(ဓါတ်ပုံ) တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ကျေးရွာများအတွင်း ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးမှု မြင်ကွင်း

(ဓါတ်ပုံ) တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ကျေးရွာများအတွင်း ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးမှု မြင်ကွင်း
သြဂုတ် 7, 2015
By Tachileik News Agency

သြဂုတ်လ(၄)ရက်နေ့က တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ရှိ ကျေးရွာများတွင် ရေကြီးရေလျှံမှုကြောင့် နေအိမ်များရေနှင့်အတူ မျောပါသွားခြင်း၊ နေအိမ်များသို့ သစ်လုံး၊ သစ်တုံးများကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်အပြင် လမ်းတံတားများ ပျက်စီးခဲ့ရပြီး တပ်မတော် နှင့် ဒေသအုပ်ချုပ်ရေးဆိုင်ရာ ခရိုင်/မြို့နယ် အဆင့်ရှိ တာဝန်ရှိသူများ၊ ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် နိုင်ငံရေးပါတီများအပြင် ဒေသခံများဖြင့် စုပေါင်းကာ ကူညီဆောင်ရွက်ခဲ့ရကြောင်း သိရပြီး၊ ဆက်လက်၍လည်း ကူညီထောက်ပံ့မှုများ လိုအပ်နေလျက်ရှိကြောင်း သိရပြီး ယခု ဖော်ပြပါ ပုံများသည် ကျိုင်းလပ်မြို့အတွင်းရှိ ကျေးရွာများ၌ ရေကြီးရေလျှံမှုကြောင့် အိုးအိမ်၊လမ်းတံတားများ ပျက်စီးနေမှုပုံများပဲဖြစ်ပါသည်။

ဓါတ်ပုံ။  ။ ဇောင်းညီ

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net