ကျိုင်းတုံမြို့ နမ့်ခိင်ချောင်းအတွင်း ရေဘေးကြိုတင် ကာကွယ်

ကျိုင်းတုံမြို့ နမ့်ခိင်ချောင်းအတွင်း ရေဘေးကြိုတင် ကာကွယ်
သြဂုတ် 6, 2015
By Tachileik News Agency

ကျိုင်းတုံမြို့ နမ့်ခိင်ချောင်းအတွင်း ရေကြီးရေလျှံမှုကို ကြိုတင်ကာကွယ်ရေးအတွက် ကျိုင်းတုံတပ်နယ်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ ဒေသခံပြည်သူများဖြင့် ပူးပေါင်းကာ သဲအိတ်များဖြင့် ရေတားဆီးမှုအဖြစ် သြဂုတ်လ(၅)ရက်နေ့မှ ယနေ့ သြဂုတ်လ(၆)ရက်နေ့အထိ ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။


"ရွာထဲ၊ လယ်ထဲတွေကို ရေတွေ မ၀င်အောင်လို့ ၀ါးကပ်တွေ၊ သစ်ကိုင်းတွေနဲ့ သဲအိတ်တွေကာပြီး ရေတားထားတာ၊ ရေနဲ့အတူမျောလာတဲ့ အမှိုက်တွေကိုလည်း ရှင်းလင်းဖယ်ရှားခဲ့ပါတယ်.."ဟု မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက ပြောပြသည်။
"တပ်ကတော့ အရာရှိ စစ်သည် တစ်ရာကျော်တယ်၊ မီးသတ်ကတော့ အင်အား(၂၅)ဦးနဲ့ သက်ဆိုင်ရာတွေအပြင် ဒေသခံတွေလည်း ပါဝင်တယ်လို့ သိရတယ်၊ အခုလို ကြိုတင် ဆောင်ရွက်ထားတာ ကောင်းပါတယ်၊ တကယ်တမ်းဖြစ်လာရင် ဆုံးရှုံးမှု လျော့နည်းစေတာပေါ့.."ဟု ဒေသခံတစ်ဦးက ပြောသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ရေကြီးရေလျှံမှုအဖြစ် တာချီလိတ်၊ မိုင်းယောင်း၊ မိုင်းတုံ၊ ကျိုင်းလပ်၊ မိုင်းလား၊ နှင့် ဒေသတွင်းရှိ မြို့ငယ်များတွင်လည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~