တာခ်ီလိတ္ရွိ အေပါင္ဆိုင္ (၁၅)ဆိုင္အား ၂၀၁၇ - ၂၀၁၈ ခုႏွစ္ ဘ႑ာေရး ႏွစ္အတြက္ ေလလံေလွ်ာက္လႊာမ်ား ေခၚယူ

တာခ်ီလိတ္ရွိ အေပါင္ဆိုင္ (၁၅)ဆိုင္အား ၂၀၁၇ - ၂၀၁၈ ခုႏွစ္ ဘ႑ာေရး ႏွစ္အတြက္ ေလလံေလွ်ာက္လႊာမ်ား ေခၚယူ
ဇန်နဝါရီ 28, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီပိုင္ အရပ္ရပ္ အခြင့္အေရးလိုင္စင္မ်ားအား ၂၀၁၇ - ၂၀၁၈ ခုႏွစ္ ဘ႑ာေရး ႏွစ္အတြက္ ပထမအႀကိမ္ ေစ်းၿပိဳင္စနစ္ေလလံေရာင္းခ်မႈကို ၂၀၁၇ခုႏွစ္ ေဖေဖာ္၀ါရီလ(၁)ရက္ေန႔တြင္ ျပဳလုပ္မည္ ျဖစ္ရာ ေလလံအမ်ဳိးအစားမ်ားတြင္ အေပါင္(၁၅)ဆိုင္ ပါ၀င္ေၾကာင္း သိရသည္။

အေပါင္ဆိုင္(၁၅)ဆိုင္အနက္ ႀကမ္းခင္းေစ်း အနည္းဆံုးမွာ က်ပ္(၁,၀၂၀,၀၀၀)ျဖင့္ သတ္မွတ္ထားသည့္ ၀မ္ေကာင္းအေပါင္ဆိုင္(၂)ျဖစ္ၿပီး ၾကမ္းခင္းေစ်း အမ်ားဆံုးအျဖစ္ ဆန္ဆိုင္း(က)အေပါင္ဆိုင္(၁) က်ပ္(၂၈)သိန္းျဖင့္ သတ္မွတ္ထားေၾကာင္း သိရသည္။

"အေပါင္ဆိုင္ေတြမွာ မႏွစ္က ၾကမ္းခင္းေစ်း (၇)သိန္းျဖစ္ေနတဲ့ဟာက ဒီႏွစ္မွာ က်ပ္(၁၂)သိန္းျဖစ္ေနတာေတာ့ ရွိတယ္။ ေကာ္မတီအစည္းအေ၀းေတြ လုပ္ၿပီး တိုးျမႇင့္ထားတာပါ"ဟု စည္ပင္သာယာေရးဌာနမွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

