လိြဳင္ေကာ္၊ ဧၿပီလ (၁၅) ရက္
ဒုတိယအႀကိမ္ေျမာက္ ကေယာအမ်ိဳးသားေန႔ကို ဧၿပီလ ၁၅ ရက္တြင္ ကယားျပည္နယ္ လိြဳင္ေကာ္ၿမိဳ႕ နာနတ္ေတာရပ္ကြက္ ဘီးထာဘုရားေက်ာင္း၌ က်င္းပေၾကာင္း သိရသည္။
အဆိုပါ အခမ္းအနားသို႔ ျပည္နယ္အစိုးရအဖြဲ႕ဝင္မ်ား၊ ယဥ္ေက်းမႈအဖြဲ႕ဝင္မ်ား၊ ေဒသအသီးသီးမွ ကေယာတိုင္းရင္းသားမ်ား စုစုေပါင္းအင္အား (၁၀၀၀)ဝန္းက်င္ခန္႔ တက္ေရာက္ၾကေၾကာင္း သိရသည္။
ကရင္နီမ်ိဳးႏြယ္စုတြင္ ပါဝင္သည့္ ကေယာလူမ်ိဳးစု လူဦးေရ (၃၀,၀၀၀ )၀န္းက်င္ ရိွၿပီး အမ်ားစုသည္ ေတာင္ယာလုပ္ငန္းမ်ားျဖင့္ အသက္ေမြးဝမ္းေၾကာင္းျပဳသူမ်ားျဖစ္ေၾကာင္း သိရသည္။
ပထမအႀကိမ္ ကေယာအမ်ိဳးသားေန႔ကို ဒီေမာ့ဆိုၿမိဳ႕နယ္အတြင္း႐ွိ ထီးဆိုဒူးအမည္႐ွိ သစ္ေတာ တြင္ က်င္းပခဲ့ျခင္းျဖစ္သည္။
သတင္း/ဓာတ္ပံု ။ ။ ေနေလး
..............
လွိုင်ကော်၊ ဧပြီလ (၁၅) ရက်
ဒုတိယအကြိမ်မြောက် ကယောအမျိုးသားနေ့ကို ဧပြီလ ၁၅ ရက်တွင် ကယားပြည်နယ် လွိုင်ကော်မြို့ နာနတ်တောရပ်ကွက် ဘီးထာဘုရားကျောင်း၌ ကျင်းပကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ဒေသအသီးသီးမှ ကယောတိုင်းရင်းသားများ စုစုပေါင်းအင်အား (၁၀၀၀)ဝန်းကျင်ခန့် တက်ရောက်ကြကြောင်း သိရသည်။
ကရင်နီမျိုးနွယ်စုတွင် ပါဝင်သည့် ကယောလူမျိုးစု လူဦးရေ (၃၀,ဝဝဝ )ဝန်းကျင် ရှိပြီး အများစုသည် တောင်ယာလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကြောင်းပြုသူများဖြစ်ကြောင်း သိရသည်။
ပထမအကြိမ် ကယောအမျိုးသားနေ့ကို ဒီမော့ဆိုမြို့နယ်အတွင်းရှိ ထီးဆိုဒူးအမည်ရှိ သစ်တော တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
သတင်း/ဓာတ်ပုံ။ နေလေး