ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်မြို့ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၏ အခြေခံအိမ်တွင်းမှု သင်တန်း အမှတ်စဉ်(၇၁)နှင့် အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဉ် (၄၁) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ သြဂုတ်လ(၂၄)ရက်၊ နံနက်(၉)နာရီ က အဆိုပါ သင်တန်းကျောင်းရှိ ခန်းမဆောင်တွင် ကျင်းပ ပြုလုပ်ကြောင်းသိရသည်။
ဆက်လက်၍ ၎င်းမှ "သင်ကြားတတ်မြောက်သည့် အသက်မွေး ၀မ်းကျောင်းပညာရပ်များဖြင့် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်း ထူထောင် နိုင်သည်အထိ ကူညီဆောင်ရွက်ရန်၊ ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နိုင်ခြင်းဖြင့် စားဝတ်နေရေး ဘက်စုံ တိုးတက်ပြီး လူနေမှု အဆင့်အတန်းမြင့်မား လာစေရန်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို စောင့်ထိန်းပြီး အကျင့်စာရိတ္တ ကောင်းမွန် သည့် အမျိုးသမီးများ ဖြစ်လာစေရန်၊ တိုင်းချစ်၊ပြည်ချစ်၊ အမျိုးချစ်စိတ်အစဉ်ရှင်သန်ထက်မြက်နေသည့် အမျိုးသမီး လေးများဖြစ်လာစေရန်၊ ရိုးရာယဉ်ကျေးမှု အိမ်တွင်းမှု အတတ်ပညာများ ပိုမိုထွန်းကား ပြန့်ပွားလာစေရန် ဟူသော ကောင်းမွန်သည့် ရည်ရွယ်ချက်များဖြင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာသင်တန်းကျောင်းများကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်း ရည်ရွယ်ချက်များနဲ့အညီ မိမိတို့နေရပ်ဒေသပြန်လည်ရောက်ရှိသည့်အခါ ပြန်လည် အသုံးချသွားနိုင်သည်အထိ သင်ကြားလေ့ကျင့်ပေးကြရန်.." သင်တန်းအဖွင့် အမှာစကားတွင် ပြောကြားသည်။
အဆိုပါသင်တန်းသို့ ခရိုင်အတွင်းရှိ တာချီလိတ်၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ တာလေ၊ ကျိုင်းလပ် မြို့နယ်များမှ သင်တန်းသူ(၃၅)ဦး တက်ရောက်မည်ဖြစ်ပြီး ၊ သင်တန်းကာလမှာ ရက်သတ္တပတ်(၁၄)ပတ်ကြာ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
သတင်း။ ။ ဝေယံလင်း