တာချီလိတ်ခရိုင်တွင်းမှ မြို့နယ်လေးခုအတွက် ကျောင်းသုံးခုံများ ပြည်နယ်အစိုးရက လွှဲပြောင်းပေး

တာချီလိတ်ခရိုင်တွင်းမှ မြို့နယ်လေးခုအတွက် ကျောင်းသုံးခုံများ ပြည်နယ်အစိုးရက လွှဲပြောင်းပေး
ဒီဇင်ဘာ 31, 2015
By Tachileik News Agency

တာချီလိတ်ခရိုင်အတွင်း မြို့နယ်လေးခုအတွက် ကျောင်းသုံးစာရေးခုံများနှင့် ထိုင်ခုံများ တန်ဖိုးစုစုပေါင်း ကျပ်သိန်းနှစ်ရာကို ရှမ်းပြည်နယ်အစိုးရအဖွဲ့က ဒီဇင်ဘာလ ၃၀ ရက်က တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူးထံ လွှဲပြောင်းပေးအပ်လိုက်ပြီးနောက် ဒီဇင်ဘာလ(၃၁)ရက်နေ့တွင် ကျောင်းများသို့ ခွဲဝေပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကျောင်းသုံးပစ္စည်းများအား ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်မေထွန်းက တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်အား လွှဲပြောင်း ပေးလိုက်ပြီးနောက် ယနေ့ ဒီဇင်ဘာလ(၃၁)ရက်နေ့တွင် တာချီလိတ်မြို့နယ်ရှိ စာသင်ကျောင်းများသို့ သွားရောက်ပြီး ပေးအပ်ခြင်းဖြစ်သည်။

ထိုသို့ ပေးအပ်ရာတွင် မိုင်းကိုးကျေးရွာအုပ်စုရှိ အခြေခံပညာအထက်တန်းကျောင်း၌  ကျောင်းသုံးစာရေးခုံ(၁၀)စုံ၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)တွင် ကျောင်းသုံး စာရေးခုံ (၁၀)စုံ စုစုပေါင်း အစုံ(၂၀)ကို ပေးအပ်သည်။

ပြည်နယ်အစိုးရအဖွဲ့ ကိုယ်စား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်တင်မေထွန်းမှ ဦးဆောင်ပြီး တာချီလိတ်မြို့နယ်မှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၊ လက်​​ထောက်​မြို့နယ်​ပညာ​ရေးမှူး ဦးမြင့်ဝင်းလှ နှင့် တာဝန်ရှိသူများက အဆိုပါ ကျောင်းနှစ်ကျောင်းသို့ သွားရောက်ပြီး သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများထံသို့ လွှဲပြောင်း ပေးအပ်လိုက်ခြင်း ဖြစ်သည်။

တာချီလိတ်မြို့နယ်အတွက် ကျောင်းသုံးစာရေးခုံ အစုံ(၁၄၀)နှင့် ဆရာ/ဆရာမ ထိုင်ခုံ (၆)စုံ၊ မိုင်းဖြတ်မြို့နယ် အတွက် ကျောင်းသုံးစာရေးခုံ အစုံ(၃၀) နှင့် ဆရာ/ဆရာမထိုင်ခုံ (၆)စုံ၊ မိုင်းယောင်းမြို့နယ် အတွက် ကျောင်းသုံး စာရေးခုံ (၅၉)စုံ၊ ဆရာ/ဆရာမထိုင်ခုံ (၆)စုံ ၊ ကျိုင်းလပ်မြို့အတွက် ကျောင်းသုံးစာရေးခုံ (၁၅)စုံတို့ကို ပြည်နယ်အစိုးရက လွှဲပြောင်းပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ဓါတ်ပုံ။  ။ စိုးကျော်အောင်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~