တာခ်ီလိတ္၊ မတ္လ (၂၆)ရက္ ။ ။ ျမန္မာ- ထိုင္း ႏွစ္ႏိုင္ငံနယ္စပ္ၿမိဳ႕ျဖစ္သည့္ တာခ်ီလိတ္ၿမိဳ႕ကို ထိုင္းႏုိင္ငံမယ္ဆိုင္ၿမိဳ႕၏ လူေနမႈအဆင့္အတန္း ႏွင့္ တန္းတူညီႏိုင္ရန္မွာ ေဒသတြင္း ေရႊ႕ေျပာင္း အလုပ္သမားမ်ား၏ ဖြံ႕ၿဖိဳးတိုးတက္မႈအေပၚမူတည္ေနေၾကာင္း အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴးက ေျပာၾကားလိုက္သည္။
"တာခ်ီလိတ္ၿမိဳ႕မွာ ထိုင္းႏိုင္ငံနည္းတူ ၿမိဳ႕ျပအေဆာက္အဦး ေကာင္းတာေတြရွိတယ္။ သူတို႔ထက္ေတာင္ ပိုေကာင္းတာေတြရွိပါတယ္။ အဓိက လူေနမႈအဆင့္အတန္းကြာျခားခ်က္မွာေတာ့ ေဒသခံေတြထက္ ေရႊ႕ေျပာင္းအလုပ္သမားေတြမ်ားတယ္။ သူတို႔ရဲ႕ ကြာျခားခ်က္က ေစ်းကြက္စီးပြားေရးစနစ္လို ေငြေၾကး အရင္းအႏွီး၊ လူအရင္းအႏွီးနဲ႔ အသိဥာဏ္အရင္းအႏွီးေတြ မျပည့္စံုေသးရင္ေတာ့ ကြာျခားေနဦးမွာပဲ"ဟု တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊက ေျပာသည္။
တစ္ဖက္ႏိုင္ငံမွ ဖြံ႕ၿဖိဳးတိုးတက္လာမႈအား နမူနာယူ၍ အေတြ႕အၾကံဳအရင္းအႏွီးမ်ား ေပါင္းစပ္၍ သင္ခန္းစာယူကာ တာခ်ီလိတ္ေဒသဖြံ႕ၿဖိဳးတိုးတက္ရန္ လုပ္ေဆာင္ရန္ လိုအပ္ေသာ္လည္း တာခ်ီလိတ္အား ၿမိဳ႕ျပအဂၤါအျပည့္အစံုျဖင့္ ဖြဲ႕စည္းႏိုင္ရန္ အခက္အခဲမ်ားစြာရိွေနေသးေၾကာင္း သိရသည္။
"ကၽြန္မတို႔က ျပည္တြင္းမွာ အလုပ္အကိုင္ရွားပါးလို႔ ဒီတာခ်ီလိတ္မွာ ေငြလာရွာတာ။ ဒီမွာ အလုပ္အကိုင္ေတာ့ ေကာင္းပါတယ္။ ေငြလည္း ရပါတယ္။ ဒါေပမဲ့ အမ်ားစုက သိပ္မစုမိၾကဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ေနထိုင္စရိတ္ႀကီးျမင့္တာ၊ အိမ္ခန္းခေတြေစ်းႀကီးတာေပါ့။ မိသားစုတစ္စုေကာင္းေကာင္းေနဖို႔ အခန္းဆိုရင္ ဘတ္(၃၀၀၀)ေက်ာ္ (က်ပ္ေငြတစ္သိန္း)မွ အဆင္ေျပမယ္။ ဒီအခန္းခနဲ႔ဆို ကၽြန္မတို႔ရွာတဲ့လစာရဲ႕ အကုန္နီးပါးရွိေတာ့ စားတာေသာက္တာနဲ႔ မစုမိၾကေတာ့ဘူး"ဟု ဧရာ၀တီတိုင္းမွ လာေရာက္အလုပ္လုပ္ကိုင္သူ မလွသန္းက ေျပာသည္။
ေဒသတြင္း လာေရာက္ အလုပ္လုပ္ကိုင္ေနသည့္ ေရႊ႕ေျပာင္းလုပ္သားမ်ားအေနျဖင့္ ေနထိုင္ စားေသာက္စရိတ္ ကုန္က်မႈျမင့္သျဖင့္ ရင္းႏွီးျမႇပ္ႏွံမႈ လုပ္ကိုင္ႏုိင္ျခင္းမရိွေၾကာင္း သိရသည္။
ေဒသခံအမ်ားစုမွာ စိုက္ပ်ိဳးေရးလုပ္ငန္းႏွင့္ ကုန္သြယ္ေရးလုပ္ငန္းမ်ားလုပ္ကိုင္လွ်က္ရွိၿပီး ေဒသအသီးသီးမွ လာေရာက္အလုပ္လုပ္ကိုင္လွ်က္ရွိေသာ ေရႊ႕ေျပာင္းအလုပ္သမားမ်ားမွာ ေစ်းေရာင္းခ်ျခင္းႏွင့္ ပန္းရံ၊ သံပန္းသံတံခါး၊ အေဆာက္အဦးတည္ေဆာက္ျခင္းလုပ္ငန္းမ်ားတြင္ ၀င္ေရာက္ လုပ္ကိုင္မႈမ်ားျပားေၾကာင္း သိရသည္။
