ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ကျင်းပသည့် ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး(ဖလား) မြို့နယ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ၏ နောက်ဆုံး ဗိုလ်လုပွဲတွင် ကျိုင်းတုံမြို့နယ် အသင်းက တာချီလိတ်မြို့နယ် အသင်းအား တစ်ဂိုးအသာဖြင့် အနိုင်ရသွားကြောင်း သိရသည်။
ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး(ဖလား) မြို့နယ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် တတိယဆုကို ပူးတွဲရရှိသည့် မိုင်းဖြတ်မြို့နယ်အသင်းနှင့် မိုင်းတုံမြို့နယ်အသင်းတို့က ဆုငွေကျပ်(၁)သိန်း၊ ဒုတိယဆုရရှိသည့် တာချီလိတ်မြို့နယ်အသင်းကို ဆုတံဆိပ်များနှင့် ဆုငွေကျပ်(၃)သိန်း၊ ပထမဆုရရှိသော ကျိုင်းတုံမြို့နယ် အသင်းကို ဆုဖလား၊ ဆုတံဆိပ်နှင့် ဆုငွေကျပ်(၅)သိန်းနှင့် ပြည်နယ်ဒုတိယ အုပ်ချုပ်ရေးမှူး(ဖလား) မြို့နယ်ပေါင်းစုံ အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်အများဆုံးရရှိခဲ့သော တာချီလိတ်မြို့နယ် အသင်းတို့အား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် ရှမ်းပြည်နယ် အရှေ့ ပိုင်းရှိ ကျိုင်းတုံခရိုင်၊ တာချီလိတ်ခရိုင်နှင့် မိုင်းဆတ်ခရိုင်တို့ရှိ မြို့နယ်(၉)မြို့နယ်မှ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်ရိုက်၊ ပြေးခုန်ပစ်နှင့် မီနီမာရသွန် စသည့် အားကစားနည်း (၅)မျိုးကို ဇန်န၀ါရီလ (၁၉)ရက်နေ့ မှ (၂၉)ရက်နေ့ အထိ ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။
သတင်း/ဓာတ်ပုံ - ဇွဲမြတ်
မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အရ ကျင်းပနေသည့် အဆိုပါ ဘောလုံးပြိုင်ပွဲ၏ နောက်ဆုံးပွဲစဉ်ကို ဇန်နဝါရီလ (၂၉)ရက် နေ့လယ်နှစ်နာရီက ပြည်နယ်အားကစားကွင်းတွင် ယှဉ်ပြိုင်ရာ ကျိုင်းတုံမြို့နယ်အသင်းမှ (၂)ဂိုး၊ (၁)ဂိုးဖြင့် အနိုင်ရသွားခြင်းဖြစ်သည်။
ပွဲစဉ်အတွင်း နှစ်သင်းလုံးမှ အပြန်အလှန် တိုက်စစ်ဆင် ကစားခဲ့ကြပြီး ကျိုင်းတုံမြို့နယ် အသင်းရရှိခဲ့သော ဂိုးနှစ်ဂိုးလုံးကို ပထမပိုင်း (၄၅)မိနစ်အတွင်း ပြစ်ဒဏ်ဘောမှတစ်ဆင့် တိုက်ရိုက်ကန်သွင်းယူကာ ရရှိခဲ့ခြင်းဖြစ်သည်။
ဒုတိယပိုင်း (၄၅)မိနစ်တွင် တာချီလိတ်မြို့နယ်အသင်းက ချေပဂိုးပြန်လည်ရရှိရန် ပိုမိုတိုက်စစ်ဖွင့် ကစားခဲ့ရာမှ (၇၅)မိနစ်ခန့်အရောက်တွင် တာချီလိတ်မြို့နယ်အသင်းမှ ရရှိလာသော ပြစ်ဒဏ်ဘောမှ တစ်ဆင့် တိုက်ရိုက်သွင်းယူကာ ချေပဂိုး(၁)ဂိုး ပြန်လည်ရရှိခဲ့ခြင်းဖြစ်သည်။
ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး(ဖလား) မြို့နယ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် တတိယဆုကို ပူးတွဲရရှိသည့် မိုင်းဖြတ်မြို့နယ်အသင်းနှင့် မိုင်းတုံမြို့နယ်အသင်းတို့က ဆုငွေကျပ်(၁)သိန်း၊ ဒုတိယဆုရရှိသည့် တာချိီလိတ်မြို့နယ်အသင်းကို ဆုတံဆိပ်များနှင့် ဆုငွေကျပ်(၃)သိန်း၊ ပထမဆုရရှိသော ကျိုင်းတုံမြို့နယ် အသင်းကို ဆုဖလား၊ ဆုတံဆိပ်နှင့် ဆုငွေကျပ်(၅)သိန်းနှင့် ပြည်နယ်ဒုတိယ အုပ်ချုပ်ရေးမှူး(ဖလား) မြို့နယ်ပေါင်းစုံ အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်အများဆုံးရရှိခဲ့သော တာချီလိတ်မြို့နယ် အသင်းတို့အား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် ရှမ်းပြည်နယ် အရှေ့ပို်င်းရှိ ကျိုင်းတုံခရိုင်၊ တာချီလိတ်ခရိုင်နှင့် မိုင်းဆတ်ခရိုင်တို့ရှိ မြို့နယ်(၉)မြို့နယ်မှ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်ရိုက်၊ ပြေးခုန်ပစ်နှင့် မီနီမာရသွန် စသည့် အားကစားနည်း (၅)မျိုးကို ဇန်နဝါရီလ (၁၉)ရက်နေ့မှ (၂၉)ရက်နေ့အထိ ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။
သတင်း/ဓာတ်ပုံ - ဇွဲမြတ်