မြန်မာနိုင်ငံအတွင်း တစ်ချိန်က အသုံးပြုခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံ ပါရှိသည့် (၂၅)ကျပ်တန်၊ (၃၅)ကျပ်တန် နှင့် (၇၅)ကျပ်တန်တို့ကို တရားဝင်ငွေအဖြစ်မှ ရပ်စဲခြင်းအဖြစ် သိမ်းဆည်းခဲ့သည်မှာ ယနေ့ ၂၀၁၅ခုနှစ် စက်တင်ဘာလ(၅)ရက်နေ့ဆိုလျှင် (၂၈)နှစ်တိတိ ပြည့်ပြီဖြစ်ကြောင်း ယင်း အမိန့်ကြေညာစာအရ သိရသည်။
ယင်းအမိန့်ကြေညာစာတွင် "ပြည်ထောင်စု မြန်မာနိုင်ငံဘဏ်မှ ထုတ်ဝေထားသော ၂၅ကျပ်(နှစ်ဆယ့်ငါးကျပ်)၊ ၃၅ကျပ်(သုံးဆယ်ငါးကျပ်) နှင့် ၇၅ကျပ်(ခုနှစ်ဆယ့်ငါးကျပ်)တန် ငွေစက္ကူများကို ဤအမိန့်ထုတ်ပြန်သည့် ၁၃၄၉ခု တော်သလင်းလဆန်း(၁၃)ရက်၊ ၁၉၈၇ခု၊ စက်တင်ဘာလ ၅ရက်၊ စနေနေ့ နံနက် ၁၁း၀၀ နာရီအချိန်မှစ၍ တရားဝင် ငွေအဖြစ်မှ ရပ်စဲလိုက်သည်။"ဟု ရေးသားကာ အမိန့်ထုတ်ပြန်ထားတာကို တွေ့ရှိရသည်။
အမိန့်စာထုတ်ပြန်လိုက်သည့် နေ့သည် ၁၉၈၇ခုနှစ် စက်တင်ဘာလ(၅)ရက်နေ့ စနေနေ့ဖြစ်ပြီး ယခု (၂၈)နှစ်ပြည့်သည့် ယနေ့ ၂၀၁၅ခုနှစ် စက်တင်ဘာလ(၅)ရက်သည်လည်း စနေနေ့ဖြစ်သည်။