မြန်မာ - ထိုင်း နယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံဘက်တွင် ရောက်ရှိနေသော တရားမ၀င် မြန်မာအလုပ်သမား (၂၃)ဦးအား ဖမ်းဆီးကာ ယနေ့ သြဂုတ်လ(၁၉)ရက်နေ့ နေ့လည်ပိုင်းက ပြန်လည် လွှဲအပ်လာကြောင်း သိရသည်။
ထိုသို့ လွှဲပြောင်းမှုထဲတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းမှ အမျိုးသား(၂)ဦး၊ ရှမ်းပြည်နယ်တောင်ပိုင်းမှ အမျိုးသား (၅)ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှ အမျိုးသား (၁)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ အမျိုးသား(၁၄)ဦး နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ အမျိုးသား (၁)ဦး စုစုပေါင်း အမျိုးသား(၂၃)ဦး ပါဝင်ကြောင်း သိရသည်။
"အခု ဖမ်းခံရတဲ့ အထဲမှာ လိမ္မော်ခြံကလည်း ပါတယ်၊ ပြောင်းဖူးခြံကလည်း ပါတယ်၊ ပန်းရံလုပ်တဲ့ သူတွေလည်း ပါတယ်၊ ဒီအဖွဲ့ထဲကနေ ကျန်ခဲ့တဲ့ အမျိုးသမီး (၄)ဦးကိုလည်း နက်ဖြန် လာပို့အုံးမယ်လို့ ပြောတယ်..."ဟု ကိုငယ်မှ ပြောပြသည်။
ထိုင်းနိုင်ငံအတွင်း တရားမ၀င် နည်းလမ်းများဖြင့် သွားရောက် လုပ်ကိုင်နေသော ရွှေ့ပြောင်း မြန်မာအလုပ်သမားများအား ထိုင်းလ၀က နှင့် ထိုင်းရဲများက ဖမ်းဆီးက အပတ်စဉ်တိုင်း လူဦးရေများသလို မကြာခဏ တာချီလိတ်ဘက်သို့ လွှဲပြောင်းလာလေ့ရှိကြောင်း သိရသည်။