ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက အခြေခံပညာမူလတန်းအဆင့် ဥာဏစွမ်းရည် ပုံပြောပြိုင်ပွဲ နှင့် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် ပန်းချီပြိုင်ပွဲများ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ကျင်းပသည်။
“လူမှုရေး အသင်းအဖွဲ့ အသီးသီးနဲ့လည်း လူမှုအခြေပြု စာကြည့်တိုက်များ အဖြစ် အသက်ဝင် ရုပ်လုံး ပေါ်အောင် ပူးပေါင်းရွက်ဆောင်နေသလို လူ့အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် ကျောင်းသား/ကျောင်းသူ၊ လူငယ် မောင်မယ်များ အနေဖြင့်လည်း ဥာဏစွမ်းရည် ပြည့်စုံမှု ရှိစေရန်နဲ့ စာဖတ်ရှိန်မြင့်တက်စေရေး၊ စာပေ အသိပညာ တိုးပွားစေပြီး လူတော် လူကောင်းများ ပေါ်ပေါက်လာစေဖို့အတွက် ဒီပြိုင်ပွဲတွေကို ပြုလုပ်တာပါ”ဟု မိုင်းဖြတ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က ပြောသည်။
အဆိုပါ ပြိုင်ပွဲတွင် မိုင်းဖြတ်မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများမှ ဥာဏစွမ်းရည် ပုံပြော ပြိုင်ပွဲတွင်(၁၁)ဦး၊ ပန်းချီပြိုင်ပွဲတွင် (၁၃)ဦး စုစုပေါင်း(၂၄)ဦး ပြိုင်ပွဲဝင်ခဲ့ကြကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ကိုသာ
“လူမှုရေး အသင်းအဖွဲ့ အသီးသီးနဲ့လည်း လူမှုအခြပြေု စာကြည့်တိုက်များ အဖြစ် အသက်ဝင် ရုပ်လုံး ပေါ်အောင် ပူးပေါင်းရွက်ဆောင်နေသလို လူ့အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် ကျောင်းသား/ကျောင်းသူ၊ လူငယ် မောင်မယ်များ အနဖြေင့်လည်း ဉာဏစွမ်းရည် ပြည့်စုံမှု ရှိစေရန်နဲ့ စာဖတ်ရှိန်မြင့်တက်စေရေး၊ စာပေ အသိပညာ တိုးပွားစပြေီး လူတော် လူကောင်းများ ပေါ်ပေါက်လာစေဖို့အတွက် ဒီပြိုင်ပွဲတွေကို ပြုလုပ်တာပါ”ဟု မိုင်းဖြတ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က ပြောသည်။
အဆိုပါ ပြိုင်ပွဲတွင် မိုင်းဖြတ်မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများမှ ဉာဏစွမ်းရည် ပုံပြော ပြိုင်ပွဲတွင်(၁၁)ဦး၊ ပန်းချီပြိုင်ပွဲတွင် (၁၃)ဦး စုစုပေါင်း(၂၄)ဦး ပြိုင်ပွဲဝင်ခဲ့ကြကြောင်း သိရသည်။
“ကျွန်တော်တို့ အမှတ်ပေးဒိုင်များ အနေနဲ့ကတော့ ဉာဏစွမ်းရည်ပုံပြောပြိုင်ပွဲကို အမှတ်ပေးရာမှာ နှုတ်ခွန်းဆက်မှု၊ ဝတ်စားဆင်ယင်မှု၊ ပီသစွာပြောဆိုနိုင်မှု၊ ဟန်ပန်အမူအယာဖော်ဆောင်နိုင်မှု၊ အချိန်တိကျမှုတို့ကို ကြည့်ပြီးတော့ အမှတ်ပေးတာဖြစ်ပါတယ်။ ပန်းချီပြိုင်ပွဲမှာတော့ ပေးထားတဲ့ ခေါင်းစဉ်အပေါ် ပီပြင်စွာ ပုံဖော်ရေးဆွဲနိုင်မှု၊ သေသပ်မှု နဲ့ ဆေးရောင်ခြယ်သမှုတွေကို အကဲဖြတ်ပြီးတော့ ပထမ၊ ဒုတိယ၊ တတိယ ဆုတို့ကို ပေးတာပါ"ဟု လက်ထောက်မြို့နယ်ပညာရေးမှူး ဦးကြည်ထွန်း ကပြောသည်။
အဆိုပါပြိုင်ပွဲသို့ မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင် နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ/ဆရာမများ၊ ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။
သတင်း/ဓာတ်ပုံ - ကိုသာ