စာေပတြင္ ေမြ႕ေလ်ာ္သည့္ ကေလးမ်ား ျဖစ္လာေစေရးအတြက္ အဖြဲ႕အစည္းအသီးသီးမွ ပူးေပါင္းပါဝင္ လုပ္ေဆာင္ၾကရန္ ဇန္နဝါရီလ ၂၇ ရက္က မႏၱေလးသို႔ ေရာက္ရိွေနသည့္ ႏုိင္ငံေတာ္သမၼတ ဦးထင္ေက်ာ္က တိုက္တြန္းလုိက္သည္။
ျပန္ၾကားေရး ဝန္ႀကီးဌာနႏွင့္ မႏၲေလးတိုင္းေဒသႀကီး အစိုးရအဖြဲ႕တို႔ ပူးေပါင္းက်င္းပသည့္ ကေလးစာေပပြဲေတာ္တြင္ သမၼတက ယင္းကဲ့သို႔ တုိက္တြန္းလိုက္ျခင္းျဖစ္သည္။
"ကေလးမ်ား စာေပဖတ္ခ်င္လာေအာင္ စာၾကည့္တိုက္ေတြမွာ ေပ်ာ္ေမြ႕လာေအာင္ လုပ္ေဆာင္ရတာဟာ လြယ္ကူမွာေတာ့ မဟုတ္ပါဘူး။ ကေလးမ်ားဖြံ႔ၿဖိဳးတိုးတက္ေရး၊ ကေလးစာေပနဲ႔ စာၾကည့္တိုက္မ်ား ဖြံ႔ၿဖိဳး တိုးတက္ေရးဟာ ႏိုင္ငံေတာ္ရဲ႕ အနာဂတ္အေပၚ သက္ေရာက္မႈမ်ားစြာ ရွိလာႏိုင္တဲ့အတြက္ အားလံုး ၀ိုင္း၀န္း လုပ္ေဆာင္ေပးဖို႔ လိုအပ္ပါတယ္"ဟု ႏိုင္ငံေတာ္သမၼတက ေျပာၾကားသည္။
ကေလးစာေပပြဲေတာ္ကို ဇန္န၀ါရီလ ၂၇ရက္ေန႔မွ ၂၉ရက္ေန႔အထိ နံနက္၉နာရီမွ ညေန၅နာရီအထိ က်င္းပေနျခင္းျဖစ္ၿပီး စာအုပ္အေရာင္းဆိုင္မ်ား၊ သင္ေထာက္ကူပစၥည္းအေရာင္းဆိုင္မ်ား၊ ဂိမ္း ကစားျခင္းမ်ား၊ ျမန္မာ့ရုပ္စံု သဘင္အသင္း၏ ေဖ်ာ္ေျဖမႈမ်ား၊ စြန္႔ပစ္ပစၥည္းႏွင့္ျပဳလုပ္ေသာ အသံုး အေဆာင္မ်ား၊ လက္ေတြ႕စမ္းသပ္ခန္းမ်ား၊ က်ပန္းစကားေျပာျပိဳင္ပြဲမ်ား ပါ၀င္ေၾကာင္းသိရသည္။
"ကေလးငယ္ေတြဖြံ႕ၿဖိဳးတိုးတက္ဖို႔က မိခင္ေတြမွာသာမက ဖခင္ေတြမွာလည္း တာ၀န္ရွိပါတယ္။ ေနာက္ၿပီး ႏိုင္ငံေတာ္မွာလည္း တာ၀န္ရွိတယ္။ ဒါေၾကာင့္ကေလးငယ္ေတြ စိတ္ပိုင္းဆိုင္ရာဖြံ႕ၿဖိဳးတိုးတက္ဖို႔အတြက္ ကေလးစာေပေတြဟာ ျမႇင့္တင္ေပးႏိုင္မွာျဖစ္ပါတယ္။ ဒီပြဲဟာလည္း ကေလးေတြ စာေပဖြံၿဖိဳးဖို႔ကို ရည္ရြယ္ၿပီးလုပ္ေဆာင္ျခင္းျဖစ္ပါတယ္။"ဟု မႏၱေလးတိုင္း၀န္ႀကီးခ်ဳပ္ေဒါက္တာေဇာ္ျမင့္ေမာင္က ေျပာသည္။
ကေလးစာေပပြဲေတာ္ ဖြင့္ပြဲ အခမ္းအနားသို႔ ႏိုင္ငံေတာ္သမၼတ ဦးထင္ေက်ာ္ႏွင့္ ဇနီးေဒၚစုစုလြင္၊ မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႔ ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ႏွင့္ ဇနီး ေဒါက္တာယုယုေမ၊ အလယ္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္တိုင္းမွဴး၊ မႏၲေလးတိုင္းေဒသႀကီး အစိုးရအဖြဲ႔ဝင္ ဝန္ႀကီးမ်ား၊ တာဝန္ရွိသူမ်ားႏွင့္ အစိုးရႏွင့္ ပုဂၢလိကေက်ာင္းမ်ားမွေက်ာင္းသား၊ေက်ာင္းသူမ်ားတက္ေရာက္ၾကသည္။
