ရွမ္းျပည္နယ္အတြင္း ကုမၸဏီေဖာင္းပြမႈကို ထိန္းခ်ဳပ္ရန္အတြက္ ငါးႏွစ္သက္တမ္းျပည့္ၿပီး သက္တမ္း ထပ္တိုးျခင္း မရိွသည့္ ကုမၸဏီမ်ားကို ဖ်က္သိမ္းသြားရန္ ျပည္ေထာင္စုအစိုးရထံ တင္ျပသြားမည္ ျဖစ္ေၾကာင္း ရင္းႏီွးျမဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ား ညြန္ၾကားမႈဦးစီးဌာန(ရွမ္းျပည္နယ္ )မွ သိရသည္။
“ငါးႏွစ္ျပည့္လို႔ က်န္တဲ့ ကင္းကြာေနတဲ့ဟာေတြကို ဒီႏွစ္ထဲမွာ စီမံခ်က္တစ္ခု လုပ္မွာပါ။ ကုမၸဏီေတြ အကုန္လံုးကို ေဆာင္ရြက္ေနဆဲရွိတယ္ဆိုရင္ ကၽြန္ေတာ္တို႔ဆီ အေၾကာင္းၾကားပါဆိုၿပီး ေၾကျငာ ထားပါတယ္။ အေၾကာင္း မၾကားတာေတြကိုေတာ့ ကၽြန္ေတာ္တို႔က ကင္းကြာဆိုၿပီးေတာ့ ဖ်က္သိမ္းဖို႕ကို ျပည္ေထာင္စု အစိုးရကိုဆက္တင္ၿပီး ေဆာင္ရြက္သြား မွာပါ။ ဒါေတြက ကုမၸဏီေဖာင္းပြတာေတြကို ထိန္းသိမ္းဖို႔ပါ။ လိုအပ္ရင္လိုအပ္သလို အေရးယူေဆာင္ရြက္သြားမွာပါ” ဟု ရင္းႏီွးျမဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ား ညြန္ၾကားမႈဦးစီးဌာန (ရွမ္းျပည္နယ္)မွ ညႊန္ၾကားေရးမွဴး ဦးေလးနိုင္ ကေျပာသည္။
နယ္စပ္ကုန္သြယ္ေရးဖြံ႕ၿဖိဳးသည့္ ရွမ္းျပည္နယ္အေရွ႕ပိုင္းတြင္ ကုမၸဏီလုပ္ငန္းအမ်ားစုမွာ လုပ္ငန္း လည္ပတ္ႏုိင္ျခင္း မရိွၾကေၾကာင္း တာခ်ီလိတ္နယ္စပ္ကုန္သြယ္ေရးအသင္း၏ အတြင္းေရးမွဴးလည္းျဖစ္ၿပီး ေနမင္းသြင္းကုန္ထုတ္ကုန္ကုမၸဏီ၏ ဒါရိုက္တာ ေဒၚနန္းစင္ကဆိုသည္။
“ဒီမွာ အမ်ားစုက ကုမၸဏီေထာင္ထားတယ္ဆိုေပမဲ့ လုပ္ထံုးလုပ္နည္း နားမလည္တာေတြလည္း ရိွတယ္။ ကုမၸဏီရိွေပမဲ့ လုပ္ငန္း မလုပ္ၾကတာေတြလည္း ရိွတယ္။ လုပ္ငန္း မလုပ္ၾကေတာ့ သက္တမ္းတိုးဖို႔ေတာ့ ခက္ခဲတာေပါ့”ဟု ေဒၚနန္းစင္ကဆိုသည္။
ရွမ္းျပည္နယ္အတြင္း ရင္းႏီွးျမဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားညြန္ၾကားမႈဦးစီးဌာန၏ ရံုးခြဲစတင္ဖြင့္လွစ္သည့္၂၀၁၄ ခုႏွစ္ မတိုင္မီ မွတ္ပံုတင္ထားသည့္ကုမၸဏီေပါင္း (၂၇၀၀) ေက်ာ္ရွိၿပီး ၂၀၁၄ ခုႏွစ္မွစ၍ ထပ္တိုးခြင့္ ျပဳထားသည့္ ကုမၸဏီ (၂၄၈)ခုႏွင့္ လက္ရိွတြင္ အသစ္ေလွ်ာက္ထားဆဲကုမၸဏီ (၆)ခုရိွေၾကာင္း သိရသည္။
