ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕သို႔ အေၾကာင္း အမ်ဳိးမ်ဳိးေၾကာင့္ ေရာက္ရွိၿပီး အခက္အခဲ ျဖစ္ေပၚေနေသာ ျမန္မာႏိုင္ငံသားမ်ားအား ကူညီေဆာင္ရြက္ေပးေနသည့္ ထိုင္းႏိုင္ငံမယ္ဆိုင္ၿမိဳ႕ေရာက္ ျမန္မာ ႏိုင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ေစ့စပ္ညႇိႏႈိင္းေရး ေကာ္မတီ(CNCMC) ေရရွည္ တည္တံ့ေရးႏွင့္ ေရွ႕ဆက္လုပ္ေဆာင္မည့္ လုပ္ငန္းစဥ္မ်ားႏွင့္ ပတ္သက္၍ ဇန္န၀ါရီလ(၂၃) ရက္ေန႔ ေန႔လယ္ပိုင္းက တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးရံုးရွိ အစည္းအေ၀းခန္းမတြင္ ဦးေဆာင္ေကာ္မတီ ႏွင့္ ဆပ္ေကာ္မတီမ်ား၀င္မ်ား ေတြ႕ဆံု၍ ေဆြးေႏြးပြဲအား က်င္းပျပဳလုပ္ခဲ့ၾကသည္။
ေဆြးေႏြးပြဲတြင္ ထိုင္းႏိုင္ငံမယ္ဆိုင္ၿမိဳ႕ေရာက္ ျမန္မာႏိုင္ငံသားမ်ားအား ကူညီ ေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏႈိင္းေရး ေကာ္မတီ(CNCMC)၏ ဖြဲ႔စည္းမႈ အေျခအေန ႏွင့္ လုပ္ငန္းေဆာင္ရြက္မႈ အေျခအေနမ်ားအား လုပ္ငန္းအေကာင္အထည္ေဖာ္ေရးေကာ္မတီ ဥကၠဌ ဦးေအာင္ၿဖဳိးရွိန္မွ ရွင္းလင္းတင္ျပသည္။
"ထိုင္းဘက္မွာ ကြ်န္ေတာ္တို႔ ျမန္မာႏိုင္ငံသားမ်ားနဲ႔ ပတ္သက္ၿပီး တစ္ခုခုျဖစ္လို႔ ကြ်န္ေတာ္တို႔ CNCMC ေကာ္မတီအေနနဲ႔ သြားေရာက္ေျဖရွင္းတဲ့အခါ ထိုင္းဘက္ နယ္ျခားေကာ္မတီ(TBC)က လိုက္ပါ ကူညီေပးမႈေတြ ရွိပါတယ္။ ဒီလို သြားေရာက္ ေျဖရွင္းတဲ့အခါမွာလည္း ကြ်န္ေတာ္တို႔ဘက္ကလည္း ျမန္မာဘက္TBCရဲ႕ ေထာက္ခံခ်က္ တစ္ခုခုေလာက္ ထုတ္ေပးလိုက္ႏိုင္ရင္ ပိုၿပီး အဆင္ ေျပေစပါတယ္။ ကြ်န္ေတာ္တို႔ ေျမျပင္မွာ သြားေရာက္ လုပ္ေဆာင္တဲ့အခါမွာ ဌာနဆိုင္ရာမ်ားရဲ႕ ပံ့ပိုးမႈေတြလည္း အဓိက လိုအပ္ပါတယ္"ဟု လုပ္ငန္းအေကာင္အထည္ေဖာ္ေရးေကာ္မတီ ဥကၠဌ ဦးေအာင္ၿဖဳိးရွိန္က တင္ျပေဆြးေႏြးသည္။
ဆက္လက္၍ လုပ္ငန္းအေကာင္အထည္ေဖာ္ေရးေကာ္မတီ အတြင္းေရးမွဴး ဦးစည္သူေမာင္မွလည္း လုပ္ငန္းေဆာင္ရြက္မႈအေျခအေနမ်ားႏွင့္ ပတ္သက္၍ ရွင္းလင္တင္ျပၿပီးေနာက္ ေဆြးေႏြးပြဲသို႔ တက္ေရာက္လာသည့္ တိုင္းရင္းသားယဥ္ေက်းမႈအဖြဲ႔အစည္းမ်ား၊ ႏိုင္ငံေရးပါတီမ်ားမွလည္း အႀကံျပဳေဆြးေႏြး တင္ျပၾကသည္။
ထိုသို႔ ေဆြးေႏြးတင္ျပလာမႈမ်ားတြင္ အာခါစာေပႏွင့္ယဥ္ေက်းမႈ အတြင္းေရးမွဴးက CNCMC ေကာ္မတီ ရွိျခင္းဟာ ၀မ္းသာစရာျဖစ္ေၾကာင္း၊ အာခါတိုင္းရင္းသားမ်ားအေနျဖင့္ ဘာသာ စကား အခက္အခဲ ျဖစ္သည့္ အခါမ်ဳိးတြင္ အခ်က္အလက္မ်ားကိုလည္း က်ယ္ျပန္႔စြာ သိရွိႏိုင္ေရးအတြက္ တိုင္းရင္းသား ဘာသာစာမ်ားျဖင့္ ျဖန္႔ေ၀ေပးႏိုင္လ်ွင္ ပိုမိုအဆင္ေျပႏိုင္ေၾကာင္း တင္ျပၿပီး၊ လားဟူစာေပႏွင့္ယဥ္ေက်းမႈ ဒုဥကၠဌက လားဟူတိုင္းရင္းသားမ်ားႏွင့္ ပတ္သက္၍ လိုအပ္လာပါက ကူညီေပးဖို႔ အသင့္ရွိေၾကာင္း တင္ျပၿပီးေနာက္ က်န္ရွိသည့္ အဖြဲ႔အစည္းမ်ားမွလည္း အႀကံျပဳတင္ျပေဆြးေႏြးခဲ့ၾကသည္။