ပုန္းထြန္အေပါင္ဆိုင္(၁)အား ၾကမ္းခင္းေစ်း (၁၆၁,၀၀၀)ျဖင့္ လည္းေကာင္း၊ ပုန္းထြန္အေပါင္ဆိုင္(၂)အား ၾကမ္းခင္းေစ်း က်ပ္(၁၂)သိန္းျဖင့္ လည္းေကာင္း၊ မကာဟိုခမ္းအေပါင္ဆိုင္(၁)အား ၾကမ္းခင္းေစ်း (၁,၂၃၀,၀၀၀)ျဖင့္ လည္းေကာင္း၊  မကာဟိုခမ္းအေပါင္ဆိုင္(၂)အား (၁,၆၁၀,၀၀၀)ျဖင့္ လည္းေကာင္း၊ ၀မ္ေကာင္းအေပါင္ဆိုင္(၁)အား (၁၅)သိန္းျဖင့္ လည္းေကာင္း၊ ၀မ္ေကာင္းအေပါင္ဆိုင္(၂)အား ၾကမ္းခင္းေစ်း ( ၁,၀၂၀,၀၀၀)ျဖင့္ လည္းေကာင္း၊ ၀မ္ေကာင္းအေပါင္ဆိုင္(၃)အား ၾကမ္းခင္းေစ်း (၁၂)သိန္းျဖင့္ လည္းေကာင္း၊ ဆန္ဆိုင္း(က)အေပါင္ဆိုင္ (၁)အား ၾကမ္းခင္းေစ်း (၂၈)သိန္းျဖင့္ လည္းေကာင္း၊ ဆန္ဆိုင္း(က)အေပါင္ဆိုင္ (၂)အား ၾကမ္းခင္းေစ်း (၁၂)သိန္းျဖင့္ လည္းေကာင္း၊ ဆန္ဆိုင္း(က)အေပါင္ဆိုင္ (၃)အား ၾကမ္းခင္းေစ်း (၁,၆၁၀,၀၀၀)သိန္းျဖင့္ လည္းေကာင္း၊ မယ္ေခါင္အေပါင္ဆိုင္အား ၾကမ္းခင္းေစ်း (၁၂)သိန္းျဖင့္ လည္းေကာင္း၊ ၀ိန္းေက်ာက္အေပါင္ဆိုင္အား ၾကမ္းခင္းေစ်း  (၁,၄၅၀,၀၀၀)ျဖင့္ လည္းေကာင္း၊ ပါဆတ္ အေပါင္ဆိုင္အား ၾကမ္းခင္းေစ်း (၁,၆၁၀,၀၀၀)ျဖင့္ လည္းေကာင္း၊ မိုင္းကိုးအေပါင္ဆိုင္အား ၾကမ္းခင္းေစ်း (၁,၀၇၀,၀၀၀)ျဖင့္ လည္းေကာင္း၊ ေဟာင္လိတ္အေပါင္ဆိုင္အား ၾကမ္းခင္းေစ်း ( ၁,၇၂၀,၀၀၀)ျဖင့္ လည္းေကာင္း အသီးသီး သတ္မွတ္ထားေၾကာင္း သိရသည္။

ပထမအႀကိမ္ ေစ်းၿပိဳင္စနစ္ေလလံေရာင္းခ်မႈကို ၂၀၁၇ခုႏွစ္ ေဖေဖာ္၀ါရီလ(၁)ရက္ေန႔တြင္ တာခ်ီလိတ္ၿမိဳ႕ ေအာင္ျမတ္ခန္းမ၌ နံနက္(၉)နာရီအခ်ိန္၌ က်င္းပျပဳလုပ္မွာ ျဖစ္သည့္အတြက္ ေလလံ ေလွ်ာက္လႊာ မ်ားကို ဇန္န၀ါရီလ(၃၁)ရက္ေန႔ ေန႔လယ္(၁၂)နာရီ တိတိတြင္ ေနာက္ဆံုး သတ္မွတ္ ထားေၾကာင္း ႏွင့္ ေလလံေလွ်ာက္လႊာမ်ားႏွင့္ ပတ္သက္၍ တာခ်ီလိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနရံုး ( 084-51974 ၊ 08451035 )သို႔ ရံုးဖြင့္ခ်ိန္မ်ားတြင္ လာေရာက္၍ စံုစမ္းႏိုင္မွာ ျဖစ္ေၾကာင္း သိရသည္။



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီပိုင် အရပ်ရပ် အခွင့်အရေးလိုင်စင်များအား ၂၀၁၇ - ၂၀၁၈ ခုနှစ် ဘဏ္ဍာရေး နှစ်အတွက် ပထမအကြိမ် ဈေးပြိုင်စနစ်လေလံရောင်းချမှုကို ၂၀၁၇ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ရာ လေလံအမျိုးအစားများတွင် အပေါင်(၁၅)ဆိုင် ပါဝင်ကြောင်း သိရသည်။

အပေါင်ဆိုင်(၁၅)ဆိုင်အနက် ကြမ်းခင်းဈေး အနည်းဆုံးမှာ ကျပ်(၁,ဝ၂၀,ဝဝဝ)ဖြင့် သတ်မှတ်ထားသည့် ဝမ်ကောင်းအပေါင်ဆိုင်(၂)ဖြစ်ပြီး ကြမ်းခင်းဈေး အများဆုံးအဖြစ် ဆန်ဆိုင်း(က)အပေါင်ဆိုင်(၁) ကျပ်(၂၈)သိန်းဖြင့် သတ်မှတ်ထားကြောင်း သိရသည်။

