တရားမ၀င် ရွှေ့ပြောင်း မြန်မာအလုပ်သမားများကို အဆက်မပြတ် ဖမ်းဆီးကာ မြန်မာဘက်သို့ လွှဲပြောင်း

တရားမ၀င် ရွှေ့ပြောင်း မြန်မာအလုပ်သမားများကို အဆက်မပြတ် ဖမ်းဆီးကာ မြန်မာဘက်သို့ လွှဲပြောင်း
သြဂုတ် 20, 2015
By Tachileik News Agency

ထိုင်းနိုင်ငံအတွင်းသို့ နည်းမျိုးစုံဖြင့် သွားရောက်ပြီး အလုပ် လုပ်ကိုင်နေကြသော တရားမ၀င် ရွှေ့ပြောင်း မြန်မာအလုပ်သမားများအား ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့နှင့် ထိုင်းရဲတပ်ဖွဲ့မှ စိစစ်ကာ ဖမ်းဆီးပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ဆောင်လျက်ရှိရာ ယနေ့ သြဂုတ်လ(၂၀)ရက် နေ့လည်ပိုင်းတွင် တရားမ၀င် ရွှေ့ပြောင်း အလုပ်သမား မြန်မာနိုင်ငံသား (၂၂)ဦးအား လွှဲပြောင်းလာကြောင်း သိရသည်။

"အခု ဖမ်းပြီး ပြန်ပို့တဲ့ အထဲမှာ ပြောင်းဖူးခြံက အလုပ်သမားတွေပါတယ်၊ ပန်းရံလုပ်နေတဲ့ အလုပ်သမားတွေလည်း ပါတယ်၊ အထောက်အထား မပြည့်စုံဘဲ အလုပ်ကနေ တာချီလိတ်ကို ပြန်လာကြပြီး လမ်းမှာ အဖမ်းခံရတဲ့ သူတွေလည်းပါတယ်၊ အခု မယ်ဆိုင် လ၀က အချုပ်ထဲမှာ တာချီလိတ်ဘက်ကို ပြန်လွှဲဖို့ အယောက်(၂၀)လောက် ရှိသေးတယ်လို့ ပြောတယ်.."ဟု မြန်မာဘက်မှ တာဝန်ရှိသူ တစ်ဦးမှာ ပြောပြသည်။

ထိုသို့ လွှဲပြောင်းလာရာတွင် ရှမ်းပြည်နယ် အရှေ့ပိုင်းမှ အမျိုးသား (၆)ဦး၊ ရှမ်းပြည်နယ် တောင်ပိုင်းမှ အမျိုးသား(၃)ဦး နှင့် အမျိုးသမီး(၇)ဦး၊ ရှမ်းပြည်နယ် မြောက်ပိုင်းမှ အမျိုးသား(၁)ဦး နှင့် အမျိုးသမီး (၁)ဦး အပြင် မန္တလေးတိုင်းဒေသကြီးမှ အမျိုးသမီး(၂)ဦး စသည်တို့ဖြင့် စုစုပေါင်း (၂၂)ဦး ပါဝင်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~ကြော်ငြာ ~~~~~~~