ေက်ာက္မဲၿမိဳ႕ထဲတြင္ အကာအရံမရွိသည့္ ေခ်ာင္းထဲသို႔ ကားတစ္စီးထိုးက်

ေက်ာက္မဲၿမိဳ႕ထဲတြင္ အကာအရံမရွိသည့္ ေခ်ာင္းထဲသို႔ ကားတစ္စီးထိုးက်
ဇန်နဝါရီ 26, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေက်ာက္မဲၿမိဳ႕၊ အမွတ္(၆)ရပ္ကြက္အတြင္း အကာအရံမရွိသည့္ ေရေခ်ာင္းထဲသို႔ ေျခာက္ဘီးယာဥ္တစ္စီး အရွိန္မထိန္းႏိုင္ဘဲ ထိုးက်သြားမႈ ဇန္န၀ါရီလ(၂၆)ရက္ေန႔ ေန႔လယ္(၂)နာရီ ၀န္းက်င္က ျဖစ္ပြားခဲ့သည္။

"ကြ်န္ေတာ္တို႔ ေရာက္သြားေတာ့ ယာဥ္ေမာင္းျဖစ္သူက ေခ်ာင္းထဲကေန အေပၚကိုေတာင္ေရာက္ေနၿပီဗ်၊ ဦးေခါင္းမွာ ဒဏ္ရာအနည္းငယ္ရထားတယ္၊ ယာဥ္ကေတာ့ ၿဗံဳး(ျဖဳန္း)ေက်ာက္ေတြသယ္တဲ့ ေျခာက္ဘီး ကားေပါ့၊ ဆိုင္ကယ္ကို ေရွာင္ရင္းေခ်ာင္းထဲ ထိုးက်သြားတယ္လို႔ သိရပါတယ္။ ယာဥ္မွာ ပိတ္မိေနတဲ့ သူမရွိလို႔ ျပန္ခဲ့တာပါ ကားကိုဆယ္ဖို႔ေတာ့ ကရိန္းေခၚထားပါတယ္"ဟု အခင္းျဖစ္ေနရာသို႔ ကယ္ဆယ္ေရး သြားေရာက္ခဲ့သည့္ ေက်ာက္မဲမီးသတ္စခန္းမွ မီးသတ္ဝန္ထမ္းတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာသည္။

ေရေခ်ာင္းထဲသို႔ ထုိးက်ခဲ့သည့္ အဆိုပါ ေျခာက္ဘီးယာဥ္တြင္ ယာဥ္ေမာင္းႏွင္သူတစ္ဦးတည္းသာပါရွိၿပီး ကုန္ပစၥည္း တင္ေဆာင္ထားျခင္းလည္း မရွိေၾကာင္း သိရသည္။

"ယာဥ္ထိန္းအရာရွိေတြ သြားေနပါၿပီ ကားကိုဆယ္တင္ဖို႔လုပ္ေဆာင္ေနတုန္းဗ် ကရိန္းနဲ႔ဆယ္ေနတယ္၊ ဆယ္တင္တဲ့လုပ္ငန္းလုပ္ေဆာင္ၿပီးသြားမွပဲ တာဝန္ရွိတဲ့ အတိုင္းဆက္လုပ္သြားမွာပါ"ဟု ေက်ာက္မဲ ယာဥ္ထိန္းရဲ တပ္ၾကပ္ ဘေစာ က ေျပာသည္။

အဆိုပါ ေရေခ်ာင္းမွာ ႏွစ္စဥ္မိုးရာသီတိုင္း ေရႀကီးေရလွ်ံမႈျဖစ္ပြားတတ္သည့္ ေရေခ်ာင္းျဖစ္ၿပီး ေရစီးေရလာ ေကာင္းမြန္ေစရန္အတြက္ ေခ်ာင္းထိန္းနံရံမ်ား တည္ေဆာက္ထားေသာ္လည္း ေခ်ာင္းအကာအရံမရွိေသးေၾကာင္း သိရသည္။

သတင္း - #ေနၿဖဳိးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ အမှတ်(၆)ရပ်ကွက်အတွင်း အကာအရံမရှိသည့် ရေချောင်းထဲသို့ ခြောက်ဘီးယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ထိုးကျသွားမှု ဇန်နဝါရီလ(၂၆)ရက်နေ့ နေ့လယ်(၂)နာရီ ဝန်းကျင်က ဖြစ်ပွားခဲ့သည်။

"ကျွန်တော်တို့ ရောက်သွားတော့ ယာဉ်မောင်းဖြစ်သူက ချောင်းထဲကနေ အပေါ်ကိုတောင်ရောက်နပြေီဗျ၊ ဦးခေါင်းမှာ ဒဏ်ရာအနည်းငယ်ရထားတယ်၊ ယာဉ်ကတော့ ဗြုံး(ဖြုန်း)ကျောက်တွေသယ်တဲ့ ခြောက်ဘီး ကားပေါ့၊ ဆိုင်ကယ်ကို ရှောင်ရင်းချောင်းထဲ ထိုးကျသွားတယ်လို့ သိရပါတယ်။ ယာဉ်မှာ ပိတ်မိနေတဲ့ သူမရှိလို့ ပြန်ခဲ့တာပါ ကားကိုဆယ်ဖို့တော့ ကရိန်းခေါ်ထားပါတယ်"ဟု အခင်းဖြစ်နေရာသို့ ကယ်ဆယ်ရေး သွားရောက်ခဲ့သည့် ကျောက်မဲမီးသတ်စခန်းမှ မီးသတ်ဝန်ထမ်းတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။

ရေချောင်းထဲသို့ ထိုးကျခဲ့သည့် အဆိုပါ ခြောက်ဘီးယာဉ်တွင် ယာဉ်မောင်းနှင်သူတစ်ဦးတည်းသာပါရှိပြီး ကုန်ပစ္စည်း တင်ဆောင်ထားခြင်းလည်း မရှိကြောင်း သိရသည်။

"ယာဉ်ထိန်းအရာရှိတွေ သွားနေပါပြီ ကားကိုဆယ်တင်ဖို့လုပ်ဆောင်နေတုန်းဗျ ကရိန်းနဲ့ဆယ်နေတယ်၊ ဆယ်တင်တဲ့လုပ်ငန်းလုပ်ဆောင်ပြီးသွားမှပဲ တာဝန်ရှိတဲ့ အတိုင်းဆက်လုပ်သွားမှာပါ"ဟု ကျောက်မဲ ယာဉ်ထိန်းရဲ တပ်ကြပ် ဘစော က ပြောသည်။

အဆိုပါ ရေချောင်းမှာ နှစ်စဉ်မိုးရာသီတိုင်း ရကြေီးရေလျှံမှုဖြစ်ပွားတတ်သည့် ရေချောင်းဖြစ်ပြီး ရေစီးရေလာ ကောင်းမွန်စေရန်အတွက် ချောင်းထိန်းနံရံများ တည်ဆောက်ထားသော်လည်း ချောင်းအကာအရံမရှိသေးကြောင်း သိရသည်။

သတင်း - #နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~