ကျိုင်းတုံမြို့ ယန်းကုန်းကျေးရွာတွင် ရှေးရိုးစဉ်ဆက်လုပ်ကိုင်နေသည့် မြေထည်ပစ္စည်းလုပ်ငန်းများမှ အတာအိုးများ သင်္ကြန်ကာလအတွင်း ရောင်းအားကောင်းနေကြောင်း နှင့် အတာအိုးများအား တာချီလိတ်ခရိုင်အတွင်း တင်ပို့ရောင်းချနေရကြောင်း အဆိုပါလုပ်ငန်း လုပ်ကိုင်နေသူများထံမှ သိရသည်။
အဆိုပါရွာတွင် အိမ်ခြေ (၁၀၀) ကျော်ရှိပြီး တစ်ရွာလုံးနီးပါးက မြေထည်ပစ္စည်းအမျိုးမျိုးကို လုပ်ကိုင်နေကြသော်လည်း အတာအိုးပြုလုပ်သူ (၁၅) ဦးခန့်သာရှိပြီး အတာအိုးများကို မြို့တွင်းအပြင် မိုင်းဖြတ်နှင့် တာချီလိတ်မြို့များကိုပါ တင်ပို့ရောင်းချနေရကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ။ ။ ဇင်အောင်
............
ကျိုင်းတုံ၊ ဧပြီလ (၁၂) ရက်
ကျိုင်းတုံမြို့ ယန်းကုန်းကျေးရွာတွင် ရှေးရိုးစဉ်ဆက်လုပ်ကိုင်နေသည့် မြေထည်ပစ္စည်းလုပ်ငန်းများမှ အတာအိုးများ သင်္ကြန်ကာလအတွင်း ရောင်းအားကောင်းနေကြောင်း အဆိုပါလုပ်ငန်း လုပ်ကိုင်နေသူများထံမှ သိရသည်။
" ပစ္စည်းရောင်းရတာကတော့ သူ့အချိန်နဲ့သူပေါ့။ အခုသင်္ကြန်ရောက်ခါနီးအချိန်ဆိုရင် အတာမြေထည်အိုးတွေ ရောင်းအားကောင်းနေပါတယ် " ဟု မြေထည်ပစ္စည်း အရောင်းအဝယ်ပြုလုပ်သူ ဒေါ်ခင်ထားဦးက ပြောသည်။
အဆိုပါရွာတွင် အိမ်ခြေ (၁၀၀) ကျော်ရှိပြီး တစ်ရွာလုံးနီးပါးက မြေထည်ပစ္စည်းအမျိုးမျိုးကို လုပ်ကိုင်နကြေသော်လည်း အတာအိုးပြုလုပ်သူ (၁၅) ဦးခန့်သာရှိပြီး အတာအိုးများကို မြို့တွင်းအပြင် မိုင်းဖြတ်နှင့် တာချီလိတ်မြို့များကိုပါ တင်ပို့ရောင်းချနေရကြောင်း သိရသည်။
မြေထည်ပစ္စည်းလုပ်ငန်းမှ သောက်ရေအိုး၊ အတာအိုး၊ မီးသွေးမီးဖို၊ ကြေးတွန်းကျောက်ခဲ၊ စုဘူးနှင့် ပန်းအိုးစသည်ဖြင့် အမျိုးအစား (၂၀)နီးပါး ထုတ်လုပ်ကြောင်း သိရသည်။
အတာအိုးများကို မတ်လကတည်းက ဈေးကွက်သို့ တင်ပို့ရောင်းချနေရပြီး အတာအိုးတစ်လုံးလျှင် (၅၀၀) ကျပ် ရှိနေကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ။ ဇင်အောင်