ရွမ္းျပည္နယ္ အေရွ႕ပုိုင္း၊ က်ိဳင္းတုံၿမိဳ႕ ဂီတအစည္းအရုံးႏွင့္ က်ိဳင္းတုံလူငယ္ကြန္ယက္တို ့ဦးစီး၍ (၃)ရက္တာ တန္ေဆာင္တိုင္ ေပ်ာ္ပြဲရႊင္ပြဲကို က်င္းပၿပီး လူငယ္စင္တာတည္ေထာင္ေရးႏွင့္ ဂီတအစည္းအရံုး ရန္ပုံေငြရွာမည္ျဖစ္ေၾကာင္း သိရသည္။
"ကၽြန္ေတာ္တို ့အေနနဲ ့ က်ိဳင္းတုံလူငယ္စင္တာတစ္ခုကိုဖြင့္ဖို ့အတြက္ ဒီပြဲကေနရရိွတဲ့ အက်ိဳးအျမတ္ေတြကို မတည္ေငြအျဖစ္ အသုံးျပဳသြားမွာ ျဖစ္ပါတယ္။ အလွဴခံၿပီး စလုပ္တာထက္စာရင္ ဒီလိုဟာေလးကေနစၿပီးေတာ့ ႀကိဳးစားတဲ့ သေဘာပါ။"ဟု က်ိဳင္းတုံလူငယ္ကြန္ယက္မွ ကိုစိုင္းထြန္းလင္းက Tachileik News Agencyသို႔ ေျပာသည္။
တန္ေဆာင္တိုင္ပြဲက်င္းပရန္ ေငြက်ပ္(၅)သိန္းမွ ေငြက်ပ္သိန္း(၃၀)အထိ ပံ့ပိုးသူ (sponsor) အုပ္စု(၄)ခုုခြဲ၍ ရွာေဖြေနၿပီး အဆိုပါ ပံ့ပိုးေငြမ်ားမွ ရန္ပံုေငြအျဖစ္ အသံုးျပဳမည္ျဖစ္ေၾကာင္း သိရသည္။
"ဒီလူငယ္စင္တာဖြင့္ျဖစ္ရင္ ေထာက္ပံ့ေပးမယ့္ အဖြဲ ့အစည္းေတြကေတာ့ လာေတာ့ေမးေနၿပီ။ ဒါေပမဲ့ ေနရာ မရိွတာေပါ့ေနာ္။ ဒါေၾကာင့္ ဒီပြဲကေနရရိွတဲ့ အက်ိဳးအျမတ္နဲ ့ ဖြင့္သြားဖို ့ ႀကိဳးစားေနပါတယ္။ ဒီစင္တာကေနၿပီးေတာ့ ေဒသတြင္း လူငယ္ေတြအတြက္ ဗဟုသုတေတြ မွ်ေ၀တဲ့ ေနရာျဖစ္မယ္။ လူငယ္ေတြကို သင္တန္းလာေပးမယ့္ ဌာနေတြ၊ အဖြဲ ့အစည္းေတြ အတြက္ ေနရာတစ္ခု ျဖစ္မယ္။ လူငယ္ေတြ ေတြ႔ဆုံၿပီးေတာ့ ကိုယ့္ရဲ ့တိုးတက္ရာ တိုးတက္ေၾကာင္းေပါ့ေနာ္ လူငယ္ေရးရာေတြ ေဆြးေႏြးသြားမယ္။"ဟု ကိုစိုင္းထြန္းလင္းက ေျပာသည္။
အဆိုပါ ပြဲကို ၿမိဳ႕နယ္အားကစားကြင္းတြင္ ႏို၀င္ဘာလ(၁၂)ရက္ေန႔မွ (၁၄)ရက္ေန႔အထိ က်င္းပ သြားမည္ျဖစ္ၿပီး ပြဲကာလအတြင္း ပရိသတ္မ်ား စနစ္တက် အမိႈက္စြန႔္ပစ္ေစရန္ လႈံ ့ေဆာ္သြားမည္ ျဖစ္ေၾကာင္း သိရသည္။
"အခုလက္ရိွမွာက ေဒသတြင္းက လူငယ္ေတြက ျပန္႔က်ဲေနၿပီးေတာ့ ဟိုတစ္ဖြဲ ့ ဒီတစ္ဖြဲ ့ ျဖစ္ေနၾကတယ္။ ဒီစင္တာ တကယ္ဖြင့္ႏိုင္ခဲ့မယ္ ဆိုရင္ လူငယ္ေတြ စုစုစည္းစည္းနဲ ့ ေတြ ့ဆုံတာပဲျဖစ္ျဖစ္၊ ဘ၀တိုးတက္ေရး အတြက္ ေဆြးေႏြးၾကတာပ ဲျဖစ္ျဖစ္ လုပ္ႏိုင္တာေပါ့။"ဟု ကိုစိုးလင္းေအာင္က ေျပာသည္။
