တရားမ၀င် ရွှေ့ပြောင်း မြန်မာအလုပ်သမားများအား ဖမ်းဆီးကာ မြန်မာသို့ ပြန်ပို့

တရားမ၀င် ရွှေ့ပြောင်း မြန်မာအလုပ်သမားများအား ဖမ်းဆီးကာ မြန်မာသို့ ပြန်ပို့
စက်တင်ဘာ 6, 2015
By Tachileik News Agency

ထိုင်းနိုင်ငံအတွင်း တရားမ၀င်ရောက်ရှိပြီး အလုပ်လုပ်ကိုင်နေသည့် တရားမ၀င် ရွှေ့ပြောင်း မြန်မာအလုပ်သမားများကို ဖမ်းဆီးအရေးယူကာ မြန်မာဘက်သို့ ပြန်လည်လွှဲပြောင်းလာလျက်ရှိရာ စက်တင်ဘာလ၏ ပထမအပတ်အတွင်း (၃၉)ဦးကို မြန်မာနိုင်ငံ တာချီလိတ်သို့ ပြန်လည်လွှဲပြောင်းလာကြောင်း သိရသည်။

စက်တင်ဘာလ(၅)ရက်နေ့ နံနက်(၉)နာရီခွဲအချိန်က ပြန်လည်၍ လွှဲပြောင်းလာရာတွင် ရှမ်းပြည်နယ် အရှေ့ပိုင်းမှ အမျိုးသမီး(၃)ဦး၊ ရှမ်းပြည်နယ်တောင်ပိုင်းမှ အမျိုးသား(၄)ဦး နှင့် အမျိုးသမီး (၁)ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှ အမျိုးသား(၁)ဦး နှင့် အမျိုးသမီး(၁)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ အမျိုးသား(၁)ဦး နှင့် မန္တလေးတိုင်းဒေသကြီးတို့မှ အမျိုးသား(၁)ဦး စုစုပေါင်း (၁၂)ဦး ပါဝင်ကြောင်း သိရသည်။

ထိုအတူ စက်တင်ဘာလ(၄)ရက်နေ့က အမျိုးသား(၂၃)ဦး နှင့် အမျိုးသမီး (၄)ဦး စုစုပေါင်း (၂၇)ဦးကို လွှဲပြောင်းလာခဲ့ရာ မြန်မာဘက်မှ တာဝန်ရှိသူများက လွှဲပြောင်းမှုကို လက်ခံခဲ့ကြသည်။

ထိုင်းနိုင်ငံမှ တရားမ၀င် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများအား နေ့စဉ်ဖမ်းဆီးက ၎င်းတို့ သတ်မှတ်ရက်အတိုင်း အရေးယူပြီး ယခုလို မြန်မာဘက်သို့ တရားဝင်ပြန်လည် လွှဲပြောင်းလာလေ့ရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~