တာချီလိတ်မြို့နယ်တွင် မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေး ( TSDP ) အစီအစဉ်အရ ကျင်းပပြုလုပ်သော တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး(ဖလား) အလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့ ၂၀၁၅ခုနှစ် ဇူလိုင်လ (၂၅)ရက် နံနက်(၈း၃၀)နာရီအချိန်မှစ၍ စတင်ကျင်းပပြုလုပ် ယှဉ်ပြိုင်နေပြီး ယင်းပြိုင်ပွဲအား သြဂုတ်လ(၃)ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲ၏ အုပ်စု(က)တွင် ဆန်ဆိုင်း(က)၊ တာလော့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ နှင့် မယ်ဆိုင်မြန်မာ၊ အုပ်စု(ခ)တွင် အရှေ့ပိုင်း ကျား (၃)၊ အရှေ့ပိုင်း ကျား (၁)၊ မောနင်းပွိုင့်(၁) နှင့် မိုင်းကိုး ပိုက်ကျော်ခြင်းအဖွဲ့တို့ ပါဝင်သည်။
အုပ်စု(ဂ)တွင် ရန်အောင်မြေ၊ အာခါလူငယ်၊ မောနင်းပွိုင့်(၂) နှင့် ၀မ်ကောင်းလူငယ်၊ အုပ်စု(ဃ)တွင် ဖန်မင်၊ ဧဒင်သဲကျောက်လုပ်ငန်း(က)၊ အလူရာလူငယ် နှင့် မိုင်းဖုန်း(က) ပိုက်ကျော်ခြင်းအဖွဲ့တို့ ပါဝင်သည်။
အုပ်စု(ဆ)တွင် ဆန်ဆိုင်း(ခ)၊ ဧဒင်သဲကျောက် လုပ်ငန်း(ခ)၊ ပုန်းထွန် နှင့် ၀မ်လုံး တို့ပါဝင်ပြီး အုပ်စု(ဇ)တွင် ထီလာလူငယ်၊ ၀ိန်းကျောက်၊ တိုင်းရင်းသားလူငယ်(က) နှင့် လွယ်တော်ခမ်း ပိုက်ကျော်ခြင်းအဖွဲ့တို့ ပါဝင်သည်။
ယခု ကျင်းပသည့် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး(ဖလား) အလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲတွင် တာချီလိတ်မြို့နယ်အတွင်းရှိ ပိုက်ကျော်ခြင်းအားကစား ၀ါသနာရှင် အသင်းအဖွဲ့ စုစုပေါင်း (၃၂)ဖွဲ့ ပါဝင်ကြောင်းနှင့် ဆုပေးပွဲကို သြဂုတ်လ(၃)ရက်နေ့တွင် ပြိုင်ပွဲကျင်းပသည့် တာချီလိတ်ခရိုင် မိုးလုံလေလုံ အားကစားခန်းမ၌ပင် ပေးအပ်ချီးမြှင့် သွားမှာ ဖြစ်ကြောင်း သိရသည်။