တာခ်ီလိတ္ၿမိဳ႕ ရီဂ်ီးနားေဂါက္ကြင္း သြားလမ္း၌ လုယက္မႈ ျဖစ္ပြား

တာခ်ီလိတ္ၿမိဳ႕ ရီဂ်ီးနားေဂါက္ကြင္း သြားလမ္း၌ လုယက္မႈ ျဖစ္ပြား
ဒီဇင်ဘာ 29, 2015
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ ရီဂ်ီးနားေဂါက္ကြင္းသြားလမ္းတြင္ ဆိုင္ကယ္စီးလာသည့္ အမ်ဳိးသမီး ႏွစ္ဦးထံမွ ပိုက္ဆံ အိတ္အား ဆိုင္ကယ္စီးလာသည့္ လူငယ္(၂)ဦးက လုယက္သြားသည့္ ျဖစ္စဥ္တစ္ခု ဒီဇင္ဘာလ(၂၈) ရက္ေန႔က ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါ လုယက္မႈမွာ ဒီဇင္ဘာလ (၂၈)ရက္ေန႔ ညပိုင္းက ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ရွမ္း(အေရွ႕) ျမန္မာႏိုင္ငံ အင္ဂ်င္နီယာ အသင္း၏ အသင္းပိုင္ ေငြေၾကးမ်ားျဖစ္ေၾကာင္း သိရသည္။

"ပိုက္ဆံအိတ္ထဲမွာ ဘတ္ေငြငါးေသာင္းေလာက္ပါသြားတယ္။ ကုမၸဏီက က်ပ္ေငြေတြကို ဘတ္လဲၿပီး ျပန္လာတဲ့အခ်ိန္မွာ လုခံရတာ။ ရီဂ်ီးနားေဂါက္ကြင္းလမ္းနားရွိတဲ့ ဟိုတယ္တာခ်ီလိတ္ကို အသြား ေဂါက္ကြင္းလမ္းမွာ လုခံရတာ.."ဟု ေငြလုခံရသူ အမ်ိဳးသမီး၏ ေဆြမ်ဳိးေတာ္စပ္သူက ေျပာသည္။

အမ်ိဳးသမီးႏွစ္ဦးက ေငြထည့္ထားေသာ ပိုက္ဆံအိတ္အား ဆိုင္ကယ္ေရွ႕ျခင္း အတြင္း ထည့္၍ ေမာင္းႏွင္လာစဥ္ လူငယ္(၂)ဦးမွ အနီးကပ္ေမာင္းလာၿပီး လုယက္ထြက္ေျပးသြားျခင္းျဖစ္ရာ ဆိုင္ကယ္ေနာက္သို႔ လိုက္ေသာ္လည္း မမီွခဲ့ေၾကာင္း ၎ထံမွ သိရသည္။

"မေန႔က ေဂါက္ကြင္းလမ္းမွာ ရွမ္း(အေရွ႕) အင္ဂ်င္နီယာအသင္းက ေငြလုခံရတာကို အမႈဖြင့္ထားပါတယ္။ စံုစမ္းစစ္ေဆး ေနပါတယ္။ မိေတာ့မမိေသးဘူး။ ႀကိဳးစားေဆာင္ရြက္ေနပါတယ္.."ဟု တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းမွ စခန္းမွဴး ဒုတိယရဲမွဴးေက်ာ္သန္းက ဆိုသည္။

တာခ်ီလိတ္ၿမိဳ႕ရွိ ေဂါက္ကြင္းလမ္းေပၚတြင္ ယခုကဲ့သို႔ ေငြလုခံရမႈမ်ား မၾကာခဏျဖစ္ပြားေလ့ရွိေသာ္လည္း တခ်ိဳ႕မွာ တန္ဖိုး မႀကီးမားသျဖင့္ သက္ဆိုင္ရာသို႔ တိုင္တန္းအမႈဖြင့္လွစ္ျခင္း မရွိေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

****************************

( unicode )

တာချီလိတ်မြို့ ရီဂျီးနားဂေါက်ကွင်းသွားလမ်းတွင် ဆိုင်ကယ်စီးလာသည့် အမျိုးသမီးနှစ်ဦးထံမှ ပိုက်ဆံအိတ်အား ဆိုင်ကယ်စီးလာသည့် လူငယ်(၂)ဦးက လုယက်သွားသည့် ဖြစ်စဉ်တစ်ခု ဒီဇင်ဘာလ
(၂၈) ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ လုယက်မှုမှာ ဒီဇင်ဘာလ (၂၈)ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရှမ်း(အရှေ့) မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း၏ အသင်းပိုင် ငွေကြေးများဖြစ်ကြောင်း သိရသည်။

"ပိုက်ဆံအိတ်ထဲမှာ ဘတ်ငွေငါးသောင်းလောက်ပါသွားတယ်။ ကုမ္ပဏီက ကျပ်ငွေတွေကို ဘတ်လဲပြီး ပြန်လာတဲ့အချိန်မှာ လုခံရတာ။ ရီဂျီးနားဂေါက်ကွင်းလမ်းနားရှိတဲ့ ဟိုတယ်တာချီလိတ်ကို အသွား ဂေါက်ကွင်းလမ်းမှာ လုခံရတာ.."ဟု ငွေလုခံရသူ အမျိုးသမီး၏ ဆွေမျိုးတော်စပ်သူက ပြောသည်။

အမျိုးသမီးနှစ်ဦးက ငွေထည့်ထားသော ပိုက်ဆံအိတ်အား ဆိုင်ကယ်ရှေ့ခြင်း အတွင်း ထည့်၍ မောင်းနှင်လာစဉ် လူငယ်(၂)ဦးမှ အနီးကပ်မောင်းလာပြီး လုယက်ထွက်ပြေးသွားခြင်းဖြစ်ရာ ဆိုင်ကယ်နောက်သို့ လိုက်သော်လည်း မမှီခဲ့ကြောင်း၎င်းထံမှ သိရသည်။

"မနေ့က ဂေါက်ကွင်းလမ်းမှာ ရှမ်း(အရှေ့) အင်ဂျင်နီယာအသင်းက ငွေလုခံရတာကို အမှုဖွင့်ထားပါတယ်။ စုံစမ်းစစ်ဆေး နေပါတယ်။ မိတော့မမိသေးဘူး။ ကြိုးစားဆောင်ရွက်နေပါတယ်.."ဟု တာချီလိတ်မြို့မ ရဲစခန်းမှ စခန်းမှူး ဒုတိယရဲမှူးကျော်သန်းက ဆိုသည်။

တာချီလိတ်မြို့ရှိ ဂေါက်ကွင်းလမ်းပေါ်တွင် ယခုကဲ့သို့ ငွေလုခံရမှုများ မကြာခဏဖြစ်ပွားလေ့ရှိသော်လည်း တချို့မှာ တန်ဖိုး မကြီးမားသဖြင့် သက်ဆိုင်ရာသို့ တိုင်တန်းအမှုဖွင့်လှစ်ခြင်း မရှိကြောင်း ဒေသခံများထံမှ သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~