ဌာနဆိုင္ရာအသီးသီး၏ ရက္(၁၀၀)စီမံခ်က္ကာလကတည္းက ကုမၸဏီမ်ားမွတ္ပံုတင္ေၾကး က်ပ္ (၁၀)သိန္းအစား က်ပ္(၅)သိန္းေလွ်ာ့ခ်ျခင္း အပါအဝင္ ေျဖေလွ်ာ့မႈမ်ားစြာ ျပဳလုပ္ေပးခဲ့ေၾကာင္း သိရသည္။
“ရက္ (၁၀၀ )စီမံခ်က္ကတည္းက မွတ္ပံုတင္ေၾကးကို ထက္၀က္ေလွ်ာ့ထားတာပါ။ အခုက က်ပ္ ငါးသိန္း၊ အရင္က က်ပ္ဆယ္သိန္းပါ။ ေျဖေလွ်ာ့မႈေတြက အမ်ားႀကီးလုပ္ေပးထားတယ္။ အခုခ်ိန္မွာေတာ့ အဆိုျပဳ ဒါရိုက္တာရဲ႕ မွတ္ပံုတင္နဲ႔ သန္းေခါင္စာရင္းနဲ႔ မွတ္ပံုတင္ပါလို႔ရွိရင္ ရပါၿပီ။ လက္ရွိ ဥပေဒအရေတာ့ အနည္းဆံုး ဒါရိုက္တာ ၂ ေယာက္ အထက္နဲ႔ လုပ္ရပါမယ္။ ေနာက္လာမယ့္ ဥပေဒက်ရင္ အဆိုျပဳ ဒါရိုက္တာ တစ္ေယာက္ထဲနဲ႔ သြားမွာပါ။ အဲဒါကေတာ့ အခုမွကၽြန္ေတာ္တို႔ မူၾကမ္းအဆင့္ပဲရွိေသးတယ္။ အဲဒီဥပေဒထဲမွာ ဆိုရင္ေတာ့ ျပည္ေထာင္စု၀န္ႀကီးကပါ အေရးယူခြင့္အာဏာေတြ ပါလာမွာပါ။ မူၾကမ္းၿပီးရင္ေတာ့ လႊတ္ေတာ္မွာ တင္သြင္းမွာပါ” ဟု ရင္းႏီွးျမဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ား ညြန္ၾကားမႈဦးစီးဌာန (ရွမ္းျပည္နယ္)မွ ညႊန္ၾကားေရးမွဴး ဦးေလးနိုင္က ေျပာသည္။
လက္ရိွတြင္ သက္တမ္းငါးႏွစ္ျပည့္၍ မွတ္ပံုတင္သက္တမ္းမည့္ ကုမၸဏီမ်ားကို အနီးစပ္ဆံုးရွင္းတမ္းတြင္ အခြန္ကင္းရွင္းမႈရိွမရိွ စစ္ေဆး၍ လုပ္ေဆာင္ေပးေနေၾကာင္း သိရသည္။
သတင္း - ႏိုႏို
“ငါးနှစ်ပြည့်လို့ ကျန်တဲ့ ကင်းကွာနေတဲ့ဟာတွေကို ဒီနှစ်ထဲမှာ စီမံချက်တစ်ခု လုပ်မှာပါ။ ကုမ္ပဏီတွေ အကုန်လုံးကို ဆောင်ရွက်နေဆဲရှိတယ်ဆိုရင် ကျွန်တော်တို့ဆီ အကြောင်းကြားပါဆိုပြီး ကြငြော ထားပါတယ်။ အကြောင်း မကြားတာတွေကိုတော့ ကျွန်တော်တို့က ကင်းကွာဆိုပြီးတော့ ဖျက်သိမ်းဖို့ကို ပြည်ထောင်စု အစိုးရကိုဆက်တင်ပြီး ဆောင်ရွက်သွား မှာပါ။ ဒါတွေက ကုမ္ပဏီဖောင်းပွတာတွေကို ထိန်းသိမ်းဖို့ပါ။ လိုအပ်ရင်လိုအပ်သလို အရေးယူဆောင်ရွက်သွားမှာပါ” ဟု ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှုဦးစီးဌာန (ရှမ်းပြည်နယ်)မှ ညွှန်ကြားရေးမှူး ဦးလေးနိုင် ကပြောသည်။
နယ်စပ်ကုန်သွယ်ရေးဖွံ့ဖြိုးသည့် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ကုမ္ပဏီလုပ်ငန်းအများစုမှာ လုပ်ငန်း လည်ပတ်နိုင်ခြင်း မရှိကြကြောင်း တာချီလိတ်နယ်စပ်ကုန်သွယ်ရေးအသင်း၏ အတွင်းရေးမှူးလည်းဖြစ်ပြီး နေမင်းသွင်းကုန်ထုတ်ကုန်ကုမ္ပဏီ၏ ဒါရိုက်တာ ဒေါ်နန်းစင်ကဆိုသည်။