ဆက္လက္၍ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဌး၀င္းက CNCMC ေကာ္မတီအတြက္ ကူညီ ေပးႏိုင္သည္မ်ားကိုလည္း ကူညီေပးသြားၿပီး အဖြဲ႔အစည္းမ်ားႏွင့္ ခ်ိတ္ဆက္ေပးရန္ လိုအပ္ပါကလည္း ကူညီခ်ိတ္ဆက္ေပးသြားမွာ ျဖစ္ေၾကာင္း၊ ျပည္နယ္လႊတ္ေတာ္ဦးခင္ေမာင္တင့္မွလည္း ထပ္မံ၍ အႀကံျပဳေဆြးေႏြးသြားသည္။
ယင္းေဆြးေႏြးပြဲတြင္ CNCMC ေကာ္မတီ အဓြန္႔ရွည္ေရးအတြက္ အဖက္ဖက္မွ ၀ိုင္း၀န္း ကူညီပံ့ပိုးေပးႏိုင္ေရးကိုလည္း ခရိုင္အုပ္ခ်ဳပ္ေရးမွဴးက ေျပာၾကားသည္။
"ဒီေကာ္မတီကို ဘယ္လိုေၾကာင့္ပဲျဖစ္ျဖစ္ မပ်က္ဖို႔ ေမတၱာရပ္ခံထားတယ္၊ အဖြဲ႔၀င္ေတြအေနနဲ႔ သူတို႔ရဲ႕ လုပ္ငန္းေတြနဲ႔ မဆက္စပ္ၾကပါဘူး။ ဒီလို လုပ္တာဟာလည္း ပရဟိတစိတ္နဲ႔ လုပ္ေနၾကတာပါ၊ ဒီေကာ္မတီ ဖြဲ႔စည္းၿပီးေနာက္ ၂၀၁၅ခုႏွစ္အတြင္းမွာ လမ္းေဘးဆီးစစ္တာေတြ ေလ်ာ့လာတယ္၊ ၂၀၁၆ မွာေတာ့ မရွိသေလာက္ ျဖစ္လာတယ္။ သြားေရာက္ၿပီး ျပႆနာမ်ားကို ေျဖရွင္းတဲ့အခါမွာလည္း သူတို႔ဘာသာ ကုန္က်ခံၿပီး လုပ္ေနၾကတာပါ။ ကြ်န္ေတာ္တုိ႔ဘက္က ထုတ္ေပးတာမရွိပါဘူ။ အဲ့ဒီအတြက္ ဌာနဆိုင္ရာမ်ားရဲ႕ ပံ့ပိုးပါ၀င္မႈလည္း လိုအပ္ပါတယ္။ အားလံုးပူးေပါင္း ပါ၀င္ေပးဖို႔ ေမတၱာ ရပ္ခံလိုပါတယ္"ဟု CNCMC ေကာ္မတီ နာယက တာခ်ီလိတ္ခရိုင္ အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊက ေဆြးေႏြးပြဲတြင္ ေျပာၾကားသည္။
အဆိုပါ ေဆြးေႏြးပြဲသို႔ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဌး၀င္း၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္၊ CNCMC ေကာ္မတီ နာယကမ်ားျဖစ္သည့္ စစ္ဗ်ဴဟာအဖဲြ႕(အေျခခ်)တာခ်ီလိတ္၊ စစ္ဗ်ဴဟာမွဴး ဗုိလ္မွဴးႀကီး ေက်ာ္ကုိထုိက္၊ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊ၊ ခရိုင္ရဲတပ္ဖြဲ႔မွဴး ဒုရဲမွဴးႀကီး ထိန္၀င္း ႏွင့္ ခရိုင္လ၀ကဦးစီမွဴး၊ ဒုတိယညႊန္ၾကားေရးမွဴး ဦးေက်ာ္ေမာ္ထြန္း ႏွင့္ ဦးစီးေကာ္မတီ ဥကၠဌ တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္ႏွင့္ ေကာ္မတီ၀င္မ်ား၊ လုပ္ငန္းအေကာင္အထည္ေဖာ္ေရး ေကာ္မတီ ဥကၠဌ ဦးေအာင္ၿဖဳိးရွိန္ ႏွင့္ ေကာ္မတီ၀င္မ်ား၊ တိုင္းရင္းသား ယဥ္ေက်းမႈအဖြဲ႔အစည္းမ်ား၊ ႏိုင္ငံေရးပါတီမ်ား တက္ေရာက္ခဲ့ၾကသည္။
"ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ေရာက္ ျမန္မာႏိုင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏႈိင္းေရးေကာ္မတီ" Caring and Negotiating Committee for Myanmar Citizens In Mae Sai, Thailand (CNCMC)အား၂၀၁၃ခုႏွစ္ ၾသဂုတ္လ ၂၆ ရက္ေန႔က စတင္၍ ဖြဲ႔စည္းခဲ့ျခင္း ျဖစ္ေၾကာင္း သိရွိရသည္။
ဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီ စောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ(CNCMC)၏ ဖွဲ့စည်းမှု အခြေအနေ နှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား လုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဌ ဦးအောင်ဖြိုးရှိန်မှ ရှင်းလင်းတင်ပြသည်။
"ထိုင်းဘက်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံသားများနဲ့ ပတ်သက်ပြီး တစ်ခုခုဖြစ်လို့ ကျွန်တော်တို့ CNCMC ကော်မတီအနေနဲ့ သွားရောက်ဖြေရှင်းတဲ့အခါ ထိုင်းဘက် နယ်ခြားကော်မတီ(TBC)က လိုက်ပါ ကူညီပေးမှုတွေ ရှိပါတယ်။ ဒီလို သွားရောက် ဖြေရှင်းတဲ့အခါမှာလည်း ကျွန်တော်တို့ဘက်ကလည်း မြန်မာဘက်TBCရဲ့ ထောက်ခံချက် တစ်ခုခုလောက် ထုတ်ပေးလိုက်နိုင်ရင် ပိုပြီး အဆင် ပြေစေပါတယ်။ ကျွန်တော်တို့ မြပြေင်မှာ သွားရောက် လုပ်ဆောင်တဲ့အခါမှာ ဌာနဆိုင်ရာများရဲ့ ပံ့ပိုးမှုတွေလည်း အဓိက လိုအပ်ပါတယ်"ဟု လုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဌ ဦးအောင်ဖြိုးရှိန်က တင်ပြဆွေးနွေးသည်။
ဆက်လက်၍ လုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး ဦးစည်သူမောင်မှလည်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်တင်ပြပြီးနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများမှလည်း အကြံပြုဆွေးနွေး တင်ပြကြသည်။
ထိုသို့ ဆွေးနွေးတင်ပြလာမှုများတွင် အာခါစာပေနှင့်ယဉ်ကျေးမှု အတွင်းရေးမှူးက CNCMC ကော်မတီ ရှိခြင်းဟာ ဝမ်းသာစရာဖြစ်ကြောင်း၊ အာခါတိုင်းရင်းသားများအနဖြေင့် ဘာသာ စကား အခက်အခဲ ဖြစ်သည့် အခါမျိုးတွင် အချက်အလက်များကိုလည်း ကျယ်ပြန့်စွာ သိရှိနိုင်ရေးအတွက် တိုင်းရင်းသား ဘာသာစာများဖြင့် ဖြနေ့်ဝပေးနိုင်လျှင် ပိုမိုအဆင်ပြေနိုင်ကြောင်း တင်ပြပြီး၊ လားဟူစာပေနှင့်ယဉ်ကျေးမှု ဒုဥက္ကဌက လားဟူတိုင်းရင်းသားများနှင့် ပတ်သက်၍ လိုအပ်လာပါက ကူညီပေးဖို့ အသင့်ရှိကြောင်း တင်ပြပြီးနောက် ကျန်ရှိသည့် အဖွဲ့အစည်းများမှလည်း