ကျိုင်းလပ်ရေဘေးသင့် ပြည်သူများအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လှူဒါန်း

ကျိုင်းလပ်ရေဘေးသင့် ပြည်သူများအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လှူဒါန်း
သြဂုတ် 10, 2015
By Tachileik News Agency

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ ကျိုင်းလပ်မြို့ရှိ ကျေးရွာများတွင် သြဂုတ်လ(၄)ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် နေအိမ်များ ရေနှင့်အတူ မျောပါသွားခြင်း၊ နစ်မြုပ်သွားခြင်းနှင့် ယိုင်သွားခြင်း စသည့် ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရာနေရာများရှိ ရေဘေးသင့် ပြည်သူများအတွက် ရှမ်းပြည်နယ်ရုံးခွဲ (ကျိုင်းတုံ)ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် ခရိုင်/မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ စုပေါင်းကာ ထောက်ပံ့ပစ္စည်းများကို ယနေ့ သြဂုတ်လ(၁၀)ရက် နံနက်(၁၀)နာရီအချိန်က တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ လာရောက် လှူဒါန်းကြောင်း သိရသည်။

ထိုသို့ လာရောက်လှူဒါန်းရာတွင် တန်ဖိုးငွေကျပ်(၆)သိန်းခွဲရှိသည့် ဆန်အိတ်(၂၀) နှင့် ဆီ(၁၂)ဗူးအပါ (၁၀)ဖာကို ပြည်နယ် ရုံးခွဲ (ကျိုင်းတုံ) ကျေးလက်ဦးစီးဌာနမှ ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးအောင် နှင့် ခရိုင်/မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူတို့က တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းထံ ပေးအပ်လှူဒါန်းရာ ၎င်းမှ ရေဘေးသင့်ပြည်သူများကိုယ်စား လက်ခံယူသည်။

တာချီိလိတ်ခရိုင် ရေဘေးသင့် ပြည်သူများအတွက် စေတနာရှင် အလှူရှင်များအနေဖြင့် တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံး နှင့် တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံး တို့တွင် လာရောက်၍ လှူဒါန်းနိုင်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~