ဖမ္းဆီးခံ တရားမ၀င္ ျမန္မာႏိုင္ငံသား (၈၂)ဦး လႊဲေျပာင္းေပးမႈဟာ လိပ္ကြ်န္းကိစၥေၾကာင့္ လႊဲေျပာင္းေပးျခင္း မဟုတ္ဟု ထုိင္းလ၀ကဆို

ဖမ္းဆီးခံ တရားမ၀င္ ျမန္မာႏိုင္ငံသား (၈၂)ဦး လႊဲေျပာင္းေပးမႈဟာ လိပ္ကြ်န္းကိစၥေၾကာင့္ လႊဲေျပာင္းေပးျခင္း မဟုတ္ဟု ထုိင္းလ၀ကဆို
ဒီဇင်ဘာ 25, 2015
By Tachileik News Agency

ထိုင္းႏိုင္ငံတြင္ ဖမ္းဆီးခံထားရသည့္ တရားမ၀င္ေရႊ႕ေျပာင္းလုပ္သား ျမန္မာႏိုင္ငံသား (၈၂) ဦးကို ထိုင္းႏိုင္ငံ လူဝင္မႈႀကီးၾကပ္ေရးဌာနက ျမန္မာႏိုင္ငံမွ သက္ဆိုင္ရာသို႔ ျမန္မာ - ထိုင္း နယ္စပ္ ရွမ္းျပည္နယ္ အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕တြင္ ဒီဇင္ဘာလ ၂၅ ရက္ေန႔က လႊဲေျပာင္းေပးအပ္လိုက္သည္။

ယခုလႊဲေျပာင္းေပးမႈသည္ ဖမ္းဆီးခံ တရားမဝင္ေရႊ႕ေျပာင္းလုပ္သား လႊဲေျပာင္းမႈတြင္ လူဦးေရ အမ်ားဆံုး ျဖစ္ေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို႔ ႏွစ္ကူးေတာ့မွာလည္းျဖစ္တဲ့ အတြက္ အနယ္နယ္ အရပ္ရပ္က လိုက္လံဖမ္းဆီးၿပီး စုေပါင္းၿပီးမွ အခုလို လႊဲေျပာင္းလိုက္တာပါ။ မေန႔က ျဖစ္ပ်က္ခဲ့တဲ့ ျမန္မာႏိုင္ငံသားႏွစ္ဦး ေသဒဏ္ခ်မွတ္မႈနဲ႔ လုံး၀ မပတ္သက္ပါဘူး။ အခုလိုလႊဲေျပာင္းလိုက္တာကဟာ တိုက္ဆိုင္သြားတာပါ။ အထင္မလြဲေစခ်င္ပါဘူး"ဟု ထိုင္းႏိုင္ငံ လူဝင္မႈႀကီးၾကပ္ေရး ဦးစီးဌာန ဦးစီးအရာရွိ ကနီစြန္က ေျပာသည္။

ထိုင္းႏို္င္ငံမွ  လြႊဲအပ္လာေသာ တရားမ၀င္ေရႊ႕ေျပာင္းလုပ္သား ျမန္မာႏိုင္ငံသား (၈၂) ဦးမွာ က်ိဳင္းတုံ ၊ လားရွိဳး ၊ မိုင္းရယ္ ၊ မိုင္းကိုင္ ၊ ေတာင္ႀကီးေဒသမ်ားမွျဖစ္ေၾကာင္း သိရသည္။

"ဒီထဲက ၃၂ ေယာက္ကိုေတာ့ လြယ္စကိတ္ဆိုတဲ့ ေတာင္ၾကားဂိတ္မွာ ဖမ္းမိတာပါ။ သူတို႔က အလုပ္သြားေရာက္ လုပ္ကိုင္သလို ေဆြမ်ိဳးေတြဆီ အလည္သြားတာလည္း ျဖစ္ပါတယ္။ သူတို႔ေတြကို မယ္ဆိုင္ ဂိတ္ကေန တစ္ေယာက္ကို ဘတ္ ၃၈၀၀ နဲ႔ လိုက္ပို႔ေပးတဲ့လူရွိပါတယ္။ လိုက္ပို႔ေပးတဲ့ ထိုင္းလူမ်ိဳးကိုလည္း ဖမ္းဆီးထားပါၿပီ။ အေရးယူဖို႕ ေဆာင္ရြက္ေနပါတယ္ " ဟု ထိုင္း လူဝင္မႈႀကီးၾကပ္ေရးဌာနမွ အရာရွိ မာနာ သုန္ဂရီက ေျပာသည္။

"ကၽြန္ေတာ္က ထိုင္းဖက္မွာ အလုပ္သြားလုပ္တာ တစ္ႏွစ္ၾကာပါၿပီ။ ကၽြန္ေတာ္တို႔ အလုပ္လုပ္ေနတဲ့ အခ်ိန္မွာ အရပ္၀တ္နဲ႔ပဲ လာဖမ္းသြားတာပါ။ အခ်ဳပ္ထဲမွာေတာ့ ၆ ရက္ေလာက္ေနခဲ့ရပါတယ္။ ထပ္ၿပီး သြားဖို႔လည္း အစီအစဥ္ မရွိေတာ့ပါဘူး။ အိမ္ကိုလည္းျပန္ခ်င္ၿပီေလ.." ဟု တရားမ၀င္ေရႊ႕ေျပာင္းလုပ္သား ျမန္မာႏိုင္ငံသား သူရိန္ထြန္းက ေျပာသည္။

