ေအာင္လံ၊ ဧၿပီလ (၂) ရက္ ။ ။ မေကြးတုိင္းေဒသႀကီး ေအာင္လံၿမိဳ႕တြင္ ဘူဒိုဇာ ေျမထိုးယာဥ္ေမာင္း တစ္ဦးသည္ ၎ေမာင္းႏွင္ေနေသာ ေျမထိုးယာဥ္ႀကိတ္မိ၍ ေသဆံုးသြားေၾကာင္း ေအာင္လံၿမိဳ႕နယ္ ေရႊပန္းေတာနယ္ေျမရဲစခန္းမွ သိရသည္။
ေအာင္လံၿမိဳ႕နယ္ ဘင္ဟုန္းသစ္ေတာ ႀကိဳးဝိုင္းကြင္းအမွတ္(၇၀)၌ လမ္းေဖာက္လုပ္ေနသည္႔ ဘူဒိုဇာ ေျမထိုးယာဥ္ေမာင္း ဦးတင္ညိဳ သည္ မတ္လ ၃၁ ရက္ ညေန ၅ နာရီအခ်ိန္ခန္႔က
၎ေမာင္းႏွင္ေသာ GAD 5(ESS) ဘူဒိုဇာေျမထိုးစက္ယာဥ္မွာ ကုန္းဆင္းတြင္ ဆီပိတ္၍ ရပ္တန္႔သြားသျဖင့္ ယာဥ္၏ ယာဘက္ခ်ိန္းဘီးေပၚ တက္ေရာက္ျပဳျပင္ေနရာမွ ဘီးလိမ္႔ၿပီး ေအာက္သို႔ ျပဳတ္က်ကာ နင္းႀကိတ္ခံလိုက္ရျခင္းျဖစ္ေၾကာင္း ရဲစစ္ခ်က္အရ သိရသည္။
ဦးတင္ညိဳမွာ အခင္းျဖစ္ပြားရာတြင္ ေသဆံုးသြားၿပီး ၎ေသဆံုးရျခင္းမွာ ဓမၼတာ အတိုင္းေသဆံုးရျခင္း ဟုတ္၊မဟုတ္ စစ္ေဆးႏိုင္ရန္ ဧၿပီလ ၁ ရက္တြင္ ရဲအုပ္သန္းေဆြထြန္းက တရားလိုျပဳ လုပ္တိုင္တန္းသျဖင္႔ ေသမႈေသခင္းအမွတ္စဥ္ ၄/၂၀၁၆အရ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားေၾကာင္း ေရႊပန္းေတာ နယ္ေျမရဲစခန္းမွ သိရသည္။
သတင္း။ ။ ဖီးနစ္
အောင်လံ၊ ဧပြီလ (၂) ရက်။ မကွေးတိုင်းဒေသကြီး အောင်လံမြို့တွင် ဘူဒိုဇာ မြေထိုးယာဉ်မောင်း တစ်ဦးသည်၎င်းမောင်းနှင်နေသော မြေထိုးယာဉ်ကြိတ်မိ၍ သေဆုံးသွားကြောင်း အောင်လံမြို့နယ် ရွှေပန်းတောနယ်မြေရဲစခန်းမှ သိရသည်။
အောင်လံမြို့နယ် ဘင်ဟုန်းသစ်တော ကြိုးဝိုင်းကွင်းအမှတ်(၇၀)၌ လမ်းဖောက်လုပ်နေသည့် ဘူဒိုဇာ မြေထိုးယာဉ်မောင်း ဦးတင်ညို သည် မတ်လ ၃၁ ရက် ညနေ ၅ နာရီအချိန်ခန့်က
၎င်းမောင်းနှင်သော GAD 5(ESS) ဘူဒိုဇာမြေထိုးစက်ယာဉ်မှာ ကုန်းဆင်းတွင် ဆီပိတ်၍ ရပ်တန့်သွားသဖြင့် ယာဉ်၏ ယာဘက်ချိန်းဘီးပေါ် တက်ရောက်ပြုပြင်နေရာမှ ဘီးလိမ့်ပြီး အောက်သို့ ပြုတ်ကျကာ နင်းကြိတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ရဲစစ်ချက်အရ သိရသည်။
ဦးတင်ညိုမှာ အခင်းဖြစ်ပွားရာတွင် သေဆုံးသွားပြီး၎င်းသေဆုံးရခြင်းမှာ ဓမ္မတာ အတိုင်းသေဆုံးရခြင်း ဟုတ်၊မဟုတ် စစ်ဆေးနိုင်ရန် ဧပြီလ ၁ ရက်တွင် ရဲအုပ်သန်းဆွေထွန်းက တရားလိုပြု လုပ်တိုင်တန်းသဖြင့် သေမှုသေခင်းအမှတ်စဉ် ၄/၂၀၁၆အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း ရွှေပန်းတော နယ်မြေရဲစခန်းမှ သိရသည်။
သတင်း။ ဖီးနစ်