“ဒီမှာ အများစုက ကုမ္ပဏီထောင်ထားတယ်ဆိုပေမဲ့ လုပ်ထုံးလုပ်နည်း နားမလည်တာတွေလည်း ရှိတယ်။ ကုမ္ပဏီရှိပေမဲ့ လုပ်ငန်း မလုပ်ကြတာတွေလည်း ရှိတယ်။ လုပ်ငန်း မလုပ်ကြတော့ သက်တမ်းတိုးဖို့တော့ ခက်ခဲတာပေါ့”ဟု ဒေါ်နန်းစင်ကဆိုသည်။
ရှမ်းပြည်နယ်အတွင်း ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွန်ကြားမှုဦးစီးဌာန၏ ရုံးခွဲစတင်ဖွင့်လှစ်သည့်၂၀၁၄ ခုနှစ် မတိုင်မီ မှတ်ပုံတင်ထားသည့်ကုမ္ပဏီပေါင်း (၂၇၀၀) ကျော်ရှိပြီး ၂၀၁၄ ခုနှစ်မှစ၍ ထပ်တိုးခွင့် ပြုထားသည့် ကုမ္ပဏီ (၂၄၈)ခုနှင့် လက်ရှိတွင် အသစ်လျှောက်ထားဆဲကုမ္ပဏီ (၆)ခုရှိကြောင်း သိရသည်။
ဌာနဆိုင်ရာအသီးသီး၏ ရက်(၁၀၀)စီမံချက်ကာလကတည်းက ကုမ္ပဏီများမှတ်ပုံတင်ကြေး ကျပ် (၁၀)သိန်းအစား ကျပ်(၅)သိန်းလျှော့ချခြင်း အပါအဝင် ဖြေလျှော့မှုများစွာ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
“ရက် (၁၀၀ )စီမံချက်ကတည်းက မှတ်ပုံတင်ကြေးကို ထက်ဝက်လျှော့ထားတာပါ။ အခုက ကျပ် ငါးသိန်း၊ အရင်က ကျပ်ဆယ်သိန်းပါ။ ဖြေလျှော့မှုတွေက အများကြီးလုပ်ပေးထားတယ်။ အခုချိန်မှာတော့ အဆိုပြု ဒါရိုက်တာရဲ့ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင်ပါလို့ရှိရင် ရပါပြီ။ လက်ရှိ ဥပဒေအရတော့ အနည်းဆုံး ဒါရိုက်တာ ၂ ယောက် အထက်နဲ့ လုပ်ရပါမယ်။ နောက်လာမယ့် ဥပဒေကျရင် အဆိုပြု ဒါရိုက်တာ တစ်ယောက်ထဲနဲ့ သွားမှာပါ။ အဲဒါကတော့ အခုမှကျွန်တော်တို့ မူကြမ်းအဆင့်ပဲရှိသေးတယ်။ အဲဒီဥပဒေထဲမှာ ဆိုရင်တော့ ပြည်ထောင်စုဝန်ကြီးကပါ အရေးယူခွင့်အာဏာတွေ ပါလာမှာပါ။ မူကြမ်းပြီးရင်တော့ လွှတ်တော်မှာ တင်သွင်းမှာပါ” ဟု ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှုဦးစီးဌာန (ရှမ်းပြည်နယ်)မှ ညွှန်ကြားရေးမှူး ဦးလေးနိုင်က ပြောသည်။
လက်ရှိတွင် သက်တမ်းငါးနှစ်ပြည့်၍ မှတ်ပုံတင်သက်တမ်းမည့် ကုမ္ပဏီများကို အနီးစပ်ဆုံးရှင်းတမ်းတွင် အခွန်ကင်းရှင်းမှုရှိမရှိ စစ်ဆေး၍ လုပ်ဆောင်ပေးနေကြောင်း သိရသည်။
သတင်း - နိုနို