နိုဝင်ဘာလ ( ၈)ရက်နေ့ ညမှစတင်၍ (၉)ရက်နေ့ မနက်(၁၁)နာရီအထိ ရွာသွန်းခဲ့သည့် မိုးကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ရှိ ကားလမ်းအများစုတွင် တစ်နာရီခွဲခန့်အကြာ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သည်။
"မိုးကတော်တော်ရွာတယ် ရေမြောင်းထဲကို ရေကမဆင်းနိုင်တော့ဘူး မိုးရွာတိုင်းဒီလိုပဲရေလျှံတယ် ကျွန်တော်နေတဲ့ရပ်ကွက်ဆို မနက်ကတည်းက ရေပြင်ကြီးပဲ ဒီဖက် (၈)ရပ်ကွက် ကွန်ဖြူးရှပ်ကျောင်းကနေ ကြံ့ခိုင်ရေးကားကွင်းထိ တစ်ဖက်က မုံလာခြံ မိုးကောင်းကျောင်း နဲ့ သံလမ်းအောက်ဖက်အထိ ရေဝပ်နေတာ"ဟု အမှတ်(၈)ရပ်ကွက် ထုံးဖိုရပ်နေ ကိုစိုင်းက ပြောသည်။
နမ့်စောင်းငေါင်း ချောင်းအတွင်းစည်းကမ်းမဲ့ အမှိုက်ပစ်ခြင်းများကြောင့် ချောင်း၏ရေစီးရေလာ ကောင်းမွန်ခြင်း မရှိတော့ခြင်းသည် မိုးရွာတိုင်း ရေတင်ကျန်နေခဲ့စေခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
"ချောင်းထဲအမှိုက်ပစ်တဲ့သူကို စောင့်ဖမ်းတယ်၊ မိတယ်၊ ရုံးကိုခေါ် သတိပေးတာမျိုးတွေလုပ်တယ်၊ ဒါပေမယ့် ပစ်နေကြတုန်းပါပဲ ကျွန်တော် ငယ်ငယ်က ကျောက်မဲမှာနေဖူးတယ်၊ ဒီရဲ့ နမ့်စမ်းငေါင်း ချောင်းက ရေချိုးလို့ရ ငါးဖမ်းလို့ရတဲ့အထိ သာယာ လှပတယ် အခုတော့အမှိုက်တွေချည်းပဲ ဒါပေမယ့် ကျွန်တော်ဒီချောင်းကို ချောင်းကာနံရံတွေ ထပ်လုပ်ပီး ပြင်ဆင်ပေးသွားဦးမှာပါ" ဟု မြို့နယ်စည်ပင်သာယာရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဆွေ က ပြောသည်။
သတင်း/ဓာတ်ပုံ - နေဖြိုးမြင့်
"မိုးကတော်တော်ရွာတယ် ရေမြောင်းထဲကို ရေကမဆင်းနိုင်တော့ဘူး မိုးရွာတိုင်းဒီလိုပဲရေလျှံတယ် ကျွန်တော်နေတဲ့ရပ်ကွက်ဆို မနက်ကတည်းက ရပြေင်ကြီးပဲ ဒီဖက် (၈)ရပ်ကွက် ကွန်ဖြူးရှပ်ကျောင်းကနေ ကြံ့ခိုင်ရေးကားကွင်းထိ တစ်ဖက်က မုံလာခြံ မိုးကောင်းကျောင်း နဲ့ သံလမ်းအောက်ဖက်အထိ ရေဝပ်နေတာ"ဟု အမှတ်(၈)ရပ်ကွက် ထုံးဖိုရပ်နေ ကိုစိုင်းက ပြောသည်။
နမ့်စောင်းငေါင်း ချောင်းအတွင်းစည်းကမ်းမဲ့ အမှိုက်ပစ်ခြင်းများကြောင့် ချောင်း၏ရေစီးရေလာ ကောင်းမွန်ခြင်း မရှိတော့ခြင်းသည် မိုးရွာတိုင်း ရေတင်ကျန်နေခဲ့စခြေင်း ဖြစ်ကြောင်း၎င်းကဆိုသည်။
၂၀၁၂ ခုနှစ်မှစ၍ မြို့နယ်စည်ပင်သာယာရေးဌာနမှ၎င်းချောင်းအား မွန်းမံပြင်ဆင်လာနေသော်လည်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများမှာ ရှိနေဆဲဖြစ်သည်။
"ချောင်းထဲအမှိုက်ပစ်တဲ့သူကို စောင့်ဖမ်းတယ်၊ မိတယ်၊ ရုံးကိုခေါ် သတိပေးတာမျိုးတွေလုပ်တယ်၊ ဒါပေမယ့် ပစ်နကြေတုန်းပါပဲ ကျွန်တော် ငယ်ငယ်က ကျောက်မဲမှာနေဖူးတယ်၊ ဒီရဲ့ နမ့်စမ်းငေါင်း ချောင်းက ရေချိုးလို့ရ ငါးဖမ်းလို့ရတဲ့အထိ သာယာ လှပတယ် အခုတော့အမှိုက်တွေချည်းပဲ ဒါပေမယ့် ကျွန်တော်ဒီချောင်းကို ချောင်းကာနံရံတွေ ထပ်လုပ်ပီး ပြင်ဆင်ပေးသွားဦးမှာပါ" ဟု မြို့နယ်စည်ပင်သာယာရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဆွေ က ပြောသည်။
ယခင်က မိုးရွာလျှင် လမ်းရေလျှံမှုရှိတတ်သော်လည်း အချိန်ခဏအတွင်း ရေဆင်းသွားတတ်ပြီး ၂၀၁၂ နောက်ပိုင်း လမ်းပေါ်ရေကျန်ခြင်းမှာ ဆိုးရွားလာကြောင်း ဒေသခံများထံမှ သိရှိရသည်။
သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်