မြန်မာ - ထိုင်း နယ်နိမိတ်ချောင်းဖြစ်သည့် မယ်ဆိုင်ချောင်းအတွင်း ဂရင်းဆိပ်တွင် ထိုင်းလယ်သမားများမှ ဇူလိုင်လ(၁၄)ရက်နေ့က ယာယီရေတားကို သဲအိတ်များဖြင့် ပြုလုပ်ခဲ့ပြီး၊ ယနေ့ ဇူလိုင်လ(၁၅)ရက်တွင် ဆက်လက်လုပ်ဆောင်ခြင်း မရှိတော့တာကို ယနေ့ နံနက်(၁၀)နာရီအချိန်တွင် ဖော်ပြပါ ပုံအတိုင်း တွေ့မြင်ရပါသည်။
ထိုင်းဘက်တွင် ဆက်လက်လုပ်ဆောင်ခြင်း ရှိမရှိကို မြန်မာဘက်ကမ်းမှလည်း တာဝန်ရှိသူများက စောင့်ကြည့်နေလျှက်ရှိကြောင်းနှင့် ထိုင်းဘက်မှ ယခုလို ယာယီရေတားပြုလုပ်မည့် အချိန်ကာလအား (၁၀)ရက် တောင်းဆိုထားပြီး ဇူလိုင်လ(၂၃)ရက်ကျော်လွန်ပါက ပယ်ဖျက်ရမည်ဖြစ်ကြောင်း သိရသည်။
ဓါတ်ပုံ။ ။ ရဲမြင့်ဦး