တာချီလိတ် ဧပြီလ (၁၃) ရက်
သတင်း။ ။ ဝေယံလင်း
...............
တာချီလိတ် ဧပြီလ (၁၃) ရက်
ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ကျထီးနားကျေးရွာမှ မီးဘေးသင့်ပြည်သူ (၄၀) ဦးအတွက် စားသုံးဆီနှင့် စားသောက်ဖွယ်ရာများကို ရှမ်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊ မြို့နယ် စည်ပင်သာယာရေးဌာန မှ အင်ဂျင်နီယာမှူး ဦးလှမျိုး တို့သည် ဧပြီလ ၁၃ ရက် နေ့လယ်ပိုင်းက သွားရောက်ထောက်ပံ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားရာတွင် ခရစ်ယာန်ဘုရားကျောင်း (၁)ကျောင်း ပြာကျသွားခဲ့ပြီး လူနေအိမ်(၁၃)လုံး ပြာကျသွားခဲ့ကာ ကျား(၂၃)ဦး နှင့် မ(၁၇)ဦး စုစုပေါင်း လူဦးရေ (၄၀) အိုးမဲ့ အိမ်မဲ့ ဖြစ်သွားခဲ့ရကြောင်း သိရသည်။
သတင်း။ ။ ဝေယံလင်း