တာခ်ီလိတ္ၿမိဳ႕သည္ ဧရိယာစတုရန္းမိုင္ (၇၉၆.၈၃)မိုင္ အက်ယ္အ၀န္းရွိၿပီး လူဦးေရ (၂၅,၈၂၄)ဦးရွိေနျခင္းျဖစ္သည္။
သတင္း။ ။ ကိုဇက္
***************
"တာချီလိတ်မြို့မှာ ထိုင်းနိုင်ငံနည်းတူ မြို့ပြအဆောက်အဦး ကောင်းတာတွေရှိတယ်။ သူတို့ထက်တောင် ပိုကောင်းတာတွေရှိပါတယ်။ အဓိက လူနေမှုအဆင့်အတန်းကွာခြားချက်မှာတော့ ဒေသခံတွေထက် ရွှေ့ပြောင်းအလုပ်သမားတွေများတယ်။ သူတို့ရဲ့ ကွာခြားချက်က ဈေးကွက်စီးပွားရေးစနစ်လို ငွေကြေး အရင်းအနှီး၊ လူအရင်းအနှီးနဲ့ အသိဉာဏ်အရင်းအနှီးတွေ မပြည့်စုံသေးရင်တော့ ကွာခြားနေဦးမှာပဲ"ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ပြောသည်။
တစ်ဖက်နိုင်ငံမှ ဖွံ့ဖြိုးတိုးတက်လာမှုအား နမူနာယူ၍ အတွေ့အကြုံအရင်းအနှီးများ ပေါင်းစပ်၍ သင်ခန်းစာယူကာ တာချီလိတ်ဒေသဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်ရန် လိုအပ်သော်လည်း တာချီလိတ်အား မြို့ပြအင်္ဂါအပြည့်အစုံဖြင့် ဖွဲ့စည်းနိုင်ရန် အခက်အခဲများစွာရှိနေသေးကြောင်း သိရသည်။
"ကျွန်မတို့က ပြည်တွင်းမှာ အလုပ်အကိုင်ရှားပါးလို့ ဒီတာချီလိတ်မှာ ငွေလာရှာတာ။ ဒီမှာ အလုပ်အကိုင်တော့ ကောင်းပါတယ်။ ငွေလည်း ရပါတယ်။ ဒါပေမဲ့ အများစုက သိပ်မစုမိကြဘူး။ ဘာကြောင့်လဲဆိုတော့ နေထိုင်စရိတ်ကြီးမြင့်တာ၊ အိမ်ခန်းခတွေဈေးကြီးတာပေါ့။ မိသားစုတစ်စုကောင်းကောင်းနေဖို့ အခန်းဆိုရင် ဘတ်(၃၀၀၀)ကျော် (ကျပ်ငွေတစ်သိန်း)မှ အဆင်ပြေမယ်။ ဒီအခန်းခနဲ့ဆို ကျွန်မတို့ရှာတဲ့လစာရဲ့ အကုန်နီးပါးရှိတော့ စားတာသောက်တာနဲ့ မစုမိကြတော့ဘူး"ဟု ဧရာဝတီတိုင်းမှ လာရောက်အလုပ်လုပ်ကိုင်သူ မလှသန်းက ပြောသည်။
ဒေသတွင်း လာရောက် အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းလုပ်သားများအနဖြေင့် နေထိုင် စားသောက်စရိတ် ကုန်ကျမှုမြင့်သဖြင့် ရင်းနှီးမြှပ်နှံမှု လုပ်ကိုင်နိုင်ခြင်းမရှိကြောင်း သိရသည်။
ဒေသခံအများစုမှာ စိုက်ပျိုးရေးလုပ်ငန်းနှင့် ကုန်သွယ်ရေးလုပ်ငန်းများလုပ်ကိုင်လျှက်ရှိပြီး ဒေသအသီးသီးမှ လာရောက်အလုပ်လုပ်ကိုင်လျှက်ရှိသော ရွှေ့ပြောင်းအလုပ်သမားများမှာ ဈေးရောင်းချခြင်းနှင့် ပန်းရံ၊ သံပန်းသံတံခါး၊ အဆောက်အဦးတည်ဆောက်ခြင်းလုပ်ငန်းများတွင် ဝင်ရောက် လုပ်ကိုင်မှုများပြားကြောင်း သိရသည်။
တာချီလိတ်မြို့သည် ဧရိယာစတုရန်းမိုင် (၇၉၆.၈၃)မိုင် အကျယ်အဝန်းရှိပြီး လူဦးရေ (၂၅,၈၂၄)ဦးရှိနခြေင်းဖြစ်သည်။
သတင်း။ ကိုဇက်