တာချီလိတ်ဆန္ဒပြပွဲတွင် ကိုစည်သူမောင် နှင့် ပတ်သက်၍ ထိုင်းသတင်း၌ ဖော်ပြ

တာချီလိတ်ဆန္ဒပြပွဲတွင် ကိုစည်သူမောင် နှင့် ပတ်သက်၍ ထိုင်းသတင်း၌ ဖော်ပြ
ဒီဇင်ဘာ 28, 2015
By Tachileik News Agency


( ဗီဒီယိုသတင်းကြည့်ရန် နိပ်ပါ )


၂၀၁၅ခုနှစ် ဒီဇင်ဘာလ(၂၆)ရက်နေ့က တာချီလိတ်မြို့၌ ပြည်သူ တစ်သောင်းကျော် ပါဝင် ဆန္ဒထုတ်ဖော်ခြင်း ကိစ္စနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံ နိုင်ငံရေးပါတီ အသိုင်းအ၀ိုင်းများကြား ဝေဖန်မှု အခံရဆုံးဖြစ်ခဲ့သူ တာချီလိတ်ဆန္ဒဖော်ထုတ်ပွဲ၏ ရှေ့ဆုံးက ပါဝင်သူ ကိုစည်သူမောင် နှင့် ပတ်သက်၍ ThaiPBS မှ ကိုစည်သူမောင်၏ ရှင်းလင်းပြောပြမှုများကို ဒီဇင်ဘာလ(၂၈)ရက် နေ့လည်ပိုင်းက သတင်းထုတ်လွှင့်ထားခဲ့သည်ကို ပြန်လည်၍ ဖော်ပြလိုက်ပါသည်။

ထိုင်းနိုင်ငံ၏ နိုင်ငံရေး အသိုင်းအ၀ိုင်းများအကြား နှင့် စောင့်ကြည့်ဝေဖန်သူများအကြား တာချီလိတ်၌ ပြုလုပ်ခဲ့သည့် ဆန္ဒထုတ်ဖော်ပွဲသည် ယခင်ထိုင်းအစိုးရဟောင်း၏ ကြိုးကိုင်မှုများနှင့် ပံ့ပိုးမှုရှိနေသည်ဟု ဝေဖန်ပြောဆိုမှုများမှာ ထိုင်းနိုင်ငံအတွင်း လူမှုဆိုရှယ်နက်ဝေါ့များပေါ်တွင် တစ်ရက်အတွင်း ပျံ့နှံ့ခဲ့ပြီးနောက် ထိုင်းသတင်းဌာနများစွာက ၎င်းအား ဆက်သွယ်မေးမြန်းလာကြရာ တာချီလိတ်၌ ဆန္ဒထုတ်ဖော်မှုသည် မြန်မာနိုင်ငံသား နှစ်ဦးအပေါ် မတရားပြစ်ဒဏ်ချမှုကြောင့် ဆန္ဒထုတ်ဖော်တာဖြစ်ကြောင်း နှင့် နိုင်ငံရေးပါတီများနှင့် ဆက်နွှယ်မှု မရှိကြောင်းကို ပြောလိုက်ကြောင်း ကိုစည်သူမောင်က ပြန်လည် ပြောပြသည်။

Tv News Thanks to : ThaiPBS ( https://goo.gl/ZcQOTM )

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net