တာချီလိတ်ဒေသခံများ လှူဒါန်းထားသည့် ရေဘေးထောက်ပံ့ပစ္စည်းများကို ကျိုင်းလပ်သို့ ပထမဦးဆုံး ၀မ်ပုံဆိပ်ကမ်းမှတဆင့် ပို့ဆောင် ထောက်ပံ့

တာချီလိတ်ဒေသခံများ လှူဒါန်းထားသည့် ရေဘေးထောက်ပံ့ပစ္စည်းများကို ကျိုင်းလပ်သို့ ပထမဦးဆုံး ၀မ်ပုံဆိပ်ကမ်းမှတဆင့် ပို့ဆောင် ထောက်ပံ့
သြဂုတ် 5, 2015
By Tachileik News Agency

ယနေ့ သြဂုတ်လ(၅)ရက် နံနက်ပိုင်းတွင် တာချီလိတ်ခရိုင် ကျိုင်းလပ်ရေးဘေး အတွက် တာချီလိတ်မြို့ ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက်၊ ဗယ်လင်တိုင်း(ကဖေးနှင့်အအေး)စားသောက်ဆိုင်နှင့် သူရိယသင်္ကန်းတိုက်တို့တွင် အလှူခံထားရှိသည့် ရေဘေးထောက်ပံ့ပစ္စည်းများထဲမှ လိုအပ်သည့် ထောက်ပံ့ပစ္စည်းများကို ဝမ်ပုံဆိပ်ကမ်းမှ တဆင့်သွားရောက် ပို့ဆောင်ပေးနေကြောင်း သိရသည်။

ထိုသို့ သွားရောက် ပို့ဆောင်ရာတွင် တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် အဖွဲ့မှ ဦးဆောင်ကာ ခရိုင် နှင့် ရေကြောင်း ရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ အလှူခံပေးသည့် အဖွဲ့များနှင့် တာဝန်ရှိသူများမှ စုပေါင်းကာ ပို့ဆောင်ကြောင်း သိရသည်။

သြဂုတ်လ(၄)ရက်နေ့ တာချီလိတ်မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း ဦးဆောင်သည့်  တပ်မြေခံတပ်၊ ရဲတပ်ဖွဲ့၊ မီးသတ်/ကြက်ခြေနီအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ နှင့် နိုင်ငံရေးပါတီများ စသည့် ပူးပေါင်းအဖွဲ့တို့မှ ရှေ့ပြေးသွားရောက်ကာ ကူညီဆောင်ရွက်ပေးနေကြောင်းလည်း သိရသည်။

တာချီလိတ်မြို့တွင် မြန်မာပြည်အတွင်း ဖြစ်ပေါ်နေသော ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့နိုင်ရန် ငွေတောင်ဦး ကမ္မဋ္ဌာန်းကျောင်းတိုက်၊ ဗယ်လင်တိုင်း(ကဖေးနှင့်အအေး)စားသောက်ဆိုင်နှင့် သူရိယသင်္ကန်းတိုက်၊ ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတို့တွင် အလှူခံဌာနများ ဖွင့်လှစ်ထားရှိရာ လတ်တလောတွင် မိမိတို့ ဒေသဖြစ်သည့် ကျိုင်းလပ်တွင် ရေကြီးရေလျှံမှုမှာ ဆိုးဝါးစွာ ဖြစ်ပေါ်နေသည့်အတွက် ပထမဦးစားပေးအနေဖြင့် ထောက်ပံ့ သွားမှာဖြစ်ကြောင်းနှင့် မကွေးတိုင်း နှင့် စစ်ကိုင်းတိုင်းဒေသကြီးသို့ လည်း သွားရောက် ထောက်ပံ့ရန်အတွက် စီစဉ်ထားရှိပြီးကြောင်းအပြင် အဆိုပါ တိုင်းဒေသကြီးသို့ သြဂုတ်လ(၉)ရက်နေ့တွင် သွားရောက်မှာ ဖြစ်ကြောင်း သိရှိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~