"အပေါင်ဆိုင်တွေမှာ မနှစ်က ကြမ်းခင်းဈေး (၇)သိန်းဖြစ်နေတဲ့ဟာက ဒီနှစ်မှာ ကျပ်(၁၂)သိန်းဖြစ်နေတာတော့ ရှိတယ်။ ကော်မတီအစည်းအေဝးတွေ လုပ်ပြီး တိုးမြှင့်ထားတာပါ"ဟု စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပုန်းထွန်အပေါင်ဆိုင်(၁)အား ကြမ်းခင်းဈေး (၁၆၁,ဝဝဝ)ဖြင့် လည်းကောင်း၊ ပုန်းထွန်အပေါင်ဆိုင်(၂)အား ကြမ်းခင်းဈေး ကျပ်(၁၂)သိန်းဖြင့် လည်းကောင်း၊ မကာဟိုခမ်းအပေါင်ဆိုင်(၁)အား ကြမ်းခင်းဈေး (၁,၂၃၀,ဝဝဝ)ဖြင့် လည်းကောင်း၊ မကာဟိုခမ်းအပေါင်ဆိုင်(၂)အား (၁,၆၁၀,ဝဝဝ)ဖြင့် လည်းကောင်း၊ ဝမ်ကောင်းအပေါင်ဆိုင်(၁)အား (၁၅)သိန်းဖြင့် လည်းကောင်း၊ ဝမ်ကောင်းအပေါင်ဆိုင်(၂)အား ကြမ်းခင်းဈေး ( ၁,ဝ၂၀,ဝဝဝ)ဖြင့် လည်းကောင်း၊ ဝမ်ကောင်းအပေါင်ဆိုင်(၃)အား ကြမ်းခင်းဈေး (၁၂)သိန်းဖြင့် လည်းကောင်း၊ ဆန်ဆိုင်း(က)အပေါင်ဆိုင် (၁)အား ကြမ်းခင်းဈေး (၂၈)သိန်းဖြင့် လည်းကောင်း၊ ဆန်ဆိုင်း(က)အပေါင်ဆိုင် (၂)အား ကြမ်းခင်းဈေး (၁၂)သိန်းဖြင့် လည်းကောင်း၊ ဆန်ဆိုင်း(က)အပေါင်ဆိုင် (၃)အား ကြမ်းခင်းဈေး (၁,၆၁၀,ဝဝဝ)သိန်းဖြင့် လည်းကောင်း၊ မယ်ခေါင်အပေါင်ဆိုင်အား ကြမ်းခင်းဈေး (၁၂)သိန်းဖြင့် လည်းကောင်း၊ ဝိန်းကျောက်အပေါင်ဆိုင်အား ကြမ်းခင်းဈေး (၁,၄၅၀,ဝဝဝ)ဖြင့် လည်းကောင်း၊ ပါဆတ် အပေါင်ဆိုင်အား ကြမ်းခင်းဈေး (၁,၆၁၀,ဝဝဝ)ဖြင့် လည်းကောင်း၊ မိုင်းကိုးအပေါင်ဆိုင်အား ကြမ်းခင်းဈေး (၁,ဝ၇၀,ဝဝဝ)ဖြင့် လည်းကောင်း၊ ဟောင်လိတ်အပေါင်ဆိုင်အား ကြမ်းခင်းဈေး ( ၁,၇၂၀,ဝဝဝ)ဖြင့် လည်းကောင်း အသီးသီး သတ်မှတ်ထားကြောင်း သိရသည်။

ပထမအကြိမ် ဈေးပြိုင်စနစ်လေလံရောင်းချမှုကို ၂၀၁၇ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ နံနက်(၉)နာရီအချိန်၌ ကျင်းပပြုလုပ်မှာ ဖြစ်သည့်အတွက် လေလံ လျှောက်လွှာ များကို ဇန်နဝါရီလ(၃၁)ရက်နေ့ နေ့လယ်(၁၂)နာရီ တိတိတွင် နောက်ဆုံး သတ်မှတ် ထားကြောင်း နှင့် လေလံလျှောက်လွှာများနှင့် ပတ်သက်၍ တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနရုံး ( 084-51974၊ 08451035 )သို့ ရုံးဖွင့်ချိန်များတွင် လာရောက်၍ စုံစမ်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~