မိုင်းဆတ်တွင် ကျင်းပသည့် ကျောင်းသား၊ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး ပြိုင်ပွဲ၌ ပြိုင်ပွဲဝင် ၉၈ ဦးအနက် ၃၂ ဦး ဆုရရှိ

မိုင်းဆတ်တွင် ကျင်းပသည့် ကျောင်းသား၊ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး ပြိုင်ပွဲ၌ ပြိုင်ပွဲဝင် ၉၈ ဦးအနက် ၃၂ ဦး ဆုရရှိ
ဇနျနဝါရီ 27, 2017
By Tachileik News Agency




ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပရာ ဇန်န၀ါရီ ၂၅ ရက်က ကျင်းပခဲ့သည့် မူလတန်း၊ အလယ်တန်း နှင့်အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ဆုရရှိသူများကို ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်သီတာမြင့်နှင့် အဖွဲ့ ၀င်တို့က လည်းကောင်း၊ မူလတန်းနှင့်အလယ်တန်း အဆင့် ပန်းချီပြိုင်ပွဲ ဆုရရှိသူများကို အလက(ကာန)ကျောင်းအုပ် ဆရာကြီး ဦးကျော်ကျော်နိုင်နှင့် အထကကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်ညိုဝင်းတို့က လည်းကောင်း ဆုများပေးအပ် ချီးမြှင့်ပြီး၊ KG တန်း ကဗျာရွတ်ဆိုနှင့် ပုံပြောပြိုင်ပွဲဆုရရှိသူများကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်စုစုလွင်က လည်းကောင်း၊ မူလတန်းအဆင့် ပုံပြောနှင့်ကဗျာရွတ်ပြိုင်ပွဲဆုရရှိသူများကို မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင် ဒေါ်တင်တင်မာနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဒုတိယဦးစီးမှူး ဒေါ်နန်းကြည်အေး က လည်းကောင်း၊ အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲဆုရရှိသူများကို ခရိုင်ဦးစီးအရာရှိ ဦးသန်းဇော်ဦးက လည်းကောင်း အသီးသီးဂုဏ်ပြုဆုများပေးအပ်ချီးးမြှင့်သည်။




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင်ပြန်/ဆက်ရုံးတွင် ကျင်းပပြုလုပ်သည့် စာဖတ်ရှိန်မြှင့်တင်ရေး ပြိုင်ပွဲသို့ မြို့ပေါ်ကျောင်း(၁၀)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၉၈)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသူ(၃၂)ဦးရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေး ဌာနနှင့် ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်ရေး ပြိုင်ပွဲများကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ဇန်နဝါရီလ ၂၆ ရက်က ကျင်းပခြင်းဖြစ်သည်။

အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသန်းဇော်ဦးက စာဖတ် ရှိန်မြှင့်တင်ရေး ကဗျာရွတ်ဆို၊ ပုံပြော၊ ကျပန်းစကားပြော၊ စာစီစာကုံးနှင့် ပန်းချီဆွဲပြိုင်ပွဲများ ကျင်းပရသည့် ရည်ရွယ် ချက်ကို ရှင်းလင်းပြောကြားပြီး KG တန်းနှင့် မူလတန်းအဆင့် ကဗျာရွတ်ဆိုနှင့်ပုံပြောပြိုင်ပွဲ၊ အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပရာ ဇန်နဝါရီ ၂၅ ရက်က ကျင်းပခဲ့သည့် မူလတန်း၊ အလယ်တန်း နှင့်အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ဆုရရှိသူများကို ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်သီတာမြင့်နှင့် အဖွဲ့ ဝင်တို့က လည်းကောင်း၊ မူလတန်းနှင့်အလယ်တန်း အဆင့် ပန်းချီပြိုင်ပွဲ ဆုရရှိသူများကို အလက(ကာန)ကျောင်းအုပ် ဆရာကြီး ဦးကျော်ကျော်နိုင်နှင့် အထကကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်ညိုဝင်းတို့က လည်းကောင်း ဆုများပေးအပ် ချီးမြှင့်ပြီး၊ KG တန်း ကဗျာရွတ်ဆိုနှင့် ပုံပြောပြိုင်ပွဲဆုရရှိသူများကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်စုစုလွင်က လည်းကောင်း၊ မူလတန်းအဆင့် ပုံပြောနှင့်ကဗျာရွတ်ပြိုင်ပွဲဆုရရှိသူများကို မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင် ဒေါ်တင်တင်မာနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဒုတိယဦးစီးမှူး ဒေါ်နန်းကြည်အေး က လည်းကောင်း၊ အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲဆုရရှိသူများကို ခရိုင်ဦးစီးအရာရှိ ဦးသန်းဇော်ဦးက လည်းကောင်း အသီးသီးဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်သီတာမြင့်က “အသိပညာတိုးပွားဖို့ စာပေလေ့လာဖတ်ရှုစို့” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးသည်။

သတင်း/ဓာတ်ပုံ - သန်းဇော်ဦး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~