သတင္း/ဓာတ္ပံု - ေရႊေဇာ္
ပြန်ကြားရေး ဝန်ကြီးဌာနနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ကလေးစာပေပွဲတော်တွင် သမ္မတက ယင်းကဲ့သို့ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။
"ကလေးများ စာပေဖတ်ချင်လာအောင် စာကြည့်တိုက်တွေမှာ ပျော်မွေ့လာအောင် လုပ်ဆောင်ရတာဟာ လွယ်ကူမှာတော့ မဟုတ်ပါဘူး။ ကလေးများဖွံ့ဖြိုးတိုးတက်ရေး၊ ကလေးစာပေနဲ့ စာကြည့်တိုက်များ ဖွံ့ဖြိုး တိုးတက်ရေးဟာ နိုင်ငံတော်ရဲ့ အနာဂတ်အပေါ် သက်ရောက်မှုများစွာ ရှိလာနိုင်တဲ့အတွက် အားလုံး ဝိုင်းဝန်း လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။
ကလေးစာပေပွဲတော်ကို ဇန်နဝါရီလ ၂၇ရက်နေ့မှ ၂၉ရက်နေ့အထိ နံနက်၉နာရီမှ ညနေ၅နာရီအထိ ကျင်းပနခြေင်းဖြစ်ပြီး စာအုပ်အရောင်းဆိုင်များ၊ သင်ထောက်ကူပစ္စည်းအရောင်းဆိုင်များ၊ ဂိမ်း ကစားခြင်းများ၊ မြန်မာ့ရုပ်စုံ သဘင်အသင်း၏ ဖျော်ဖြေမှုများ၊ စွန့်ပစ်ပစ္စည်းနှင့်ပြုလုပ်သော အသုံး အဆောင်များ၊ လက်တွေ့စမ်းသပ်ခန်းများ၊ ကျပန်းစကားပြောပြိုင်ပွဲများ ပါဝင်ကြောင်းသိရသည်။
"ကလေးငယ်တွေဖွံ့ဖြိုးတိုးတက်ဖို့က မိခင်တွေမှာသာမက ဖခင်တွေမှာလည်း တာဝန်ရှိပါတယ်။ နောက်ပြီး နိုင်ငံတော်မှာလည်း တာဝန်ရှိတယ်။ ဒါကြောင့်ကလေးငယ်တွေ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကလေးစာပေတွေဟာ မြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။ ဒီပွဲဟာလည်း ကလေးတွေ စာပေဖွံဖြိုးဖို့ကို ရည်ရွယ်ပြီးလုပ်ဆောင်ခြင်းဖြစ်ပါတယ်။"ဟု မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
ကလေးစာပေပွဲတော် ဖွင့်ပွဲ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီးဒေါ်စုစုလွင်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် ဇနီး ဒေါက်တာယုယုမေ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အစိုးရနှင့် ပုဂ္ဂလိကကျောင်းများမှကျောင်းသား၊ကျောင်းသူများတက်ရောက်ကြသည်။
သတင်း/ဓာတ်ပုံ - ရွှေဇော်