နိုဝင်ဘာလ(၈)ရက်နေ့မှာ ကျင်းပပြုလုပ်မည့် ၂၀၁၅ ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒ ထည့်လိုသူများထဲမှ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)မရှိသူများ၊ ရက်ပေါင်း (၁၈၀) အထက် ဧည့်စာရင်းဖြင့် အနေကြာသူများအနေဖြင့် လွှတ်တော်ရွေးကောက်ပွဲ မဲစာရင်းတွင် အမည် ထည့်သွင်းပေးရန် တောင်းဆိုလွှာဖြစ်သည့် ပုံစံ (၃-က)တွင် ဖြည့်စွက်ကာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ယနေ့ စက်တင်ဘာလ(၁၂)ရက်မှစ၍ ၂၀၁၅ခုနှစ် အောက်တိုဘာလ(၁၀)ရက်နေ့ နောက်ဆုံးထားကာ လျှောက်ထားနိုင်မှာဖြစ်ကြောင်း သိရသည်။
ထိုသို့လျှောက်ထားနိုင်ရန်အတွက် တာချီလိတ်မြို့ရှိ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ညဘက်တွင်မဟုတ်ဘဲ၊ နေ့ဘက်တွင်လည်း ရုံးဖွင့်လှစ်ကာ ဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရသည်။