ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့မှ တာချီလိတ်၌ ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသော အာဇာနည် ခေါင်းဆောင်ကြီးများအား ရည်စူးကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့မှ တာချီလိတ်၌ ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသော အာဇာနည် ခေါင်းဆောင်ကြီးများအား ရည်စူးကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်
ဇူလိုင် 19, 2015
By Tachileik News Agency

ယနေ့ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်သည့် (၆၈)နှစ်မြောက် အာဇာနည်နေ့၌  ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ် နှင့် ၀န်ကြီးများသည် တာချီလိတ်မြို့ မဟာမြတ်မုနိ ဘုရားကြီးကျောင်းတိုက်၌ ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသော အာဇာနည် ခေါင်းဆောင်ကြီးများအား ရည်စူးကာ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှအတန်းပေးဝေခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ် နှင့် ပြည်နယ်ဝန်ကြီးများသည့် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်း၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင် ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်း၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်စိုက်ပျိုး မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူနှင့် ပြည်နယ်အစိုးရအဖွဲ့မှ တာချီလိတ်မြို့ မဟာမြတ်မုနိ ဘုရားကြီးကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော်ဘုရားကြီး အဂ္ဂမဟာ သဒ္ဓမ္မဇောတိကတဇ ဘဒ္ဒန္တပညာသာမိ နှင့် သံဃာတော်အရှင်သူမြတ်များ နှင့် သာမဏေများကို ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသော အာဇာနည် ခေါင်းဆောင်ကြီးများအား ရည်စူး၍ လှူဒါန်းခဲ့ကြတာ ဖြစ်ကြောင်း သိရသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျိုင်းတုံမြို့သို့ ဇူလိုင်လ(၁၈)ရက်နေ့က ရောက်ရှိလာပြီးနောက်၊ ဇူလိုင်လ(၁၉)ရက် နံနက်ပိုင်းတွင် တာချီလိတ်သို့ ရောက်ရှိလာကာ ယခုလို ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသော အာဇာနည် ခေါင်းဆောင်ကြီးများအား ရည်စူး၍ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြပြီး နေ့လည်ပိုင်းတွင် အောင်မြတ်ခန်းမ၌ လူထုတွေ့ဆုံပွဲအား ဆက်လက်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ဓါတ်ပုံ။  ။ ကောင်းဆက်လင်း(ဓါတ်ပုံ၊ဗီဒီယို)
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~