မန်းရတနာပုံ လေကြောင်းလိုင်း၏ ခရီးစဉ် အမှတ် 7Y-659ဖြင့် ဟဲဟိုး၊ မန္တလေးမြို့မှ တာချီလိတ်မြို့သို့ ၂၀၁၅ခုနှစ် ဇူလိုင်လ(၁၄)ရက်နေ့က စီးနင်းလိုက်ပါလာသော ခရီးသည်တစ်ဦး၏ ကျောက်စိမ်းရွှေလက်စွပ် တစ်ကွင်းသည် လေယာဉ်ခုံပေါ်တွင် ကျန်ရစ်ခဲ့သည့်အတွက် အထောက်အထားပြကာ မန်းရတနာပုံ လေကြောင်းလိုင်း၏ လက်မှတ်အရောင်းဌာနခွဲဖြစ်သည့် တာချီလိတ်ရုံးခွဲတွင် လာရောက် ထုတ်ယူနိုင်ကြောင်း တာချီလိတ်ရုံးခွဲမှ တဆင့် ပြောကြားလာသည်။
အဆိုပါခရီးသည် သည် လေယာဉ်ခုံအမှတ် C-4 တွင် လိုက်ပါလာတာဖြစ်ပြီး ခုံပေါ်တွင် ကျောက်စိမ်းလက်စွပ်တစ်ကွင်းကျန်နေခဲ့ရာ ပိုင်ရှင်အစစ်အမှန်အနေဖြင့် လက်စွပ်၏ ပမမဏ အရွယ်အစားနှင့် ပုံစံကို ပြောပြစေလိုပြီး Boarding pass နှင့် နိုင်ငံသားစိစစ်ရေးကတ်တို့ကို ပြသကာ အောက်ဖော်ပြပါ လိပ်စာမှ တဆင့် လာရောက်ထုတ်ယူနိုင်ကြောင်း သိရှိရသည်။
ဆက်သွယ်ရန်
အမှတ်(၁/၁၅၅)၊ ဌ/ဍ၊ ဗိုလ်ချုပ်လမ်း၊ အောင်ချမ်းသာတိုက်တန်း၊ ရှမ်းရိုးမကွင်းအရှေ့၊ တာချီလိတ်မြို့။
လေဆိပ်ဖုန်း
မြန်မာဖုန်း။ ။ 0931098181
ထိုင်းဖုန်း။ ။ 0888045879
ရုံးဖုန်း
မြန်မာဖုန်း။ ။ 084-53544၊ 084-53545၊ 09250343870၊
ထိုင်းဖုန်း။ ။ 0888045879
Facebook:။ ။ Mann Yadanarpon Airlines THL