တာချီလိတ် B-Boy အက လူငယ်များမှ နမ့်ဆန် မီးဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ငွေ လှူဒါန်း

တာချီလိတ် B-Boy အက လူငယ်များမှ နမ့်ဆန် မီးဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ငွေ လှူဒါန်း
ဖေဖော်ဝါရီ 7, 2016
By Tachileik News Agency

နမ့်ဆန်မီးဘေးသင့် ပြည်သူ(၂၀၀၀)၀န်းကျင်အတွက် တာချီလိတ်မြို့မှ BBoy အက၀ါသနာရှင် လူငယ်များမှ ကျပ်(၄)သိန်းနီးပါးရှိ ငွေကြေးများကို ဖေဖော်ဝါရီလ(၇)ရက် နံနက်ပိုင်းက တာချီလိတ်မြို့ ဗယ်လင်တိုင်း(ကဖေးနှင့်အအေး) စားသောက်ဆိုင်ရှိ အလှူခံဌာနသို့ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

"အစကတော့ ရေဘေးမှာ လှူဖို့ စီစဉ်ခဲ့တာပါ၊ ဒါပေမဲ့ ရေဘေးဒုက္ခသည်တွေ အတွက် အစိုးရတွေကော၊ အရပ်ရပ်မှ ပြည်သူလူထုတွေရော လှူဒါန်းတာတွေမြင်တော့ မလှူသေးပဲ၊ လိုအပ်နေတဲ့ ကျောင်းစာသင်ခုံ တွေကို လှူဖို့စီစဉ်တော့လည်း အစိုးရက စာသင်ခုံတွေ ရာနဲ့ချီပြီးချပေးတယ်။ အဲဒါနဲ့ပဲ လိုအပ်လာတဲ့ နေရာမှာလှူဖို့ သိမ်းထားလိုက်တယ်။ အခု လိုအပ်နေတဲ့ မီးဘေးဒုက္ခသည်တွေအတွက် လှူဖြစ် သွားတာပါ။"ဟု တာချီလိတ် B-Boy အကလူငယ်တစ်ဦးဖြစ်သူ ကိုလင်းလင်းက ပြောသည်။

တာချီလိတ်မြို့တွင် B-Boy အက၀ါသနာရှင်လူငယ် (၄၀) ဦးရှိပြီး ရေဘေးအချိန်ကာလက ဆေးရုံရှေ့ နှင့် မြန်မာ - ထိုင်း ချစ်ကြည်ရေး တံတားထိပ်တို့တွင် အဆိုပါ အက၀ါသနာရှင်လူငယ် (၂၀) ကျော်ဖြင့် အလှူခံခဲ့ခြင်းဖြစ်ရာ ထိုင်းဘတ်ငွေ(၁၀၁၉၀)ဘတ် နှင့် ကျပ်ငွေ (၃၃၀၀၀)ကျပ်အား ရရှိခဲ့ရာမှ နမ့်ဆန်မီးဘေးသင့်ပြည်သူများအတွက် ပြန်လည်ထောက်ပံ့လှူဒါန်းလိုက်ခြင်း ဖြစ်ကြောင်းသိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  


~~~~~~~~~ ကြော်ငြာ ~~~~~~~~~