တာခ်ီလိတ္၊ မတ္လ(၂၅) ။ ။ ျမန္မာ - ထိုင္း နယ္စပ္ၿမိဳ႕ျဖစ္သည့္ တာခ်ီလိတ္ ႏွင့္ မယ္ဆိုင္ၿမိဳ႕အတြင္း ေတာမီးရႈိ႕မႈမ်ားေၾကာင့္ မီးခိုးမ်ား ဖံုးလႊမ္းေနသည့္အတြက္ ထိုင္းႏိုင္ငံ ေလတပ္မွ ေလယာဥ္ျဖင့္ မိုးအတု ရြာေပးခဲ့ရေၾကာင္း သိရသည္။
မတ္လ(၂၅)ရက္ေန႔ ညေန(၃)နာရီ၀န္းက်င္ အခ်ိန္က ထိုင္းႏိုင္ငံ၊ ဖိစႏူးလုတ္ခရိုင္ အေျခစိုက္ အမွတ္(၄၆)ေလတပ္ရင္းမွ ပ်ံသန္းေရးအဖြဲ႔ အမွတ္(၄၁၅)မွ အရာရွိ၊ စစ္သည္ (၄၅)ဦး ပါ၀င္ေသာ အဖြဲ႔သည္ ေလယာဥ္အမွတ္ (၁၅၆) ေလယာဥ္ အမ်ဳိးအစား (BT.67)ျဖင့္ မယ္ဆိုင္ၿမိဳ႕တြင္း မိုးအတု ရြာသြန္းေပးခဲ့ျခင္းျဖစ္သည္။
ေတာမီးရႈိ႕မႈေၾကာင့္ တာခ်ီလိတ္ - မယ္ဆိုင္ နယ္စပ္ၿမိဳ႕အတြင္း မတ္လ(၁၉)ရက္ေန႔က စ၍ ယေန႔ မတ္လ(၂၅)ရက္ေန႔ အထိ သိသိသာသာပင္ မီးခိုးမ်ားဖံုးလႊမ္းေနျခင္းေၾကာင့္ ႏွစ္ဖက္ ေဒသခံျပည္သူမ်ား အတြက္ မီးခိုးေငြ႕ႏွင့္ အပူရွိန္ေလ်ာ့က်ေစေရးကို ဦးတည္ကာ ယခုလို ျပဳလုပ္ရတာျဖစ္ေၾကာင္း ထိုင္းဘက္ ၿမိဳ႕နယ္တာ၀န္ရွိသူထံမွ သိရသည္။
*****************
( unicode )
တာချီလိတ်၊ မတ်လ(၂၅)။ မြန်မာ - ထိုင်း နယ်စပ်မြို့ဖြစ်သည့် တာချီလိတ် နှင့် မယ်ဆိုင်မြို့အတွင်း တောမီးရှို့မှုများကြောင့် မီးခိုးများ ဖုံးလွှမ်းနေသည့်အတွက် ထိုင်းနိုင်ငံ လေတပ်မှ လေယာဉ်ဖြင့် မိုးအတု ရွာပေးခဲ့ရကြောင်း သိရသည်။
မတ်လ(၂၅)ရက်နေ့ ညနေ(၃)နာရီဝန်းကျင် အချိန်က ထိုင်းနိုင်ငံ၊ ဖိစနူးလုတ်ခရိုင် အခြေစိုက် အမှတ်(၄၆)လေတပ်ရင်းမှ ပျံသန်းရေးအဖွဲ့ အမှတ်(၄၁၅)မှ အရာရှိ၊ စစ်သည် (၄၅)ဦး ပါဝင်သော အဖွဲ့သည် လေယာဉ်အမှတ် (၁၅၆) လေယာဉ် အမျိုးအစား (BT.67)ဖြင့် မယ်ဆိုင်မြို့တွင်း မိုးအတု ရွာသွန်းပေးခဲ့ခြင်းဖြစ်သည်။
တောမီးရှို့မှုကြောင့် တာချီလိတ် - မယ်ဆိုင် နယ်စပ်မြို့အတွင်း မတ်လ(၁၉)ရက်နေ့က စ၍ ယနေ့ မတ်လ(၂၅)ရက်နေ့ အထိ သိသိသာသာပင် မီးခိုးများဖုံးလွှမ်းနခြေင်းကြောင့် နှစ်ဖက် ဒေသခံပြည်သူများ အတွက် မီးခိုးငွေ့နှင့် အပူရှိန်လျော့ကျစေရေးကို ဦးတည်ကာ ယခုလို ပြုလုပ်ရတာဖြစ်ကြောင်း ထိုင်းဘက် မြို့နယ်တာဝန်ရှိသူထံမှ သိရသည်။
![](/files/uploads/blogger/16421_5fe6cb3a079d3.jpg)
![](/files/uploads/blogger/16421_5fe6cb3b1805c.jpg)
![](/files/uploads/blogger/16421_5fe6cb3c82087.jpg)
![](/files/uploads/blogger/16421_5fe6cb3df0dde.jpeg)
![](/files/uploads/blogger/16421_5fe6cb3f71ee6.jpeg)