က်ိဳင္းတံုၿမိဳ႕ ေျမထည္လုပ္ငန္းသံုးကုန္ၾကမ္းမ်ား ႏွစ္စဥ္ေစ်းျမင့္၍ တစ္ႏွစ္စာ သိုေလွာင္သူမ်ားလာ

က်ိဳင္းတံုၿမိဳ႕ ေျမထည္လုပ္ငန္းသံုးကုန္ၾကမ္းမ်ား ႏွစ္စဥ္ေစ်းျမင့္၍ တစ္ႏွစ္စာ သိုေလွာင္သူမ်ားလာ
မတ် 22, 2016
By Tachileik News Agency

က်ဳိင္းတံု၊ မတ္လ (၂၂) ရက္ ။   ။ ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ိဳင္းတံုၿမိဳ႕ရိွ ေျမထည္လုပ္ငန္းမ်ားအတြက္ ကုန္ၾကမ္းမ်ား တစ္ႏွစ္ထက္တစ္ႏွစ္ ေစ်းႏႈန္းႀကီးျမင့္လာေနသျဖင့္ တစ္ႏွစ္စာအထိ ဝယ္ယူ သိုေလွာင္သူမ်ားလာရေၾကာင္း သိရသည္။

အဆိုပါလုပ္ငန္းအတြက္ ကုန္ၾကမ္းမ်ားျဖစ္သည့္ ေျမႀကီး၊ ေကာက္႐ိုး၊ စပါးခြံႏွင့္ ေလးေထာင့္သံပံုးအခြံမ်ား ျဖစ္ေၾကာင္းသိရၿပီး အဓိကလိုအပ္သည့္ ေျမႀကီးကို ေထာ္လာဂ်ီတစ္စီးလွ်င္ က်ပ္တစ္ေသာင္း ဝန္းက်င္ခန္႔ ေပးရေၾကာင္း သိရသည္။

"လိုအပ္တဲ့ ကုန္ၾကမ္းပစၥည္းေတြကို တစ္ႏွစ္စာႀကိဳဝယ္ထားတယ္။ ဘာလို႔ဆိုေတာ့ တစ္ႏွစ္ထက္ တစ္ႏွစ္က ေစ်းပိုပိုႀကီးလာလို႔။ ေနာက္လည္း ေစ်းတက္လာမွာပဲဆိုၿပီး ႀကိဳဝယ္ထားတာပါ။ " ဟု ေျမထည္လုပ္ငန္း ျပဳလုပ္သည့္ ဦးစိုင္းရြက္က ေျပာသည္။

က်ဳိင္းတံုၿမိဳ႕ ၊ အမွတ္ (၄) ရပ္ကြက္ ၊ ယန္းကုန္းေက်းရြာအတြင္း အိမ္ေျခ (၁၀၀) ခန္႔မွ ေျမထည္လုပ္ငန္း လုပ္ကိုင္သူမ်ားသည္ ေျမထည္ပစၥည္းမ်ားကို ေရွးဘိုးဘြားအစဥ္အဆက္ကတည္းက လက္ဆင့္ကမ္း အေမြအျဖစ္ လုပ္ကိုင္လာၾကျခင္းျဖစ္ေၾကာင္း သိရသည္။

"ကြၽန္ေတာ္တို႔ ရြာသားေတြက ဒီေျမထည္ပစၥည္းလုပ္ငန္းကို ေရွးအစဥ္အဆက္ ဘိုးဘြားေတြရဲ႕ အေမြအျဖစ္ ဆက္ခံလုပ္ကိုင္ေနတာပါ။ လုပ္ငန္းကို တစ္ရြာလံုးက ေန႔တိုင္း လုပ္ကိုင္ေနေပမဲ့ က်ဳိင္းတံုၿမိဳ႕မေစ်းအျပင္ တျခားၿမိဳ႕ေတြထိ ကြၽန္ေတာ္တို႔ရဲ႕ ပစၥည္းေတြကို ယူၿပီး ျဖန္႔ျဖဴးေရာင္းခ်မယ့္ ကုန္သည္ေတြ ခုထိ မရိွေသးပါဘူး။ " ဟု ဦးစိုင္းရြက္က ေျပာသည္။

ေျမထည္လုပ္ငန္းလုပ္ကိုင္သူမ်ားထံမွ ဝယ္ယူေသာ အဝယ္ဒိုင္ (၆) ဦးခန္႔ရိွ၍ ၎တို႔က က်ဳိင္းတံုၿမိဳ႕မေစ်း အတြင္း ျပန္လည္ေရာင္းခ်ျခင္းျဖစ္ေၾကာင္း သိရသည္။

" ဒီလိုပစၥည္းမ်ဳိးက ပုပ္သိုးပ်က္စီးသြားမွာ မဟုတ္တဲ့အတြက္ ရြာကထြက္သမွ် အကုန္သိမ္းႀကံဳးဝယ္ပါတယ္။ ကြၽန္မလို လုပ္ကိုင္တာ ဒီရြာမွာ (၆) ေယာက္ေလာက္ရိွမယ္။ တျခားၿမိဳ႕ကို သြားေရာင္းဖို႔ေတာ့ အဆက္အသြယ္ မရိွေသးလို႔ မလုပ္ႏိုင္ေသးပါဘူး" ဟု ေျမထည္ပစၥည္း အေရာင္းဒိုင္ ေဒၚခင္ထားဦးက ေျပာသည္။