တန္ေဆာင္တိုင္ ေပ်ာ္ပြဲရႊင္ပြဲတြင္ ရိုးရာလက္လုပ္ မီးပုံးအလွၿပိဳင္ပြဲ၊ ရွမ္းခ်ယ္ရီမယ္ေရြးခ်ယ္ပြဲ၊ Mr. Fitness Star ေရြးခ်ယ္ပြဲႏွင့္ တန္ေဆာင္တိုင္ အဆိုရွင္ၿပိဳင္ပြဲတို ့ကို ထည့္သြင္းက်င္းပသြားမည္ျဖစ္ၿပီး ေဒသတြင္း တိုင္းရင္းသား ရိုးရာယဥ္ေက်းမႈ အကအလွႏွင့္ျပခန္းမ်ား၊ ေဒသတြင္း လက္မႈျပခန္းမ်ား၊ ကေလးလူၾကီး မေရြးကစားႏိုင္သည့္ ေလာင္းကစားမဟုတ္သည့္ ကစားနည္းမ်ား၊ အသိပညာေပးျပခန္းမ်ားႏွင့္ ေဒသတြင္းလူငယ္မ်ား ပရဟိတလုပ္ငန္းမ်ားတြင္ ပါ၀င္လာေစရန္အတြက္ လႈံ ့ေဆာ္သည့္က႑မ်ား ပါ၀င္မည္ျဖစ္ေၾကာင္း သိရသည္။
က်ိဳင္းတုံလူငယ္ကြန္ရက္ကို ေအာက္တိုဘာလ (၁၅)ရက္ေန႔က စတင္ဖြဲ ့စည္းခဲ့ျခင္းျဖစ္ၿပီး ေဒသတြင္း လူမႈေရးလုပ္ငန္းမ်ား လုပ္ေဆာင္လွ်က္ရိွသည့္ အဖဲြ ့အစည္းမ်ားတြင္ ဦးေဆာင္လႈပ္ရွားေနသူမ်ား အပါအ၀င္ အဖြဲ ့၀င္ (၂၈၀)ခန္ ့ရိွေနၿပီျဖစ္ေၾကာင္း သိရသည္။
သတင္း - ဇြဲျမတ္
"ကျွန်တော်တို့အနေနဲ့ ကျိုင်းတုံလူငယ်စင်တာတစ်ခုကိုဖွင့်ဖို့အတွက် ဒီပွဲကနေရရှိတဲ့ အကျိုးအမြတ်တွေကို မတည်ငွေအဖြစ် အသုံးပြုသွားမှာ ဖြစ်ပါတယ်။ အလှူခံပြီး စလုပ်တာထက်စာရင် ဒီလိုဟာလေးကနေစပြီးတော့ ကြိုးစားတဲ့ သဘောပါ။"ဟု ကျိုင်းတုံလူငယ်ကွန်ယက်မှ ကိုစိုင်းထွန်းလင်းက Tachileik News Agencyသို့ ပြောသည်။
တန်ဆောင်တိုင်ပွဲကျင်းပရန် ငွေကျပ်(၅)သိန်းမှ ငွေကျပ်သိန်း(၃၀)အထိ ပံ့ပိုးသူ (sponsor) အုပ်စု(၄)ခုခွဲ၍ ရှာဖွေနပြေီး အဆိုပါ ပံ့ပိုးငွေများမှ ရန်ပုံငွေအဖြစ် အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။
