ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ် မိုင်းဖုန်း(က)ကျေးရွာအုပ်စု ခုတ်ဝတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှု ဇန်န၀ါရီလ(၂၇)ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကြိုးဆွဲချသေဆုံးသူသည် အသက်(၄၅)နှစ်ရှိ ဦးဥာဏ်မြင့်ထွန်းဖြစ်ပြီး ၎င်းသည် နေအိမ်၏ အနောက်ဖက်ရှိ မန်ကျည်းပင်တွင် ကြိုးဆွဲချ၍ နံနက်(၆)နာရီဝန်းကျင်က သေဆုံးနေခြင်း ဖြစ်ကြောင်း တာချီလိတ်နာရေးကူညီမှုအသင်းမှ သိရသည်။
ကြိုးဆွဲချသေဆုံးသူသည် အသက်(၄၅)နှစ်ရှိ ဦးဉာဏ်မြင့်ထွန်းဖြစ်ပြီး၎င်းသည် နေအိမ်၏ အနောက်ဖက်ရှိ မန်ကျည်းပင်တွင် ကြိုးဆွဲချ၍ နံနက်(၆)နာရီဝန်းကျင်က သေဆုံးနခြေင်း ဖြစ်ကြောင်း တာချီလိတ်နာရေးကူညီမှုအသင်းမှ သိရသည်။
သေဆုံးသူ၏ ရုပ်အလောင်းအား စစ်ဆေးမှုများပြုလုပ်နိုင်ရန်အတွက် တာချီလိတ်နာရေးကူညီမှုအသင်းမှ တာချီလိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိပြီး ရဲတပ်ဖွဲ့မှ စစ်ဆေးမှုများ ပြုလုပ်နေလျှက်ရှိကြောင်း သိရသည်။
တာချီလိတ်မြို့တွင် ဇန်နဝါရီလအတွင်း ယခုအမှု အပါအဝင် ကြိုးဆွဲချသေဆုံးမှု (၃)မှုရှိပြီဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း