နှစ်သစ်ကူးညတွင် တာချီလိတ် - မယ်ဆိုင် တံတားအား ည(၁)နာရီခွဲအထိ ဖွင့်နိုင်ရေး ထိုင်းဘက်မှ လာရောက်ညှိနှိုင်း

နှစ်သစ်ကူးညတွင် တာချီလိတ် - မယ်ဆိုင် တံတားအား ည(၁)နာရီခွဲအထိ ဖွင့်နိုင်ရေး ထိုင်းဘက်မှ လာရောက်ညှိနှိုင်း
ဒီဇင်ဘာ 31, 2015
By Tachileik News Agency

နှစ်စဉ် နှစ်သစ်ကူးကြိုဆိုပွဲများကို ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ မြန်မာ - ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတား ထိပ်တွင် ကျင်းပလေ့ရှိပြီး မြန်မာ - ထိုင်း ပူးပေါင်းဆင်နွှဲရန်အတွက် ယနေ့ ၂၀၁၅ခုနှစ် ဒီဇင်ဘာလ (၃၁)ရက်နေ့တွင် ညပိုင်းတံတားဖွင့်ချိန်အား ဇန်န၀ါရီလ(၁)ရက်နေ့ နံနက်(၂)နာရီအချိန်ထိ တောင်းဆိုထားသည့် ကိစ္စနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ "ခွင့်မပြုပါ"ဟု မှတ်ချက် ပြုထားပြီးဖြစ်သည့်အတွက် မြန်မာဘက်မှ တံတားပိတ်ချိန်အား ည(၈)နာရီခွဲအချိန်ထိသာ သတ်မှတ်ထားရှိရာ ထိုင်းဘက်တာဝန်ရှိသူများက ယနေ့ နေ့လည်ပိုင်းက  မြန်မာဘက်သို့ လာရောက်ညှိနှိုင်းမှုတွင် စာဖြင့် တောင်းခံထားကြောင်းနှင့် ၎င်းတို့၏ တင်ပြမှုအား ပြည်နယ်အစိုးရအဖွဲ့သို့ ပြန်လည်တင်ပြရမှာဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

၂၀၁၆အကြို နှစ်သစ်ကူးညပိုင်းတွင် မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁) တံတားအား ယခင် သတ်မှတ်ထားသည့် မြန်မာစံတော်ချိန် ည(၈)နာရီခွဲအထိသာ ဖွင့်လှစ်မည်ဖြစ်ကြောင်း မြန်မာဘက်မှ ပြောဆိုလိုက်သည့်အတွက် ယခုလို လာရောက် ညှိနှိုင်းခြင်းဖြစ်သည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~ကြော်ငြာ ~~~~~~~