"ဒီလူငယ်စင်တာဖွင့်ဖြစ်ရင် ထောက်ပံ့ပေးမယ့် အဖွဲ့အစည်းတွေကတော့ လာတော့မေးနပြေီ။ ဒါပေမဲ့ နေရာ မရှိတာပေါ့နော်။ ဒါကြောင့် ဒီပွဲကနေရရှိတဲ့ အကျိုးအမြတ်နဲ့ ဖွင့်သွားဖို့ ကြိုးစားနေပါတယ်။ ဒီစင်တာကနပြေီးတော့ ဒေသတွင်း လူငယ်တွေအတွက် ဗဟုသုတတွေ မျှေဝတဲ့ နေရာဖြစ်မယ်။ လူငယ်တွေကို သင်တန်းလာပေးမယ့် ဌာနတွေ၊ အဖွဲ့အစည်းတွေ အတွက် နေရာတစ်ခု ဖြစ်မယ်။ လူငယ်တွေ တွေ့ဆုံပြီးတော့ ကိုယ့်ရဲ့တိုးတက်ရာ တိုးတက်ကြောင်းပေါ့နော် လူငယ်ရေးရာတွေ ဆွေးနွေးသွားမယ်။"ဟု ကိုစိုင်းထွန်းလင်းက ပြောသည်။
အဆိုပါ ပွဲကို မြို့နယ်အားကစားကွင်းတွင် နိုဝင်ဘာလ(၁၂)ရက်နေ့မှ (၁၄)ရက်နေ့အထိ ကျင်းပ သွားမည်ဖြစ်ပြီး ပွဲကာလအတွင်း ပရိသတ်များ စနစ်တကျ အမှိုက်စွန့်ပစ်စေရန် လှုံ့ဆော်သွားမည် ဖြစ်ကြောင်း သိရသည်။
"အခုလက်ရှိမှာက ဒေသတွင်းက လူငယ်တွေက ပြန့်ကျဲနပြေီးတော့ ဟိုတစ်ဖွဲ့ ဒီတစ်ဖွဲ့ ဖြစ်နကြေတယ်။ ဒီစင်တာ တကယ်ဖွင့်နိုင်ခဲ့မယ် ဆိုရင် လူငယ်တွေ စုစုစည်းစည်းနဲ့ တွေ့ဆုံတာပဲဖြစ်ဖြစ်၊ ဘဝတိုးတက်ရေး အတွက် ဆွေးနွေးကြတာပဲဖြစ်ဖြစ် လုပ်နိုင်တာပေါ့။"ဟု ကိုစိုးလင်းအောင်က ပြောသည်။
တန်ဆောင်တိုင် ပျော်ပွဲရွှင်ပွဲတွင် ရိုးရာလက်လုပ် မီးပုံးအလှပြိုင်ပွဲ၊ ရှမ်းချယ်ရီမယ်ရွေးချယ်ပွဲ၊ Mr. Fitness Star ရွေးချယ်ပွဲနှင့် တန်ဆောင်တိုင် အဆိုရှင်ပြိုင်ပွဲတို့ကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး ဒေသတွင်း တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အကအလှနှင့်ပြခန်းများ၊ ဒေသတွင်း လက်မှုပြခန်းများ၊ ကလေးလူကြီး မရွေးကစားနိုင်သည့် လောင်းကစားမဟုတ်သည့် ကစားနည်းများ၊ အသိပညာပေးပြခန်းများနှင့် ဒေသတွင်းလူငယ်များ ပရဟိတလုပ်ငန်းများတွင် ပါဝင်လာစေရန်အတွက် လှုံ့ဆော်သည့်ကဏ္ဍများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ကျိုင်းတုံလူငယ်ကွန်ရက်ကို အောက်တိုဘာလ (၁၅)ရက်နေ့က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဒေသတွင်း လူမှုရေးလုပ်ငန်းများ လုပ်ဆောင်လျှက်ရှိသည့် အဖွဲ့အစည်းများတွင် ဦးဆောင်လှုပ်ရှားနေသူများ အပါအဝင် အဖွဲ့ဝင် (၂၈၀)ခန့်ရှိနပြေီဖြစ်ကြောင်း သိရသည်။
သတင်း - ဇွဲမြတ်