ေျမထည္ပစၥည္း အမ်ဳိးအစားမ်ားမွာ ေရအိုး၊ ပန္းအိုး၊ မီးေသြးမီးဖိုစသည္ျဖင့္ အမ်ဳိးအစား (၂၀) နီးပါးရိွၿပီး ေရာင္းအားေကာင္းသည့္ မီးေသြးမီးဖိုထုတ္လုပ္သူမ်ားေၾကာင္း သိရသည္။

သတင္း၊ ဓာတ္ပံု ။   ။ ဇင္ေအာင္
***************

( unicode )

ကျိုင်းတုံ၊ မတ်လ (၂၂) ရက်။ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ မြေထည်လုပ်ငန်းများအတွက် ကုန်ကြမ်းများ တစ်နှစ်ထက်တစ်နှစ် ဈေးနှုန်းကြီးမြင့်လာနေသဖြင့် တစ်နှစ်စာအထိ ဝယ်ယူ သိုလှောင်သူများလာရကြောင်း သိရသည်။

အဆိုပါလုပ်ငန်းအတွက် ကုန်ကြမ်းများဖြစ်သည့် မြကြေီး၊ ကောက်ရိုး၊ စပါးခွံနှင့် လေးထောင့်သံပုံးအခွံများ ဖြစ်ကြောင်းသိရပြီး အဓိကလိုအပ်သည့် မြကြေီးကို ထော်လာဂျီတစ်စီးလျှင် ကျပ်တစ်သောင်း ဝန်းကျင်ခန့် ပေးရကြောင်း သိရသည်။

"လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေကို တစ်နှစ်စာကြိုဝယ်ထားတယ်။ ဘာလို့ဆိုတော့ တစ်နှစ်ထက် တစ်နှစ်က ဈေးပိုပိုကြီးလာလို့။ နောက်လည်း ဈေးတက်လာမှာပဲဆိုပြီး ကြိုဝယ်ထားတာပါ။ " ဟု မြေထည်လုပ်ငန်း ပြုလုပ်သည့် ဦးစိုင်းရွက်က ပြောသည်။

ကျိုင်းတုံမြို့၊ အမှတ် (၄) ရပ်ကွက်၊ ယန်းကုန်းကျေးရွာအတွင်း အိမ်ခြေ (၁၀၀) ခန့်မှ မြေထည်လုပ်ငန်း လုပ်ကိုင်သူများသည် မြေထည်ပစ္စည်းများကို ရှေးဘိုးဘွားအစဉ်အဆက်ကတည်းက လက်ဆင့်ကမ်း အမွေအဖြစ် လုပ်ကိုင်လာကြခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ ရွာသားတွေက ဒီမြေထည်ပစ္စည်းလုပ်ငန်းကို ရှေးအစဉ်အဆက် ဘိုးဘွားတွေရဲ့ အမွေအဖြစ် ဆက်ခံလုပ်ကိုင်နေတာပါ။ လုပ်ငန်းကို တစ်ရွာလုံးက နေ့တိုင်း လုပ်ကိုင်နေပေမဲ့ ကျိုင်းတုံမြို့မဈေးအပြင် တခြားမြို့တွေထိ ကျွန်တော်တို့ရဲ့ ပစ္စည်းတွေကို ယူပြီး ဖြန့်ဖြူးရောင်းချမယ့် ကုန်သည်တွေ ခုထိ မရှိသေးပါဘူး။ " ဟု ဦးစိုင်းရွက်က ပြောသည်။

မြေထည်လုပ်ငန်းလုပ်ကိုင်သူများထံမှ ဝယ်ယူသော အဝယ်ဒိုင် (၆) ဦးခန့်ရှိ၍၎င်းတို့က ကျိုင်းတုံမြို့မဈေး အတွင်း ပြန်လည်ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။

" ဒီလိုပစ္စည်းမျိုးက ပုပ်သိုးပျက်စီးသွားမှာ မဟုတ်တဲ့အတွက် ရွာကထွက်သမျှ အကုန်သိမ်းကြုံးဝယ်ပါတယ်။ ကျွန်မလို လုပ်ကိုင်တာ ဒီရွာမှာ (၆) ယောက်လောက်ရှိမယ်။ တခြားမြို့ကို သွားရောင်းဖို့တော့ အဆက်အသွယ် မရှိသေးလို့ မလုပ်နိုင်သေးပါဘူး" ဟု မြေထည်ပစ္စည်း အရောင်းဒိုင် ဒေါ်ခင်ထားဦးက ပြောသည်။

မြေထည်ပစ္စည်း အမျိုးအစားများမှာ ရေအိုး၊ ပန်းအိုး၊ မီးသွေးမီးဖိုစသည်ဖြင့် အမျိုးအစား (၂၀) နီးပါးရှိပြီး ရောင်းအားကောင်းသည့် မီးသွေးမီးဖိုထုတ်လုပ်သူများကြောင်း သိရသည်။

သတင်း၊ ဓာတ်ပုံ။ ဇင်အောင်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~