ျမင္းမူေမာင္ႏိုင္မိုး၊ ႏြမ္ဂ်ာသိုင္းတို႔ ပါဝင္ ေဟာေျပာမည္ျဖစ္ေၾကာင္း သိရသည္။
"ကၽြန္ေတာ္တို႔ေဒသကလည္း စာတတ္သမားဦးေရ တကယ္နည္းတယ္ဗ်။ နည္းတဲ့အျပင္ စီးပြားေရးကိုပဲ အဓိက လုပ္ၾကေတာ့ စာဖတ္တဲ့သူလည္း နည္းတယ္။ ဒါေၾကာင့္ ဒီလိုပြဲေလး က်င္းပျခင္းအားျဖင့္ ေဒသခံေတြက စာေပဗဟုသုတေတြ တိုးပြားလာမယ္။ ဒီကေနၿပီးေတာ့ စိတ္၀င္စားမႈေတြ ပိုရိွလာရင္ စာအုပ္ေလးေတြဖတ္မယ္။ ဒါ့အျပင္ စာေပေဟာေျပာပြဲေလးၿပီးတာနဲ ့ သူတို ့အတြက္ အနည္းဆုံး မွတ္သားစရာတစ္ခုခုေတာ့ က်န္မွာပါ"ဟု က်ိဳင္းတုံၿမိဳ႕နယ္ စာေရးဆရာအသင္း ဥကၠဌဦးသန္း၀င္းက ေျပာသည္။
ယခင္စာေပေဟာေျပာပြဲမ်ားမွာ ၿမိဳ႕နယ္စာေရးဆရာအသင္းမွ ေစ်းအတြင္း အလွဴခံ၍ စာေရးဆရာမ်ား ဖိတ္ကာ က်င္းပခဲ့ျခင္းျဖစ္ၿပီး ယခုစာေပေဟာေျပာပြဲမွာ ေထာက္ပံ့သူရိွလာသျဖင့္ ျပန္လည္ က်င္းပျခင္းျဖစ္ေၾကာင္း သိရသည္။
"ကၽြန္ေတာ္ကေတာ့ စာသိပ္ မဖတ္ျဖစ္ဘူးဗ်။ ဒါေပမဲ့ စာေပေဟာေျပာပြဲေတြကိုေတာ့ ႀကိဳက္တယ္။ မ်က္စိနဲ ့စာဖတ္ရ တာထက္ နားနဲ႔စာဖတ္ရတာက ပိုၿပီးေတာ့ သေဘာက်တယ္။ ဒါေၾကာင့္ အခုလို ပြဲစီစဥ္ေပးတဲ့ အတြက္ ၀မ္းသာပါတယ္။ ဒီလိုပြဲေတြ မရိွတာလည္းၾကာၿပီဆိုေတာ့ ဒီတစ္ႀကိမ္မွာေတာ့ သြားျဖစ္ေအာင္သြားမွာပါ"ဟု ကိုေကာင္းျမတ္က ေျပာသည္။
ျမန္မာႏိုင္ငံ စာေရးဆရာမ်ားအသင္းအဖြဲ႕ကို စာေပလုပ္သား၊ စာေပႏွင့္စာနယ္ဇင္းအဖြဲ႕ႏွင့္ စာေရးဆရာအသင္းဟူ၍ ေျပာင္းလဲဖြဲ႕စည္းလာရာ က်ိဳင္းတုံၿမိဳ႕တြင္ စာေပေဟာေျပာပြဲမ်ားကို စာေပလုပ္သားအဖြဲ ့လက္ထက္တြင္ စည္ပင္ခန္းမ၌ (၂)ႀကိမ္၊ ေခမရဋ္ရုပ္ရွင္ရုံတြင္ (၁) ႀကိမ္၊ စာေပႏွင့္စာနယ္ဇင္းအဖြဲ ့လက္ထက္တြင္ ၿမိဳ႕ေတာ္ခန္းမတြင္ (၂)ႀကိမ္ႏွင့္ စာေရးဆရာအသင္း လက္ထက္တြင္ ယခုတစ္ႀကိမ္သည္ ပထမဆုံးျဖစ္ေၾကာင္း သိရသည္။
က်ဳိင္းတံုၿမိဳ႕တြင္ ေနာက္ဆံုး အႀကိမ္အျဖစ္ ၂၀၁၃ခုႏွစ္ ဧၿပီလ(၂၁)ရက္ေန႔က "ႏွလံုးလွပိုင္ရွင္မ်ား" (အခမဲ့)လူမ်ဳိးမေရြးဘာသာမေရြး လူမွဳကူညီေရးအသင္း႐ံုးဖြင့္ပြဲ အျဖစ္က်င္းပျပဳလုပ္သည့္ စာေပေဟာေျပာတြင္ နာေရးကူညီမွဳအသင္း(ရန္ကုန္)၏ ဥကၠဌ ဦးေက်ာ္သူ ႏွင့္ စာေရးဆရာ အလင္းဆက္(IR)တို႔မွာ လာေရာက္ ေဟာေျပာခဲ့ေၾကာင္း သိရွိရသည္။
သတင္း - ဇြဲျမတ္
"ကျိုင်းတုံမှာက စာပေဟောပြောပွဲတွေ မလုပ်တာ တော်တော်ကြာနပြေီဆိုတော့ ဒီပွဲဖြစ်ဖို့အတွက် ကျွန်တော် လိုက်စည်းရုံးနေတာကြာပြီ။ တာချီလိတ်မှာ ဟောပြောပွဲလုပ်ရင်တောင် ကျွန်တော်တို့ဘက်က ငွေရေးကြေးရေး အခက်အခဲကြောင့် မခေါ်နိုင်ဘူး။ ဒီတစ်ကြိမ်မှာတော့ အရပ်ဘက်လူမှုအဖွဲ့အစည်းက အဓိက ကူညီပံ့ပိုးပေးလို့ လုပ်ဖြစ်သွားတာပါ"ဟု ကျိုင်းတုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအားဗျေ့က ပြောသည်။
