တာချီလိတ်မြို့နယ်၏ ပြည်နယ်လွှတ်တော် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါ်စိုးဥမ္မာမှ မဲဆွယ်စည်းရုံးရေး ဆိုင်းဘုတ်စိုက်ထူ

တာချီလိတ်မြို့နယ်၏ ပြည်နယ်လွှတ်တော် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါ်စိုးဥမ္မာမှ မဲဆွယ်စည်းရုံးရေး ဆိုင်းဘုတ်စိုက်ထူ
စက်တင်ဘာ 12, 2015
By Tachileik News Agency

၂၀၁၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၏ တာချီလိတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)တွင် ပြည်နယ်လွှတ်တော်၌ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် ဒေါ်စိုးဥမ္မာမှ မဲဆွယ်စည်းရုံးရေး ပိုစတာကို ၎င်း၏နေအိမ်ရုံးတွင် ယနေ့ ၂၀၁၅ခုနှစ် စက်တင်ဘာလ(၁၂)ရက် နံနက်ပိုင်းက စိုက်ထူဖွင့်ပွဲရာ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် အားပေးကြသည်။

မဲဆွယ်စည်းရုံးရေး ဆိုင်းဘုတ်အား ဖွင့်လှစ်ရာတွင် တစ်သီးပုဂ္ဂလ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်စိုးဥမ္မာကိုယ်တိုင် ဖွင့်လှစ်ပြီးနောက် ယင်းဖွင့်ပွဲသို့ တက်ရောက်လာသည့် ရှမ်း(ရှေ့)သတ္တုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမြင့်ဦး(မုတ်ဆိတ်)၊ ရှမ်း(ရှေ့)သတ္တုလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးတင်နွယ်၊ မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေ၊ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်သန်းမူတို့မှ အားပေးချီးမြောက်စကား ပြောကြားပေးသည်။

တက်ရောက်လာသည့် ဧည့်သည်များအား အကျွေးအမွေးဖြင့် ဧည့်ခံပြီး မဲဆွယ်မှု လက်ကမ်းစာရွက်များ၊ အလံငယ်များအား ဒေါ်စိုးဥမ္မာမှ ဖြန့်ဝေပေးသည်။

တာချီလိတ်ခရိုင်အတွင်း၌ ၂၀၁၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသို့ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပါတီပေါင်း (၈)ခုမှ ၀င်ရောက်ယှဉ်ပြိုင်သူ (၆၃)ဦးနှင့် ယခု တစ်သီးပုဂ္ဂလအပါဆိုလျှင် (၆၄)ဦးရှိပြီး တာချီလိတ်ခရိုင်အတွင်း၌ တစ်သီးပုဂ္ဂလအဖြစ် ၀င်ရောက်ယှဉ်ပြိုင်သူမှာ တာချီလိတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၏ ပြည်နယ်လွှတ်တော်၌ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဒေါ်စိုးဥမ္မာ တစ်ဦးသာရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~ ကြော်ငြာ ~~~~~~~~~