ဝိန်းကျောက်အပေါင်ဆိုင်အား ကြမ်းခင်းဈေး ကျပ်(၁၀)သိန်းဖြင့် လေလံတင်ရောင်းချရာ ကျပ်(၁၁)သိန်းဖြင့် ၀ယ်ယူသွား

ဝိန်းကျောက်အပေါင်ဆိုင်အား ကြမ်းခင်းဈေး ကျပ်(၁၀)သိန်းဖြင့် လေလံတင်ရောင်းချရာ ကျပ်(၁၁)သိန်းဖြင့် ၀ယ်ယူသွား
သြဂုတ် 31, 2015
By Tachileik News Agency

၂၀၁၅ - ၂၀၁၆ခု ဘဏ္ဍာရေးနှစ် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ အရပ်ရပ် အခွင့်အရေး လိုင်စင်များ လေလံတင်ရောင်းချမှုအဖြစ် တာချီလိတ်မြို့၊ ၀ိန်းကျောက်ရပ်ကွက်ရှိ ၀ိန်းကျောက်အပေါင်ဆိုင်အား ကြမ်းခင်းဈေး (၁၀)သိန်းကျပ်ဖြင့် ယနေ့ သြဂုတ်လ(၃၁)ရက် နံနက်(၁၀)နာရီအချိန်က တာချီလိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီရုံးတွင် လေလံတင်ရောင်းချရာ ဦးဇော်ဇော်မှ ကျပ်(၁၁)သိန်းတိတိဖြင့် လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိသွားသည်။

ယင်းလေလံတင်ရောင်းချခြင်း အခမ်းအနားတွင် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးစိုင်းကျော်ဇံ နှင့် အတွင်းရေးမှူး ဦးကျော်ဇင် အပါအ၀င် ကော်မတီဝင်များ၊ စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများအပြင် ပြည်နယ်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ငြိမ်းတို့ တက်ရောက်ပြီး လေလံတင်ရောင်းချမှုနှင့် ပတ်သက်၍ တာဝန်ရှိသူများက ရှင်းလင်းပြောကြားကြသည်။

အပေါင်ဆိုင်လုပ်ငန်းနှင့် ပတ်သက်၍ လိုက်နာရန် စည်းမျဉ်းစည်းကမ်းများနှင့် ဆောင်ရန် ရှောင်ရန်များကို မြို့နယ်စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဦးကျော်ဇင်က ဖတ်ကြား ရှင်းလင်း ပြောကြားကြောင်းနှင့် ၀ိန်းကျောက်အပေါင်ဆိုင်အား ကျပ်(၁၁)သိန်းတိတိဖြင့် လုပ်ငန်းလုပ်ကိုင်ခွင့် ရရှိသွားသော ဦးဇော်ဇော်သည် ယင်းလုပ်ငန်းအား ယခုနှစ်တွင် ပထမဦးဆုံး စတင် လုပ်ကိုင်တာဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~ ကြော်ငြာ ~~~~~~