၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် ပြည်ပနိုင်ငံသို့ တရားဝင်ရောက်ရှိနေသော မြန်မာနိုင်ငံသားများအတွက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေးနှင့် ပတ်သက်၍ စင်္ကာပူနိုင်ငံ မြန်မာသံရုံးမှ ပုံစံ(၁၅)ဖြည့်စွက်ရေးနှင့် ပတ်သက်၍ စက်တင်ဘာလ(၁၇)ရက်နေ့အထိ လက်ခံဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း စင်္ကာပူမြန်မာသံရုံးမှ အသိပေးထားသည်။
၂၀၁၅ခုနှစ် စက်တင်ဘာလ(၁၇)ရက်နေ့ ညနေ(၄)နာရီခွဲအချိန်ထိ နောက်ဆုံးထားကာ ကြိုတင်ဆန္ဒမဲ ပေးမည့်သူများ၏ ပုံစံ(၁၅)နှင့် နိုင်ငံကူးလက်မှတ်မိတ္တူတို့ကို စင်္ကာပူသံရုံးသို့ လူကိုယ်တိုင်သော် လည်းကောင်း၊ စာတိုက်မှ မှတ်ပုံတင်စာဖြင့်သော် လည်းကောင်း၊ ထို့အပြင် သံရုံး၏ သီးသန့် အီးမေးလ်ဖြစ်သည့် [email protected]သို့လည်း ပေးပို့နိုင်မှာ ဖြစ်ကြောင်း စက်တင်ဘာလ (၁၀)ရက်နေ့က အသိပေးကြေညာထားရှိသည်။
ပြည်ပနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် ကြိုတင်မဲထည့်တာနှင့် ပတ်သက်၍
ထို့အပြင် စင်္ကာပူရောက် မြန်မာနိုင်ငံသားများလည်း ပုံစံ(၁၅)တင်နိုင်ရေးအတွက် အောက်ပါ လိပ်စာများ၌လည်း ဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရသည်။
ကြိုတင်မဲပေးရန် ပုံစံ ၁၅ တင်နိုင်သည့် အခွင့်အလမ်းများ..
ပတ်စ်ပို့ မိတ္တူ (ဓါတ်ပုံပါသော ရှေ့စာမျက်နှာ) ပုံစံ ၁၅ နှင့် အတူပေးပို့ပါ၊
- ၁။ Peninsula Plaza တွင် စက်တင်ဘာလ (၁၀) ရက် မှ (၁၆)ရက်အထိ နေ့လယ် (၁)နာရီ -မှ- ည (၉) နာရီ အတွင်း ပေးပို့နိုင်သောနေရာ...
- ၁။ သဇင် Than Zin #05-36 Peninsula Plaza
- ၂။ ဓမ္မပန်းခင်း #05-56 (သဇင်နဲ့ မျက်နှာချင်းဆိုင်)
ပတ်စ်ပို့ မိတ္တူ (ဓါတ်ပုံပါသော ရှေ့စာမျက်နှာ) ပုံစံ ၁၅ နှင့်အတူပေးပို့ပါ၊
၂။ လူကိုယ်တိုင် ပေးပို့ရန်....
သံရုံး ဖွင့်ချိန်အတွင်း 17 Sept 2015, 4:30 PM နောက်ဆုံးထား ပေးပို့ပါ၊
.
၃။ စာတိုက်မှ Registration မှတ်ပုံတင်ကာ ပေးပို့ရန် (စက်တင်ဘာ ၁၅ ရက်နေ့ နောက်ဆုံးထား ပေးပို့ပါ)
Embassy Of The Republic Of The Union Of Myanmar
15, St. Martin'sDrive ,Singapore 257996
.
၎။ အီးမေးလ်မှတဆင့် ပေးပို့ရန်..
[email protected]
(လက်ခံ ရရှိကြောင်း အီးမေးလ် ပြန်စာ ရရှိမှသာ ပေးပို့မှု အောင်မြင်သည်ဟု သတ်မှတ်ပါ။)