ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(က)ရပ္ကြက္အပိုင္ နမ့္ေခါင္ေခ်ာင္းတြင္ အရက္ေသာက္ထားၿပီး ေရဆင္းခ်ဳိးသည့္ အမ်ိဳးသားတစ္ဦး ေရနစ္ေသဆံုးသြားေၾကာင္း သိရသည္။
ဇန္နဝါရီလ (၂၄)ရက္ ေန႔လယ္ (၁)နာရီခန္႔တြင္ နမ့္ေခါင္ေခ်ာင္းအတြင္း အမ်ိဳးသားတစ္ဦး ေရနစ္ ေသဆံုးေနေၾကာင္း သတင္းအရ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ တာဝန္ရိွသူမ်ားက သြားေရာက္စစ္ေဆးရာ ျပင္ပ ဒဏ္ရာမ်ား မရိွဘဲ ေမွာက္ခံုအေနအထားျဖင့္ ေသဆံုးေနသည့္ အမ်ိဳးသားအေလာင္းကို ေတြ႔ရသျဖင့္ ဓမၼတာအတုိင္း ေသဆံုးျခင္း ဟုတ္၊ မဟုတ္ စစ္ေဆးႏိုင္ရန္ တာခ်ီလိတ္နာေရးကူညီမႈအသင္းမွ ေခ်ာင္းအတြင္းမွ ကူညီဆယ္ယူေပးၿပီး ေဆးရံုသို႔ ေပးေဆာင္ေပးလုိက္ေၾကာင္း သိရသည္။
ေသဆံုးသူမွာ တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(က)ရပ္ကြက္မွ အသက္ ၃၅ ႏွစ္အရြယ္ ေက်ာ္ဝင္းဆိုသူျဖစ္ၿပီး အရက္ေသာက္ၿပီး ေရဆင္းခ်ိဳးျခင္းျဖစ္သည္ဟု စံုစမ္းသိရိွရေၾကာင္း သိရသည္။
အဆိုပါ အမႈအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၅/၂၀၁၇ ေသမႈေသခင္းျဖင့္ အမႈဖြင့္လွစ္ ေဆာင္ရြက္ထားေၾကာင္း သိရသည္။
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်အပိုင် နမ့်ခေါင်ချောင်းတွင် အရက်သောက်ထားပြီး ရေဆင်းချိုးသည့် အမျိုးသားတစ်ဦး ရေနစ်သေဆုံးသွားကြောင်း သိရသည်။
ဇန်နဝါရီလ (၂၄)ရက် နေ့လယ် (၁)နာရီခန့်တွင် နမ့်ခေါင်ချောင်းအတွင်း အမျိုးသားတစ်ဦး ရေနစ် သေဆုံးနေကြောင်း သတင်းအရ တာချီလိတ်မြို့မရဲစခန်းမှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ ပြင်ပ ဒဏ်ရာများ မရှိဘဲ မှောက်ခုံအနေအထားဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်းကို တွေ့ရသဖြင့် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်ဆေးနိုင်ရန် တာချီလိတ်နာရေးကူညီမှုအသင်းမှ ချောင်းအတွင်းမှ ကူညီဆယ်ယူပေးပြီး ဆေးရုံသို့ ပေးဆောင်ပေးလိုက်ကြောင်း သိရသည်။
သေဆုံးသူမှာ တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်မှ အသက် ၃၅ နှစ်အရွယ် ကျော်ဝင်းဆိုသူဖြစ်ပြီး အရက်သောက်ပြီး ရေဆင်းချိုးခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရကြောင်း သိရသည်။
အဆိုပါ အမှုအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၅/၂၀၁၇ သေမှုသေခင်းဖြင့် အမှုဖွင့်လှစ် ဆောင်ရွက်ထားကြောင်း သိရသည်။