အဆိုပါ စာပေဟောပြောပွဲအား ဖေဖော်ဝါရီလ(၁)ရက်နေ့ ညနေ(၆)နာရီတွင် ကျင်းပမည်ဖြစ်ပြီး စာရေးဆရာများဖြစ်ကြသည့် ချစ်နိုင်(စိတ်ပညာ)၊ မြင်းမူမောင်နိုင်မိုး၊ နွမ်ဂျာသိုင်းတို့ ပါဝင် ဟောပြောမည်ဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ဒေသကလည်း စာတတ်သမားဦးရေ တကယ်နည်းတယ်ဗျ။ နည်းတဲ့အပြင် စီးပွားရေးကိုပဲ အဓိက လုပ်ကြတော့ စာဖတ်တဲ့သူလည်း နည်းတယ်။ ဒါကြောင့် ဒီလိုပွဲလေး ကျင်းပခြင်းအားဖြင့် ဒေသခံတွေက စာပေဗဟုသုတတွေ တိုးပွားလာမယ်။ ဒီကနပြေီးတော့ စိတ်ဝင်စားမှုတွေ ပိုရှိလာရင် စာအုပ်လေးတွေဖတ်မယ်။ ဒါ့အပြင် စာပေဟောပြောပွဲလေးပြီးတာနဲ့ သူတို့အတွက် အနည်းဆုံး မှတ်သားစရာတစ်ခုခုတော့ ကျန်မှာပါ"ဟု ကျိုင်းတုံမြို့နယ် စာရေးဆရာအသင်း ဥက္ကဌဦးသန်းဝင်းက ပြောသည်။
ယခင်စာပေဟောပြောပွဲများမှာ မြို့နယ်စာရေးဆရာအသင်းမှ ဈေးအတွင်း အလှူခံ၍ စာရေးဆရာများ ဖိတ်ကာ ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုစာပေဟောပြောပွဲမှာ ထောက်ပံ့သူရှိလာသဖြင့် ပြန်လည် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
"ကျွန်တော်ကတော့ စာသိပ် မဖတ်ဖြစ်ဘူးဗျ။ ဒါပေမဲ့ စာပေဟောပြောပွဲတွေကိုတော့ ကြိုက်တယ်။ မျက်စိနဲ့စာဖတ်ရ တာထက် နားနဲ့စာဖတ်ရတာက ပိုပြီးတော့ သဘောကျတယ်။ ဒါကြောင့် အခုလို ပွဲစီစဉ်ပေးတဲ့ အတွက် ဝမ်းသာပါတယ်။ ဒီလိုပွဲတွေ မရှိတာလည်းကြာပြီဆိုတော့ ဒီတစ်ကြိမ်မှာတော့ သွားဖြစ်အောင်သွားမှာပါ"ဟု ကိုကောင်းမြတ်က ပြောသည်။
မြန်မာနိုင်ငံ စာရေးဆရာများအသင်းအဖွဲ့ကို စာပေလုပ်သား၊ စာပေနှင့်စာနယ်ဇင်းအဖွဲ့နှင့် စာရေးဆရာအသင်းဟူ၍ ပြောင်းလဲဖွဲ့စည်းလာရာ ကျိုင်းတုံမြို့တွင် စာပေဟောပြောပွဲများကို စာပေလုပ်သားအဖွဲ့လက်ထက်တွင် စည်ပင်ခန်းမ၌ (၂)ကြိမ်၊ ခေမရဋ်ရုပ်ရှင်ရုံတွင် (၁) ကြိမ်၊ စာပေနှင့်စာနယ်ဇင်းအဖွဲ့လက်ထက်တွင် မြို့တော်ခန်းမတွင် (၂)ကြိမ်နှင့် စာရေးဆရာအသင်း လက်ထက်တွင် ယခုတစ်ကြိမ်သည် ပထမဆုံးဖြစ်ကြောင်း သိရသည်။
ကျိုင်းတုံမြို့တွင် နောက်ဆုံး အကြိမ်အဖြစ် ၂၀၁၃ခုနှစ် ဧပြီလ(၂၁)ရက်နေ့က "နှလုံးလှပိုင်ရှင်များ" (အခမဲ့)လူမျိုးမရွေးဘာသာမရွေး လူမှုကူညီရေးအသင်းရုံးဖွင့်ပွဲ အဖြစ်ကျင်းပပြုလုပ်သည့် စာပေဟောပြောတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူ နှင့် စာရေးဆရာ အလင်းဆင်္က်(ဿီ)တို့မှာ လာရောက် ဟောပြောခဲ့ကြောင်း သိရှိရသည်။
သတင်း - ဇွဲမြတ်