ဒီဇင်ဘာ(၂၈)ရက်နေ့ ည(၇)နာရီခွဲတွင် မယ်ဆိုင်၌ မီးဘေးကြိုတင်လေ့ကျင့်မှာ ဖြစ်၍ တာချီိလိတ်မှ ပြည်သူများ အသံကြောင့် မလန့်စေရန် အသိပေးလာ

ဒီဇင်ဘာ(၂၈)ရက်နေ့ ည(၇)နာရီခွဲတွင် မယ်ဆိုင်၌ မီးဘေးကြိုတင်လေ့ကျင့်မှာ ဖြစ်၍ တာချီိလိတ်မှ ပြည်သူများ အသံကြောင့် မလန့်စေရန် အသိပေးလာ
ဒီဇင်ဘာ 28, 2015
By Tachileik News Agency

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ယနေ့ ဒီဇင်ဘာလ(၂၈)ရက် မြန်မာစံတော်ချိန် ည(၇)နာရီခွဲ၌ မီးဘေးကြိုတင် ကာကွယ်ရေး သရုပ်ပြမှုများကို လက်တွေ့ကျကျ ပြုလုပ်မှာ ဖြစ်သည့်အတွက် ၎င်းတို့ အိမ်နီးချင်း မြို့ဖြစ်သည့် တာချီလိတ်မြို့ရှိ ပြည်သူများ အလန့်တကြား မဖြစ်စေရန်အတွက် တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူးမှ တဆင့် ကြိုတင် အသိပေးလာသည်။

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ဆိုင်လုံးကျွဲဈေးလမ်းမပေါ်၌ မယ်ဆိုင်မြို့ မီးသတ်တပ်ဖွဲ့မှ မီးဘေးကြိုတင် ကာကွယ်ရေး သရုပ်ပြမှုများကို အမှန်တကယ် မီးလောင်မှု ပုံစံဖြင့် ပြုလုပ်ပြီး မီးသတ်ကားဖြင့် ဥသြဆွဲခြင်း၊ မီးငြှိမ်းသတ် ကယ်ဆယ်ခြင်းများကို ပြုလုပ်မှာဖြစ်သည့်အတွက် မယ်ဆိုင်မြို့နှင့် အနီးဆုံးမြို့ဖြစ်သည့် တာချီလိတ်ရှိ ပြည်သူများ မလန့်စေရန် သတိပေးခြင်းဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net