အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုသည့် အနေဖြင့် တာချီလိတ်ခရိုင်အတွင်းရှိ ရဲတပ်ဖွဲ့ဝင် အရာရှိ၊ တပ်သား စုစုပေါင်း (၃၂)ဦးမှ တာချီလိတ် ပြည်သူ့ဆေးရုံ၌ သွေးလှူဒါန်းမှုကို ယနေ့ စက်တင်ဘာလ(၂၇)ရက် နံနက်(၉)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာတွင် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှ အရာရှိ တပ်သား (၁၈)ဦး နှင့် တာချီလိတ် ရေကြောင်းရဲတပ်ဖွဲ့မှ (၁၄)ဦး စုစုပေါင်း (၃၂)ဦး သွေးလှူဒါန်းကြရာ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးလှမင်း အားပေးစကား ပြောကြားပြီး အားဖြည့်ဓါတ်စာအဖြစ် အာဟာရများ ပေးဝေသည်။
တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှ အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် ပြီးတဲ့သည့် ရက်က ပြည်သူ့ဆေးရုံအတွင်း မြက်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် အတူ သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးတွင် အောက်တိုဘာ(၁)ရက်နေ့၌ ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရသည်။