ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတုံၿမိဳ႕နယ္ ပန္ေလာ့အထက္ရြာအနီး က်ိဳင္းတုံ - တာခ်ီလိတ္လမ္း တြင္ ဇန္န၀ါရီလ (၃၀)ရက္ ညေန (၄)နာရီ(၂၀)မိနစ္ခန္ ့တြင္ သုံးဘီးဆိုင္ကယ္က တဖက္ယာဥ္ေၾကာတြင္ ရပ္ထားေသာ RTC ေမာ္ေတာ္ယာဥ္အား ၀င္တိုက္သျဖင့္ ယာဥ္္ေမာင္းသူ ေသဆုံးသြားေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ တာခ်ီလိတ္မွ က်ိဳင္းတုံဘက္သို ့ ယာဥ္ေမာင္း ဦးစိုင္းဆန္ က်ိဳင္းတုံၿမိဳ႕တြင္ ေနထိုင္သူ ေမာင္းႏွင္ျပီး ယာဥ္ေပၚတြင္ ၎၏ ဇနီးျဖစ္သူ ေဒၚနန္းအီႏွင့္ မိုင္းျဖတ္ၿမိဳ႕တြင္ ေနထိုင္သည့္ ဦးေက်ာ္သူရ တို႔ လိုက္လာလ်က္ ေမာင္းႏွင္လာရာ က်ဳိင္းတုံၿမိဳ႕နယ္ ပန္ေလာ့အထက္ရြာအနီး က်ိဳင္းတုံ - တာခ်ီလိတ္လမ္း မိုင္တိုင္ အမွတ္(၆၅၇)ႏွင့္ (၆၅၈)အၾကားတြင္ အရိွန္ မထိန္းႏိုင္ဘဲ တဖက္ယာဥ္ေၾကာ အတြင္းသို ့ ေရာက္ရိွသြားၿပီး လမ္းေဘးတြင္ ရပ္ထားေသာ ေဒါင္ဖန္းထရပ္ အမ်ိဳးအစား RTC ေမာ္ေတာ္ယာဥ္အား မ်က္ႏွာခ်င္းဆိုင္ ၀င္ေရာက္တိုက္မိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ျဖစ္စဥ္ေၾကာင့္ သုံးဘီးယာဥ္ေမာင္း ဦးစိုင္းဆန္တြင္ ဦးေခါင္းေပါက္ၿပဲဒဏ္ရာ၊ ဦးေခါင္းေနာက္ေစ့ ေပါက္ျပဲဒဏ္ရာတို ့ျဖင့္ ေသဆုံးခဲ့ၿပီး သုံးဘီးယာဥ္ေပၚတြင္ပါသည့္ ေဒၚနန္းအီတြင္ ၀ဲပခုံးနာက်င္၊ ၀မ္းဗိုက္ ၀ဲဘက္နာက်င္ ဒဏ္ရာႏွင့္ ဦးေက်ာ္သူရတြင္ ၀ဲပါးပြန္း၊ ၀ဲေမးရိုးနာက်င္၊ ၀ဲတံေတာင္ပြန္း၊ ၀ဲဒူးပြန္း ဒဏ္ရာမ်ားျဖင့္ က်ိဳင္းတုံျပည္သူ ့ေဆးရုံႀကီးတြင္ အတြင္းလူနာအျဖစ္ တက္ေရာက္ ေဆးကုသမႈ ခံယူလွ်က္ရိွေၾကာင္း သိရသည္။
အဆိုပါ ယာဥ္တုိက္မႈမွ သုံးဘီးယာဥ္ေမာင္း ဦးစိုင္းဆန္အား ဥပေဒအရ အေရးယူႏိုင္ရန္ အမွတ္(၁၁၆) ယာဥ္ထိန္းရဲတပ္ဖြဲ ့စု(က်ိဳင္းတုံ)မွ ေဆာင္ရြက္လွ်က္ရိွေၾကာင္း သိရသည္။
သတင္း - ဇြဲျမတ္
ဓာတ္ပံု - ဖုန္းငယ္
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
ဖြစ်စဉ်မှာ တာချီလိတ်မှ ကျိုင်းတုံဘက်သို့ ယာဉ်မောင်း ဦးစိုင်းဆန် ကျိုင်းတုံမြို့တွင် နေထိုင်သူ မောင်းနှင်ပြီး ယာဉ်ပေါ်တွင်၎င်း၏ ဇနီးဖြစ်သူ ဒေါ်နန်းအီနှင့် မိုင်းဖြတ်မြို့တွင် နေထိုင်သည့် ဦးကျော်သူရ တို့ လိုက်လာလျက် မောင်းနှင်လာရာ ကျိုင်းတုံမြို့နယ် ပန်လော့အထက်ရွာအနီး ကျိုင်းတုံ - တာချီလိတ်လမ်း မိုင်တိုင် အမှတ်(၆၅၇)နှင့် (၆၅၈)အကြားတွင် အရှိန် မထိန်းနိုင်ဘဲ တဖက်ယာဉ်ကြော အတွင်းသို့ ရောက်ရှိသွားပြီး လမ်းဘေးတွင် ရပ်ထားသော ဒေါင်ဖန်းထရပ် အမျိုးအစား RTC မော်တော်ယာဉ်အား မျက်နှာချင်းဆိုင် ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် သုံးဘီးယာဉ်မောင်း ဦးစိုင်းဆန်တွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊ ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာတို့ဖြင့် သေဆုံးခဲ့ပြီး သုံးဘီးယာဉ်ပေါ်တွင်ပါသည့် ဒေါ်နန်းအီတွင် ဝဲပခုံးနာကျင်၊ ဝမ်းဗိုက် ဝဲဘက်နာကျင် ဒဏ်ရာနှင့် ဦးကျော်သူရတွင် ဝဲပါးပွန်း၊ ဝဲမေးရိုးနာကျင်၊ ဝဲတံတောင်ပွန်း၊ ဝဲဒူးပွန်း ဒဏ်ရာများဖြင့် ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တက်ရောက် ဆေးကုသမှု ခံယူလျှက်ရှိကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုမှ သုံးဘီးယာဉ်မောင်း ဦးစိုင်းဆန်အား ဥပဒေအရ အရေးယူနိုင်ရန် အမှတ်(၁၁၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကျိုင်းတုံ)မှ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
သတင်း - ဇွဲမြတ်
ဓာတ်ပုံ - ဖုန်းငယ်