မန္တလေးမြို့၌ ပထမဆုံးအကြိမ်အဖြစ် ဂရပ်ဖစ်နှင့် ပန်းချီပေါင်းဆွဲသည့် ပန်းချီပြပွဲကို မန္တလေးမြို့ Mandalay Hill art gallery တွင် ဇန်န၀ါရီလ ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့များ တွင် ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိပြပွဲကို တစ်ကိုယ်တော် ပြုလုပ်ခြင်းဖြစ်ပြီး ပြပွဲတွင် တစ်ပေပတ်လည်မှ အကြီးဆုံး ၅ ပေနှင့် ၆ ပေရှိသော ပန်းချီကား စုစုပေါင်းပန်းချီကား(၁၉)ကား ပြသထားကြောင်းနှင့် ဈေးနှုန်းအနေဖြင့် ကျပ်တစ်သိန်းမှ (၁၉)သိန်းအထိ ရှိကြောင်း သိရသည်။
ကိုကျော်ဇေယျ အနေဖြင့် ပန်းချီဆွဲခြင်း လုပ်ငန်းကို ၂၀၁၀ ခုနှစ် ကတည်းက လုပ်ကိုင်လာသူဖြစ်ကြောင်း သိရပြီး ဂရပ်ဖစ်နှင့် ပန်းချီ ပေါင်းစပ်ရေးဆွဲခြင်းပညာကို တက်တူးဆရာကိုအောင်သူထံမှ စတင် သင်ကြားခဲ့ကာ အွန်လိုင်းမှ ဆက်လက်လေ့လာခြင်းဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ။ ရွှေဇော်
ဂရပ်ဖစ်နှင့်ပန်းချီပေါင်းစပ်၍ ပန်းချီရေးဆွဲခြင်းကို လူငယ်ပန်းချီ ဆရာ အနည်းစုက ရေးဆွဲလာကြကြောင်း ပြပွဲပြုလုပ်သူ ပန်းချီဆရာ ကိုကျော်ဇေယျထံမှ သိရသည်။
“တြိဂံနောက်ခံတွေပေါ်မှာ ရေးဆွဲတဲ့အတွက် ပုံတွေရေရှည်ခံတယ်။ နောက်ပြီး ပန်းချီဝါသနာရှင် လူငယ်တွေ အတွက်လည်း အသစ် အသစ်တွေခံစားလို့ရနိုင်အောင်လို့ ပြပွဲလေးလုပ်လိုက်တာ အရင် အဖွဲ့လိုက်ပြပွဲတွေမှာ လည်း ပြဖူးတယ်”ဟု ကိုကျော်ဇေယျက ပြောသည်။
လက်ရှိပြပွဲကို တစ်ကိုယ်တော် ပြုလုပ်ခြင်းဖြစ်ပြီး ပြပွဲတွင် တစ်ပေပတ်လည်မှ အကြီးဆုံး ၅ ပေနှင့် ၆ ပေရှိသော ပန်းချီကား စုစုပေါင်းပန်းချီကား(၁၉)ကား ပြသထားကြောင်းနှင့် ဈေးနှုန်းအနဖြေင့် ကျပ်တစ်သိန်းမှ (၁၉)သိန်းအထိ ရှိကြောင်း သိရသည်။
''ဒီပွဲလေး လုပ်ဖို့စောင့်ရတာတော်တော်ကြာသွားတယ်။ စောင့်ရကျိုးလည်း နပ်ပါတယ်။ သူ့ပန်းချီကားတွေက အရမ်း ကောင်းတယ်။ ကိုယ်က ပေါ့ထရိတ်လိုင်း မဟုတ်တော့ သိပ်တော့ မပြောတတ်ပါဘူး။''ဟု ပွဲသို့လာရောက်သော ဂရပ်ဖစ်ပညာရှင် ကိုလင်းပင်ဇော်က ဆိုသည်။
ကိုကျော်ဇေယျ အနဖြေင့် ပန်းချီဆွဲခြင်း လုပ်ငန်းကို ၂၀၁၀ ခုနှစ် ကတည်းက လုပ်ကိုင်လာသူဖြစ်ကြောင်း သိရပြီး ဂရပ်ဖစ်နှင့် ပန်းချီ ပေါင်းစပ်ရေးဆွဲခြင်းပညာကို တက်တူးဆရာကိုအောင်သူထံမှ စတင် သင်ကြားခဲ့ကာ အွန်လိုင်းမှ ဆက်လက်လေ့လာခြင်းဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ။ ရွှေဇော်