နှစ်သစ်ကူး အကြို ညတွင် တာချီလိတ် - မယ်ဆိုင် တံတားပေါ် ခြေလျင်ဖြင့်သာ ဖြတ်သန်းခွင့်ပြုထား

နှစ်သစ်ကူး အကြို ညတွင် တာချီလိတ် - မယ်ဆိုင် တံတားပေါ် ခြေလျင်ဖြင့်သာ ဖြတ်သန်းခွင့်ပြုထား
ဒီဇငျဘာ 29, 2015
By Tachileik News Agency

၂၀၁၆ခုနှစ်အား ကြိုဆိုသည့် နှစ်သစ်ကူးပွဲတော်အား ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ မြန်မာ - ထိုင်း အမှတ်(၁)ချစ်ကြည်ရေး တံတားထိပ်တွင်ကျင်းပပြုလုပ်မှာ ဖြစ်သည့်အတွက် နယ်စပ်ဖြတ်ကူးတံတားပေါ် သွားလာသူများ အနေဖြင့် ဒီဇင်ဘာလ(၃၁)ရက်နေ့ ညနေ(၄)နာရီခွဲမှစ၍ ခြေလျင်ဖြင့်သာ သွားလာခွင့် ရှိမှာဖြစ်ပြီး တံတားအား ၁.၁.၂၀၁၆ နံနက် (၂)နာရီအထိ ဖွင့်လှစ်ပေးသွားမှာ ဖြစ်ကြောင်း နှင့် ထိုသို့ သတ်မှတ်ခြင်းသည် တစ်ရက်တည်းသာဖြစ်ကြောင်း သိရသည်။



****************

( unicode )

၂၀၁၆ခုနှစ်အား ကြိုဆိုသည့် နှစ်သစ်ကူးပွဲတော်အား ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ မြန်မာ - ထိုင်း အမှတ်(၁)ချစ်ကြည်ရေး တံတားထိပ်တွင်ကျင်းပပြုလုပ်မှာ ဖြစ်သည့်အတွက် နယ်စပ်ဖြတ်ကူးတံတားပေါ် သွားလာသူများ အနဖြေင့် ဒီဇင်ဘာလ(၃၁)ရက်နေ့ ညနေ(၄)နာရီခွဲမှစ၍ ခြေလျင်ဖြင့်သာ သွားလာခွင့် ရှိမှာဖြစ်ပြီး တံတားအား ၁.၁.၂၀၁၆ နံနက် (၂)နာရီအထိ ဖွင့်လှစ်ပေးသွားမှာ ဖြစ်ကြောင်း နှင့် ထိုသို့ သတ်မှတ်ခြင်းသည် တစ်ရက်တည်းသာဖြစ်ကြောင်း သိရသည်။

"မယ်ဆိုင်ဘက်က တံတားထိပ်မှာ နှစ်သစ်ကူးအကြိုအတွက် စတိတ်စင်ဆောက်မှာလည်းဖြစ်သလို၊ ညနေ(၄)နာရီခွဲနောက်ပိုင်းဆို သွားလာသူတွေ များလာမှာဖြစ်တဲ့အတွက် ခြေလျင်ပဲ သတ်မှတ်ထားတာလို့ ပြောလာပါတယ်၊ အခုလို သတ်မှတ်တာကလည်း (၃၁)ရက်နေ့ တစ်ရက်တာပါပဲတဲ့.."ဟု ချစ်ကြည်ရေး တံတားပေါ်မှ ကိုဇာနည်က ပြောပြသည်။

နှစ်သစ်ကူးကို ကြိုဆိုသည့် ဒီဇင်ဘာလ(၃၁)ရက်နေ့တွင် မယ်ဆိုင်မြို့၌ ကျင်းပပြုလုပ်လေ့ရှိသည့် နှစ်နိုင်ငံ နှစ်သစ်ကူးကြိုဆိုပွဲများသို့ မြန်မာ - ထိုင်း ပြည်သူများ သွားလာနိုင်ရန်အတွက် ချစ်ကြည်ရေး တံတားအား နံနက်(၆)နာရီမှ နောက်တစ်နေ့ နံနက်(၂)နာရီအချိန်ထိ ဖွင့်လှစ်ပေးလေ့ရှိသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~