အကြံပြုတင်ပြဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းက CNCMC ကော်မတီအတွက် ကူညီ ပေးနိုင်သည်များကိုလည်း ကူညီပေးသွားပြီး အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပေးရန် လိုအပ်ပါကလည်း ကူညီချိတ်ဆက်ပေးသွားမှာ ဖြစ်ကြောင်း၊ ပြည်နယ်လွှတ်တော်ဦးခင်မောင်တင့်မှလည်း ထပ်မံ၍ အကြံပြုဆွေးနွေးသွားသည်။
ယင်းဆွေးနွေးပွဲတွင် CNCMC ကော်မတီ အဓွန့်ရှည်ရေးအတွက် အဖက်ဖက်မှ ဝိုင်းဝန်း ကူညီပံ့ပိုးပေးနိုင်ရေးကိုလည်း ခရိုင်အုပ်ချုပ်ရေးမှူးက ပြောကြားသည်။
"ဒီကော်မတီကို ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် မပျက်ဖို့ မေတ္တာရပ်ခံထားတယ်၊ အဖွဲ့ဝင်တွေအနေနဲ့ သူတို့ရဲ့ လုပ်ငန်းတွေနဲ့ မဆက်စပ်ကြပါဘူး။ ဒီလို လုပ်တာဟာလည်း ပရဟိတစိတ်နဲ့ လုပ်နကြေတာပါ၊ ဒီကော်မတီ ဖွဲ့စည်းပြီးနောက် ၂၀၁၅ခုနှစ်အတွင်းမှာ လမ်းဘေးဆီးစစ်တာတွေ လျော့လာတယ်၊ ၂၀၁၆ မှာတော့ မရှိသလောက် ဖြစ်လာတယ်။ သွားရောက်ပြီး ပြဿနာများကို ဖြေရှင်းတဲ့အခါမှာလည်း သူတို့ဘာသာ ကုန်ကျခံပြီး လုပ်နကြေတာပါ။ ကျွန်တော်တို့ဘက်က ထုတ်ပေးတာမရှိပါဘူ။ အဲ့ဒီအတွက် ဌာနဆိုင်ရာများရဲ့ ပံ့ပိုးပါဝင်မှုလည်း လိုအပ်ပါတယ်။ အားလုံးပူးပေါင်း ပါဝင်ပေးဖို့ မေတ္တာ ရပ်ခံလိုပါတယ်"ဟု CNCMC ကော်မတီ နာယက တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ဆွေးနွေးပွဲတွင် ပြောကြားသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ CNCMC ကော်မတီ နာယကများဖြစ်သည့် စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ကိုထိုက်၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ထိန်ဝင်း နှင့် ခရိုင်လဝကဦးစီမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မော်ထွန်း နှင့် ဦးစီးကော်မတီ ဥက္ကဌ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်နှင့် ကော်မတီဝင်များ၊ လုပ်ငန်းအကောင်အထည်ဖော်ရေး ကော်မတီ ဥက္ကဌ ဦးအောင်ဖြိုးရှိန် နှင့် ကော်မတီဝင်များ၊ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ တက်ရောက်ခဲ့ကြသည်။
"ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ" Caring and Negotiating Committee for Myanmar Citizens In Mae Sai, Thailand (CNCMC)အား၂၀၁၃ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့က စတင်၍ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။