ယခုလႊဲေျပာင္းေပးလိုက္သည့္ တရားမ၀င္ေရြ႕ေျပာင္း အလုပ္သမား ျမန္မာႏိုင္ငံသားမ်ားတြင္ ျမန္မာႏိုင္ငံသား ၈၂ ဦး၌ အမ်ိဳးသား ၅၅ ဦး ႏွင့္ အမ်ိဳးသမီး ၂၇ဦး ပါ၀င္ေၾကာင္းသိရသည္။

ဓါတ္ပံု/သတင္း။  ။ ေဇာင္းညီ

***************************

( unicode )

ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံထားရသည့် တရားမဝင်ရွှေ့ပြောင်းလုပ်သား မြန်မာနိုင်ငံသား (၈၂) ဦးကို ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက မြန်မာနိုင်ငံမှ သက်ဆိုင်ရာသို့ မြန်မာ - ထိုင်း နယ်စပ် ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ဒီဇင်ဘာလ ၂၅ ရက်နေ့က လွှဲပြောင်းပေးအပ်လိုက်သည်။

ယခုလွှဲပြောင်းပေးမှုသည် ဖမ်းဆီးခံ တရားမဝင်ရွှေ့ပြောင်းလုပ်သား လွှဲပြောင်းမှုတွင် လူဦးရေ အများဆုံး ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ နှစ်ကူးတော့မှာလည်းဖြစ်တဲ့ အတွက် အနယ်နယ် အရပ်ရပ်က လိုက်လံဖမ်းဆီးပြီး စုပေါင်းပြီးမှ အခုလို လွှဲပြောင်းလိုက်တာပါ။ မနေ့က ဖြစ်ပျက်ခဲ့တဲ့ မြန်မာနိုင်ငံသားနှစ်ဦး သေဒဏ်ချမှတ်မှုနဲ့ လုံးဝ မပတ်သက်ပါဘူး။ အခုလိုလွှဲပြောင်းလိုက်တာကဟာ တိုက်ဆိုင်သွားတာပါ။ အထင်မလွဲစေချင်ပါဘူး"ဟု ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန ဦးစီးအရာရှိ ကနီစွန်က ပြောသည်။

ထိုင်းနို်င်ငံမှ လွှဲအပ်လာသော တရားမဝင်ရွှေ့ပြောင်းလုပ်သား မြန်မာနိုင်ငံသား (၈၂) ဦးမှာ ကျိုင်းတုံ၊ လားရှိုး၊ မိုင်းရယ်၊ မိုင်းကိုင်၊ တောင်ကြီးဒေသများမှဖြစ်ကြောင်း သိရသည်။

"ဒီထဲက ၃၂ ယောက်ကိုတော့ လွယ်စကိတ်ဆိုတဲ့ တောင်ကြားဂိတ်မှာ ဖမ်းမိတာပါ။ သူတို့က အလုပ်သွားရောက် လုပ်ကိုင်သလို ဆွေမျိုးတွေဆီ အလည်သွားတာလည်း ဖြစ်ပါတယ်။ သူတို့တွေကို မယ်ဆိုင် ဂိတ်ကနေ တစ်ယောက်ကို ဘတ် ၃၈၀၀ နဲ့ လိုက်ပို့ပေးတဲ့လူရှိပါတယ်။ လိုက်ပို့ပေးတဲ့ ထိုင်းလူမျိုးကိုလည်း ဖမ်းဆီးထားပါပြီ။ အရေးယူဖို့ ဆောင်ရွက်နေပါတယ် " ဟု ထိုင်း လူဝင်မှုကြီးကြပ်ရေးဌာနမှ အရာရှိ မာနာ သုန်ဂရီက ပြောသည်။

"ကျွန်တော်က ထိုင်းဖက်မှာ အလုပ်သွားလုပ်တာ တစ်နှစ်ကြာပါပြီ။ ကျွန်တော်တို့ အလုပ်လုပ်နေတဲ့ အချိန်မှာ အရပ်ဝတ်နဲ့ပဲ လာဖမ်းသွားတာပါ။ အချုပ်ထဲမှာတော့ ၆ ရက်လောက်နေခဲ့ရပါတယ်။ ထပ်ပြီး သွားဖို့လည်း အစီအစဉ် မရှိတော့ပါဘူး။ အိမ်ကိုလည်းပြန်ချင်ပြီလေ.." ဟု တရားမဝင်ရွှေ့ပြောင်းလုပ်သား မြန်မာနိုင်ငံသား သူရိန်ထွန်းက ပြောသည်။

ယခုလွှဲပြောင်းပေးလိုက်သည့် တရားမဝင်ရွေ့ပြောင်း အလုပ်သမား မြန်မာနိုင်ငံသားများတွင် မြန်မာနိုင်ငံသား ၈၂ ဦး၌ အမျိုးသား ၅၅ ဦး နှင့် အမျိုးသမီး ၂၇ဦး ပါဝင်ကြောင်းသိရသည်။

ဓာတ်ပုံ/သတင်း။ ဇောင်းညီ

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~